"အကြင်နာဆုံး မုဒိန်းမှု"
New Feed ရဲ့ ရသစုံအာရုံတွေကြား
ဟိုဆန်းသလား ဒီဆန်းသလား
ရှာဖွေ စူးစမ်း Save လုပ်
ဒီလိုနဲ့ပဲ နာရီတွေဈေးကျခဲ့ရတယ်..........။
မိန်းကလေးတစ်ယောက်က သူရဲ့ wall ပေါ်
ဟိုပေါ်ဒီပေါ် တင်ရင်
Cele ဖြစ်သတဲ့
အလို အလို တယ်ဆန်းပါ့လားဟ.........။
နှုတ်ခမ်းနီမလေးတွေ
Status ပေါ် မတော်တရော် Photo ထည့်လို့
တင်လိုက်မိတဲ့ Post တစ်ခုက
ဝေါ့.......ထွီ........
ယိုသူမရှက် မြင်သူရှက်
Share တွေကို ကြည့်မိတယ်
မီးတောက်တွေက ရဲလို့
Internet ဆိုတာ ဖာတန်းသာသာ.........။
တောက်........
ဒါလား မြန်မာမိန်းကလေး
ကိုယ့်လူမျိုးက ကိုယ့်ယဉ်ကျေးမှုကိုဖျတ်စီး
ဝတ်ခြံတွေပေါ် ဖုံးနေတဲ့မိတ်ကပ်တွေနဲ့
မာန်ကြွမနေစမ်းပါနဲ့
ရွံဖို့ကောင်းတယ်........။
မင်းတို့ လင်ဒါရူးတာမရူးတာခဏဘေးထား
မင်းတို့မာန တစ်ထစ်လောက်ချပြီး
သားဖွားခန်းက အမေ့ရဲ့ချွေးစက်တွေ
အရင်ဝင်သုတ်ပေးလိုက်ပါ
သူ့ခမျာ ရင်သွေးအတွက်
မချိမဆံ့ အော်နေရရှာတယ်.........။
New Feed က post တွေကို
ဟိုပွတ် ဒီပွတ်
မျက်လုံးတွေက ဝင်းလို့
ရမ္မက်တွေက ဆူပွက်
သားရီး ဒီစော်လေးရေလည်လန်းတယ်ဟ
တစ်နေ့ တစ်နေ့
ဒီအနိဌာရုံတွေကိုပဲ
ရှုကြည့် သြော်....ဒုက္ခ........။
အလှအပဆုံးစကားလုံးတွေနဲ့ ချုပ်
ရောရောင်ပြီး hi မိလိုက်တယ်
ပြန်လိုက်မိတဲ့ Reply
တင်လိုက်မိတဲ့ photo အတွက်
စပွန်ဆာတော့ ရမရမသိ
တကယ်ရသွားတာတော့ မပေါ့မပါး
သနားစရာ.......။
ကဲ ဒီတော့
ဒီကဗျာကို ဒီလိုပဲခေါင်းစဉ်ပေးလိုက်မယ်
အကြင်နာဆုံး မုဒိန်းမှုလို့...........။
သြော်.....ဒါနဲ့
ဒါ စောင်းပြောတာမဟုတ်ဖူးနော်
ဒဲ့ ရွံလို့ ဒဲ့ ပြောတာ
ဒါ မြန်မာအမျိုးသားတစ်ယောက်
ကဗျာ.........။
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Sep 30, 2017
အကြင်နာဆုံး မုဒိန်းမှု
Sep 29, 2017
"စတေးခဲ့သည်...သို့သော်"
"စတေးခဲ့သည် သို့သော်"
**********************
အိပ်မှုန်စုံးမွှားဖြစ်ခဲ့ရတဲ့ အသည်းတစ်ခြမ်းက
မိုးစက်တွေ ပတ်ဖြန်းလည်း
သူ မလန်းခဲ့.........။
လိပ်ပြာခြုံတဲ့ စောင်တစ်ထည်သာ
ရွက်ကြွေတွေရဲ့ တစ်ဖက်ခြမ်းမှာ..........။
ကျူးပစ်နဲ့ အတူ
အိပ်မက်ကမ္ဘာဆီ အလည်ရောက်ခဲ့တယ်
အဲ့ဒီနေ့က..........။
မက်မက်မောမော စုပ်ယူခဲ့တဲ့
ဓားသွားထက်က ပျားရည်စက်တိုင်းက
အဆိပ်သင့်နှုတ်ခမ်းပါးတစ်စုံအတွက်
အက်ကြောင်းရာတွေ ချန်ထားခဲ့တယ်..........။
သို့သော်.........။
လွမ်းခွင့်မရှိ
မေတ္တာတွေသာ
အသုံးချခံ သက်သက်.........။
အကြင်နာကင်းမဲ့နေတဲ့
သစ္စာတွေအတွက်
တေးသီငှက်ရဲ့ သာယာမှုတွေ
စတေးခဲ့သည်.........။
သို့သော်..........
အိပ်မက်က အိပ်မက်ပါပဲ
လန့်နှိုးခဲ့တဲ့ အတိတ်ရဲ့အရိပ်တွေတိုင်းအတွက်
အရာရာဟာ
မနေ့တစ်နေ့ကလိုပဲ.........။
အနာမကျတ်သေးတဲ့ ဒဏ်ရာဒဏ်ချက်တိုင်းဟာ
လှ...တ...ပ...တ..နဲ့...........။
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
Sep 28, 2017
"ဂျိုးဖြူငှက်လေး ပြန်လာပါ"
************************
အပြာရောင်ကောင်းကင်ထက်မှာ
ဂျိုးဖြူငှက်လေး အဝေးတစ်နေရာပျံသန်း
မလုံမလဲစိတ်နဲ့ မြေပြင်ငုံ့ကြည့်မိတော့
ပွင့်သစ်စ ပန်းကလေးတွေရဲ့ကြားက
အပြာရောင်ပေါ် ရေးခြယ်နေတဲ့အမဲစက်တွေ.......။
ကျောင်းစိမ်းအဖြူနဲ့ လွယ်အိတ်တွေကြား
ဒုက္ခတွေ ထမ်းပိုးလို့
ကြောက်တစ်ဝက် လန့်တစ်ဝက်
စိတ်မပူပါနဲ့အမေ
သား ကျောင်းဆင်းရင်
အိမ်တန်းပြန်လာမှာပါ........။
ငါ့အသွေး ငါ့အသား
ထိုးဖြတ်ယူဖို့ ပျံသန်းလာတဲ့
ကျည်ပွင့်တွေမှာ ငါ့ရဲ့အိမ်မက်တွေပါလာတယ်
ငါ့ရဲ့ ရည်မှန်းချက်တွေပါလာတယ်
ငါ့ရဲ့ အားအင်တွေပါလာတယ်...........။
လိပ်ပြာလေးတွေ မပျံသန်းနိုင်တော့တာ
ဘယ်သူ့ကြောင့်လဲ
ပန်းပွင့်တွေကြားက သွေးစွန်းရာတွေ
ခုချိန်ထိ မခြောက်သွေ့ခဲ့ဘူး.........။
ဂျိုးဖြူငှက်ကလေး ပြန်မလာသေးပေမယ့်
ဒုက္ခတွေ ဆေးဆိုးထားတဲ့ဘဝတွေအတွက်
နေရာတွေ အတည်တကျမရှိ
အိမ်ပြန်မဲ့လမ်းမှာတော့ သွေးကွက်တွေအပြည့်........။
အပြာရောင်ကောင်းကင်ယံက တောင်ပံခတ်သံတွေ
ကိုက်ချီလာမဲ့ စပါးနှံလေးတွေ
သူ ဘယ်အချိန်ရောက်လာမလဲ..........။
ဂျိုးဖြူငှက်ကလေးရေ
မင်း အတောင်ညောင်းတဲ့တစ်နေ့
ပြန်လှညိ့်လာခဲ့ပါ
အပြာရောင် ဆေးသားတွေနဲ့အတူ
စောင့်မျော်နေပါတယ်........။
အိပ်မက်တွေ ရိုက်ချိုးခံရတဲ့ညတွေအတွက်
မင်း ပြန်လာခဲ့ပါ..........။
မျော်လင့်ချက်တွေ စတေးခံထားရတဲ့
ဘဝတွေအတွက်
မင်း ပြန်လာခဲ့ပါ.........။
အနီရောင်တွေ လွှမ်းနေတဲ့
မြေထုတွေအတွက်
မင်း ပြန်လာခဲ့ပါ.........။
ငြိမ်းချမ်းခြင်းတွေအတွက် မင်းပြန်လာခဲ့ပါ
ဂျိုးဖြူငှက်လေးရယ်..........။
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
Sep 27, 2017
"သူငယ်ချင်း"
************
အမြင့်ဆုံးဆိုတဲ့ သစ်ပင်တောင်
တစ်ချိန်ကျ ခုတ်လှဲခြင်းခံခဲ့ရတာပဲ
အိမ်မှာမွေးထားတဲ့ ကြက်တူရွေးလေးက
စကားမပြောတက်သေးပေမယ့်
လူတွေရဲ့ကောက်ကျစ်မှုတွေ
မြင်နိုင်တယ်...........။
ရေမှာပျော်တဲ့ ပန်းဗေဒါတောင်
အချိုးအကွေ့တွေရဲ့တစ်နေရာရောက်ရင်
အခန့်မသင့် ခွဲခွာရသေးတာပဲ
ရေမျောကမ်းတင် ဘဝလောက်တော့
မခါးသီးခဲ့ပါဘူး.........။
တစ်ယောက်လက် တစ်ယောက်တွဲလို့
အတောင်ပံယှက် ပျံသန်းဖို့အားခဲကာမှ
တစ်ပဲလောက်တောင်မရှိတဲ့ ဖာထေးရာလေးက
လေဟုန်တွေကို ရိုက်ချိုးပစ်ခဲ့တယ်.......။
ထင်မှတ်မထားတဲ့အရာတွေက မထင်မှတ်ထားတဲ့အချိန်
ရင်ဘတ်ထဲစုပြုံဝင်ရောက်
ဒါဟာ ကံတရားရဲ့လှည့်ကွက်တစ်ခုတဲ့လား
တစ်ခါတစ်ခါကျ စဉ်းစားမိ
အုပ်စုဖွဲ့ပျံသန်းနေကြတဲ့ ငှက်ငယ်လေးတွေတောင်
မုန်တိုင်းအကျမှာ ခွဲခွာခဲ့ကြသေးတာပဲ.........။
ဒါပေမဲ့..........
ပိတ်အစအဖြူပေါ် ဆေးစက်ထင်တာတော့
နဲနဲ လွန်ရာကျနေတယ်ထင်တယ်
ကောက်သင်းကောက်ယူခဲ့တဲ့ သံယောဇဉ်တွေက
ဝယ်လက်တစ်ယောက်ထံမှာ မရှုမလှ
ဒီလိုနဲ့ပဲ ရိုးသားမှုတွေက
နိဂုံးချုပ် နှုတ်ဆက်ခွဲခွာခဲ့ကြတယ်
အိမ်အပြန်တေးတစ်ပုဒ်က နားဝင်မှာခါးသက်........။
သူ...မပြောလဲ ရင်မှာမောခဲ့ရတယ်
ကန်သင်းရိုးရဲ့ တစ်ဖက်က
ကျူပင်တွေအကြောင်း........။
ပြီးတော့
ကလေးဘဝက နားထောင်ခဲ့ဖူးတယ်
မင်းသားယောင်ဆောင်ထားတဲ့ ဘီလူးတွေအကြောင်း.........။
စာအုပ်ထဲမှာလည်း ဖတ်ခဲ့ရဖူးတယ်
သိုးရေခြုံထားတဲ့ ဝံပုလွေကြီးအကြောင်း
သူငယ်ချင်း.......
မျဉ်းပြိုင်တွေမှာ ဆုံမှတ်မရှိဘူးဆိုပေမယ့်
နေမဝင်အင်ပါယာသာ အသက်ဝင်ခဲ့မယ်ဆိုရင်
ငါတို့တွေရဲ့ နေ့ရက်တိုင်းမှာ
နေခြည်ဆန်းလို့ လန်းခဲ့မှာပါ
ခြေဖဝါးမှတော့ ခုံဖိနပ်စီးထားဖို့လိုမယ်မထင်ဘူး......
မင်းရဲ့ လက်သာ သန့်ရှင်းပါစေ
ဆူးမဲ့နှင်းဆီတွေက မင်းအတွက်
လက်အိတ်တော့ စွပ်မထားပါနဲ့
အခန့်မသင့်ရင် လျှောကျတက်တယ်.........။
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
Sep 26, 2017
February 14
"February 14"
***********
လောင်ကျွမ်းနေတဲ့
စိတ္တဇဆန်ဆန်ပုံရိပ်တွေ
ပြာကျခဲ့ရတဲ့နေ့
ကယောင်ကတန်း ဆုပ်ကိုင်ခဲ့ဖူးတဲ့
ချောကလက်အိပ်ခွံလေးတွေက ငိုညည်း........
မျော်လင့်ချက်မဲ့အကြည့်တွေရဲ့ ထောင့်တစ်နေရာ
ခိုကပ်နေတဲ့ ပင်လယ်ဒီရေလှိုင်းတွေ
စီးဆင်းရိုက်ခတ်ခဲ့ရတဲ့ နေ့
အေးခဲနေတဲ့ နားအစုံက
သမုဒ္ဒရာရဲ့ အလယ်ဗဟိုတည့်တည့်မှာ.........
မွကြေနေတဲ့ ဇာပဝါပါးလေးအောက်မှာ
စီးဆင်းနေတဲ့ သွေးကြောထောင်ပေါင်းများစွာ
ဖြတ်တောက်ခြင်း ခံခဲ့ရတဲ့နေ့
စုံလုံကန်းနေတဲ့ မျက်ဝန်းအစုံက
အိပ်စက်နေတဲ့ အခန်းနံရံတိုင်းမှာ
အမြဲ ရှိနေတက်တယ်..........
ရင်ဘတ်ခြင်း ရိုက်ခတ်သံတွေဆိတ်သုဉ်း
နှလုံးသားရဲ့ နံရံတိုင်းမှာ
တေးဆိုနေတဲ့ ငှက်ကလေးတွေ
အိပ်တန်းပြန်တဲ့ နေ့
မြတ်မြတ်နိုးနိုး ဖက်တွယ်ခဲ့တဲ့
ရေခဲအိုင်အလယ်က ကြာဖြူပွင့်ကလေး
တိတ်တဆိတ် ညိုးနွမ်းသွားခဲ့တယ်.........
ညဥ့်ရဲ့အော်သံတွေနဲ့
ကြေးမှုံပြင်ရဲ့ လှပခြင်းကို
ံလူသားတိုင်းရဲ့ နံရိုးမှာ
ရေးထိုးထားလိုက်တယ်........
အဲ့ဒီနေ့............
February 14
ဒါမှမဟုတ်
Valentime'Day
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
"ပျောက်ကွယ်စပြုနေသော"
"ပျောက်ကွယ်စပြုနေသော"
******************
ခါးသက်ပြင်းရှလွန်းတဲ့ ဝိုင်တစ်ခွက်ရဲ့
နှုတ်ခမ်းဖျား အစွန်းလေးပေါ်မှာ
ချုပ်တီးမိခဲ့တဲ့ ကိုယ့်ကျင့်သိက္ခာတွေအရည်ပျော်ကျ.........
ဒါဟာ ဘဝဆိုရင်
ငါရပ်တည်နေတဲ့ ဝန်ရိုးတွေပေါ်က
အိပ်မက်တွေဟာ ကစဥ့်ကလျားနဲ့
ပြန့်ကျဲနေတဲ့ ခံစားချက်အပိုင်းအစတွေကို
နှမျောတသ ကောက်ယူနမ်းရှိုက်မိတယ်
ဒါတွေက နေရာတိုင်းမှာရှိနေတယ်.........
နံရံတိုင်းမှာ နားရှိတယ်
မကောင်းတာလုပ်လည်း သူသိတယ်
ကောင်းတာလုပ်လဲ သူသိတယ်
အခိုးအငွေ့တွေရဲ့ ရင်ခွင်မှာ
ညတွေနဲ့ ကခုန်
ရမ္မက်တွေဟာ ဆူပွက်
မှတ်ထား......
အမှောင်ထဲက လူကို
ဘယ်တော့မှမမြင်ရဘူး............
နူးညံ့တဲ့ ဂစ်တာအိုလေးကိုတီးခတ်
လက်မှာတော့ သဒ္ဒါတွေလျှံနေလည်း
ထွက်လာတဲ့ သံစဉ်တိုင်းကတော့
နားမဆင်တက်ရင် ရိုင်းမှာပဲ..........
ခင်ဗျားသာ
ဒီကဗျာကို ဖတ်ခဲ့မိမယ်ဆိုရင်ပေါ့
ခင်းဗျာခန္ဓာကိုယ်ပေါ်က
အတ္တတွေနဲ့ယက်လုပ်ထားတဲ့ ခြုံလွှာကြီး
ဖယ်ချပလိုက်စမ်းပါဗျာ
စိုက်ဝင်နေတဲ့ မြှားတွေ
ကျိုးကြေကုန်လိမ့်မယ်.........
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
"ရင်၌တည်သော ပန်း"
"ရင်၌တည်သော ပန်း"
*******************
ဘဝမှာ တစ်ခါတော့
ရင်နှစ်ပန်းလေးကို
မက်မက်မောမော နမ်းရှိုက်ခဲ့ဘူးတယ်......။
အချိုးအကွေ့တစ်ခု မရောက်ခင်
မိုင်တိုင်အမှတ် 1500
မျက်ဝန်းထဲမှာ ထင်းထင်းကြီး
နှစ်တွေကြာလာတော့ ဆေးသားတွေအရောင်ဖျော့
အတူလျှောက်ခဲ့ကြတဲ့ အဓိပတိလမ်းထက်က
ပန်းအကြွေတွေ
ပန်သူမဲ့ ခြောက်သွေ့
ဝရံတာအပြင်ဘက်
လေရူးတွေက အနမ်းတစ်ချို့သယ်ဆောင်
မျက်စိတစ်မှိတ်အတွင်းမှာ အိမ်မက်ကနိုးထ
ပိုးစုန်ကြူးငယ်လေးတွေက လွဲလို့ပေါ့
ငါ့အနာ ဘာမှမရှိတော့ဘူး.........။
တံငါသည်တစ်ယောက်ရဲ့ ပိုက်ကွန်ထဲ
ဖမ်းမိလိုက်တဲ့ ငါးလေးတွေလို
အရာရာဟာ မတည်မြဲ
တစ်ချိန်ကျ ပျက်ကြွေရမယ်ဆိုတာ
အလိုလို သိနေခဲ့တယ်........။
ပကာသနမပါတဲ့ နှုတ်ခမ်းပါးလေးတွေ
သူသာ ဆက်ဖူးပွင့်ခဲ့မယ်ဆိုရင်
ကျယ်ပြောတဲ့ ကောင်းကင်ပြာကြီးက
လင်းလက်တဲ့ ကြယ်ပွင့်တွေနဲ့အတူ
ကောင်းချီးပေးမှာပါ
ဘယ်သူမှ မမြင်နိုင်တဲ့
အလှတရားတွေထက် ပိုမယ်ထင်တယ်.......။
စိန်စီထားတဲ့ ကတ္တီပါဖဲမွှေ့ယာကြီးက
ငါတို့ကို လှောင်ရယ်
မတရားမှုတွေကို ဟားတိုက်
ရှိပါစေလေ
ဘဝဆိုတာ ထိုက်သင့်သလောက်ပဲ
ပြန်ရမှာပါ
တစ်ပွင့်ပန်းလေးကို
တန်ဖိုးမဖြတ်ခဲ့ဘူးဆိုရင်ပေါ့........
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
Sep 23, 2017
February 14
***********
လောင်ကျွမ်းနေတဲ့
စိတ္တဇဆန်ဆန်ပုံရိပ်တွေ
ပြာကျခဲ့ရတဲ့နေ့
ကယောင်ကတန်း ဆုပ်ကိုင်ခဲ့ဖူးတဲ့
ချောကလက်အိပ်ခွံလေးတွေက ငိုညည်း........
မျော်လင့်ချက်မဲ့အကြည့်တွေရဲ့ ထောင့်တစ်နေရာ
ခိုကပ်နေတဲ့ ပင်လယ်ဒီရေလှိုင်းတွေ
စီးဆင်းရိုက်ခတ်ခဲ့ရတဲ့ နေ့
အေးခဲနေတဲ့ နားအစုံက
သမုဒ္ဒရာရဲ့ အလယ်ဗဟိုတည့်တည့်မှာ.........
မွကြေနေတဲ့ ဇာပဝါပါးလေးအောက်မှာ
စီးဆင်းနေတဲ့ သွေးကြောထောင်ပေါင်းများစွာ
ဖြတ်တောက်ခြင်း ခံခဲ့ရတဲ့နေ့
စုံလုံကန်းနေတဲ့ မျက်ဝန်းအစုံက
အိပ်စက်နေတဲ့ အခန်းနံရံတိုင်းမှာ
အမြဲ ရှိနေတက်တယ်..........
ရင်ဘတ်ခြင်း ရိုက်ခတ်သံတွေဆိတ်သုဉ်း
နှလုံးသားရဲ့ နံရံတိုင်းမှာ
တေးဆိုနေတဲ့ ငှက်ကလေးတွေ
အိပ်တန်းပြန်တဲ့ နေ့
မြတ်မြတ်နိုးနိုး ဖက်တွယ်ခဲ့တဲ့
ရေခဲအိုင်အလယ်က ကြာဖြူပွင့်ကလေး
တိတ်တဆိတ် ညိုးနွမ်းသွားခဲ့တယ်.........
ညဥ့်ရဲ့အော်သံတွေနဲ့
ကြေးမှုံပြင်ရဲ့ လှပခြင်းကို
ံလူသားတိုင်းရဲ့ နံရိုးမှာ
ရေးထိုးထားလိုက်တယ်........
အဲ့ဒီနေ့............
February 14
ဒါမှမဟုတ်
Valentime'Day
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
Sep 22, 2017
Sep 21, 2017
"လရောင်မဲ့........လူ"
"လရောင်မဲ့..........လူ"
***************
ပြာကျနေတဲ့ သက္ကရာဇ်တိုင်းရဲ့တစ်နေရာ
မိန်းမောနေတဲ့ မီးခိုးငွေ့လေးတွေက
စိန်ပွင့်တွေ စီခြယ်ထားတဲ့နာရီလက်တံတိုင်းကိုရိုက်ချိုးပစ်
သူဟာ လမိုက်ညရဲ့တံခါးဝမှာရှိနေတက်တယ်.........
ပျံလွင့်နေတဲ့ အတွေးတွေကိုပြန်ချုပ်တီး
တစိုက်မတ်မတ် ရှိုက်သွင်းလိုက်တဲ့စည်းစိမ်တွေက
အရှိုက်တည့်တည့် ရိုက်သွင်း
အိုး.......လောကကြီးတောင် ပြောင်းပြန်တွေဖြစ်နေခဲ့ပေါ့
တကယ်တော့ သူဆိုတာ
လူမဟုတ်တဲ့ လူတစ်ယောက်ရယ်လေ.........
သူဟာ ဝင်္ကဘာထဲကလူတစ်ယောက်ဆိုရင်
နေဝင်ချိန်တိုင်းဟာ ဝတ်စုံအပြည့်အစုံနဲ့
ညရဲ့ဝတ်ရုံ မလွှမ်းသေးခင်
ထွက်ပေါက်မဲ့ အိမ်ပြန်နောက်ကျတဲ့ခြေလှမ်းတိုင်း
ပထဝီဓာတ်ရဲ့ ဝါးမြိုမှုတွေခံခဲ့ရလေရဲ့..........
တိတ်ဆိတ်မှုသည်သာ သူ့အတွက်
နေဝင်ချိန်ဆိုသည်သာ သူ့အတွက်
ညဆိုသည်သာ သူ့အတွက်
တိတ်ဆိတ်တဲ့ သံတိုက်တွေကြားအခန်းငယ်သည်သာ
သူ့အတွက်..........သူ့အတွက်..........
ပြီးတော့ ခြောက်ခြားဖွယ်နေ့စွဲတွေမှာ
ရူးမတက်........
အချစ်ဦးအတွက် မရူးခဲ့ပေမယ့်
ညရဲ့အခန်းငယ်တိုင်းမှာ ယစ်မူးလို့စူးခဲ့ရသည်
ပြာလဲ့လဲ့မိုးကောင်းကင်ရဲ့ အခြားတစ်ဖက်
အိပ်မက်တွေအားလုံး ပျက်သုဉ်း
ပင်ယံထက်ငှက်ကလေးတွေလည်း အိပ်တန်းပြန်ခဲ့ပြီ........
ဥပက္ခာတရားရဲ့ မျက်ဝန်းတွေအောက်မှာ
သိမ်ငယ်မှုတွေနဲ့ ခေါင်းငုံ့
ဆာလောင်မှုတွေရဲ့ သံဇကာတွေကြားထဲ
ဒူးထောက် တိုးဝင်
သေချာပါတယ်
ငါရဲ့ညမှာ ဘယ်တော့မှ
လသာမှာမဟုတ်တော့ဘူးဆိုတာ..........
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
Sep 17, 2017
"နွေ"
"နွေ"
*****
ပူလောင်ပြင်းထန်လှတဲ့ နေမင်းကြီးကိုအံတု
အရိပ်ရပင်ရဲ့ အာဝါသကိုမှီပြီး
နွေကို စားသုံးမိခဲ့တယ်....
ရော်ရွက်ဝါလေးတွေက ကြွေ
ဟိုး...အဝေးတစ်နေရာကို ငေးကြည့်
အလွမ်းတွေက ဝေ
အတိတ်ကိုပြန်တွေးရင်း
အနမ်းတွေက ခြွေ
မြေခနေတဲ့ ရွက်ခြောက်တွေနဲ့အပြိုင်
လွမ်းနေတာက နွေ..........
သစ်ရွက်ခြောက်လေးတွေ စကားမပြောတက်ပေမဲ့
အလွမ်းနဲ့ ဇတ်သိမ်းထားတဲ့ပြဇတ်တစ်ပုဒ်ကို
ကလကာနောက်ကွယ်ကနေ
သူတို့ ခံစားပေးနိုင်ခဲ့မှာပါ
ပူလောင်မှုတွေက ငါ့ရဲ့ကျောပြင်ထက်မှာ
ကြယ်မလင်းတဲ့ လမိုက်ညမှာ
မက်ခဲ့ရတဲ့ အိပ်မက်တိုင်း
နွေလို
တမြည့်မြည့် ပူ
နာရီတွေ နောက်ပြန်ရစ်လို့ရဦးမယ်ဆိုရင်ပေါ့
အရင်လို
တစ်နေ့နေ့ အတူ
အေးစက်တောင့်တင်းနေတဲ့
သောက်လက်စ ကော်ဖီခါးခါးက
အလွမ်းနဲ့ နွေကို
နှစ်သိမ့်မပေးနိုင်သေးဘူး
ခုံတန်းလေးတွေကလည်း အထီးကျန်
လွမ်းနေဆဲပါပဲ နွေ..........
တသွင်သွင် တိုက်ခတ်လာတဲ့
လေညင်းကလေးတွေက ထင်းရူးရနံ့လေးတွေ
ယူဆောင်လာတယ်
ပုဇဉ်းရင်ကွဲတွေရဲ့ အော်သံတွေက
ငါ့ကိုများ လှောင်နေသလား
ငါ့ကိုများ ပြောင်နေသလား
ရင်ဘက်ထဲ ခဏဝင်ကြည့်လိုက်
ကြေမွခဲ့တဲ့ အိပ်မက်တွေကို
နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ
တွေ့ရမှာပါ
နေပူကြဲတဲထဲက အဖော်မဲ့ပင်စည်တိုင်းရဲ့
အရိပ်အာဝါသတွေက
ငါ့ရင်ကို မအေးမြစေနိုင်ခဲ့ဘူး
မျော်လင့်ချက်တိုင်းကလည်း
နွေရဲ့သစ်ရွက်လေးတွေလို ကြွေ
အကယ်၍
လွမ်းခွင့်သာရှိနေဦးမယ်ဆိုရင်
အတ္တတွေ မာန်မာနတွေကျောခိုင်းပြီး
လွမ်းနေဦးမှာပါ နွေ
ဆွေးခွင့်သာ ကံတရားဆိုရင်လည်း
မညီမျှခြင်းတွေကို မျဉ်းပြိုင်ပေါ်ရေးဆွဲလို့
အဖော်မဲ့ တစ်ယောက်ထဲ
ဆွေးနေဦးမှာပါ နွေ
ရယူပိုင်ဆိုင်ခွင့်သာ ရှိခဲ့မယ်ဆိုရင်တော့
ချိုမြဖူးပွင့်နေတဲ့ နှုတ်ခမ်းလွှာအစုံကို
နမ်းရှိုက်ပါရစေ နွေရယ်.......
အသင့်ရဲ့ ပူလောင်မှုတွေကို
ကျွန်ုပ်ရင်ဆီ ဖြန့်ကျတ်လိုက်ပါ
သစ္စာနဲ့ ရောယှက်လို့
ရေခဲပြင်တမျှ အေးမြမှုမျိုးတွေ
တစ်နေ့
ဆောင်ကျဉ်းပေးနိုင်မှာပါ
နွေရယ်............
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
Sep 15, 2017
"တိတ်တခိုးလေး"
"တိတ်တခိုးလေး"
*************
နေခြည်းမဆမ်းသေးတဲ့ ပြတင်းတံခါးတွေရဲ့
တစ်ဖက်တစ်ချက်မှာ နင့်အတွက်ဆိုပြီး
ငါ့နှလုံးသားလေး ချိတ်ဆွဲထားပါတယ်
လစ်ဟာနေတဲ့ ငါရဲ့ဝဲဘက်ရင်အုံက
နင့်အတွက်
ပြီးတော့ အချစ်အတွက်........
ဆွံအ,ခြင်းလား ရင်ခုန်ခြင်းလား
ဝေခွဲရခက်တဲ့ပုစ္စာတစ်ပုဒ်အတွက် အဖြေထွက်မလာခဲ့
ငါ့ရဲ့ နံရံတိုင်းမှာ သူ့မျက်နှာလေးတွေအပြည့်
လူတွေပြောပြောနေကြတာ
မစားဘူးတော့ ရူးတယ်ဆိုတာမျိုးလား
သေချာတာက
ငါ့ဘဝက ပန်သူမဲ့
ပန်းတစ်ပွင့် သာသာရယ်..........
အကယ်၍
ငါ့ရင်ခုန်သံတိုင်းသာ နင်နဲ့ထပ်တူကြခဲ့မယ်ဆိုရင်
နင် ဆွတ်ခူးမဲ့ပန်းကလေးတွေတိုင်းမှာ
သကာရည်ဆမ်းထားမယ်
ချိုမြိန်မှုတွေနဲ့ ရဲရဲကြီးသာ
နမ်းရှိုက်လိုက်ပါ ချစ်သူ
ငါ့အိပ်မက်တွေတိုင်းက လှပနေပါတယ်
ငါ့ရဲ့အနမ်းတိုင်းသာ ပျံသန်းနိုင်ခဲ့မယ်ဆိုရင်ပေါ့
နင့်ရဲ့ ပါးပြင်နုနုလေးတွေရဲ့အပေါ်မှာ
ဗလပွ
အိပ်တန်းပြန်ငှက်ကလေးတွေ တေးမဆိုခင်
ငါ့ရဲ့ မေတ္တာလေးတွေ
ဖွဲ့ဆိုချင်သေးရဲ့
နင်နဲ့ နှစ်ယောက်အတူ..........
ဒါပေမယ့် တွေးပူမိတယ်
အရှင့်သစ္စာမှ ခိုင်မတဲ့လား
အသင့်မေတ္တာမှ ယိုင်မတဲ့လား
မနက်ခင်းတစ်ခုရဲ့ မိုးသောက်ပန်းကလေးတွေကြားမှာ
နင့်ကို လိုက်ရှာနေမိတယ်
ပြီးတော့ ဖူးပွင့်လာမယ့်ပန်းကလေးတွေ
ငါ အမြတ်နိုးသိမ်းထားဖို့အသင့်
ငါ နင့်ကိုချစ်တယ်
ငါနင့်ကို မြတ်နိုးတယ်
မျော်လင့်ချက်အတွက်
လည်ပတ်နေတဲ့ နာရီလက်တံတိုင်းကိုလည်း
စိန်စီထားတယ်
ငါ့မနက်ဖြန်တိုင်းဟာ လှပတဲ့မျက်ဝန်းတစ်စုံအတွက်.....
မပေါင်းစည်းသေးတဲ့ ကမ္ဘာတစ်ဖက်ခြမ်းမှာ
နင့်အတွက် ငါ့မျော်လင့်ချက်တိုင်းကို
ပန်းခင်းထားပါတယ်
အကြင်နာတွေ ဖြူစင်ခဲ့ရင်ပေါ့
နင်မသိအောင် တိတ်တခိုးလေး
တစ်နေ့ ငါ့တို့အချစ်ကမ္ဘာလေး
သာယာလာမှာပါဟာ.......
MC ကာရံလေး
http://mckaryanlayy.blogspot.com
Sep 13, 2017
***************************
ညတစ်ညရဲ့ မှောင်မိုက်မှုတွေနဲ့အတူ
မဟာပထဝီမြေထုရဲ့ တစ်နေရာ
အိပ်စက်နေတဲ့ ငါ့အား
လမင်းတစင်းရဲ့ အလင်းမြှားတွေက
ထိုးနှက်လိုက်တယ်
ပြာတောက်နေတဲ့ ကောင်းကင်တွေပေါ်မှာ
တိမ်မည်းတွေက ဖုံးအုပ်........
သိုဝှက်မိခဲ့တဲ့ အမှန်တရားတွေက
မပြောဖြစ်ခဲ့တဲ့ အမှန်တရားတွေက
ချုပ်တီးခဲ့ရတဲ့ စကားလုံးတွေက
မြိုသိပ်ထားခဲ့ရတဲ့ ကြင်နာမှုတွေက
ငါ့အတ္တတွေကို ထိုးခွဲလိုက်တယ်
ငါ့ရဲ့မေတ္တာကို ထိုးခွဲလိုက်တယ်
အင်း...........
သူ့အတွက်တော့ ငါဆိုတာ
အော်ပရာကမယ့် ဇတ်မင်းသားသာသာရယ်.........
နောက်လူတွေကျန်သေးတယ်တဲ့
အခါးစပ်နေတဲ့ ၁၅၀၀ မေတ္တာတရားကြီးက
ငါ့ကို လှမ်းအော်ပြောတယ်
ငါ နှုတ်ဆက်စကားမဆိုမိသေးခင်
ပြင်းထန်တဲ့ သူ့ရဲ့မြှားတစ်ချက်ကြောင့်
ဘဝတိုင်းအတွက် သူ့ကိုစိတ်ချသွားမိတယ်........
ဒါပေမယ့်လဲ ပြောလို့မှမရတာ
အရာရာတိုင်းက ၁ ပြီးရင် ၂ လာမှာပဲ
ငါ့နောက်မှာလဲ ငါ့လိုလူတွေတစ်ပုံကြီး........
ပင်ယံထက်က သစ်ရွက်ခြောက်လေးကြွေကျလာတဲ့ခဏ
သွားပြီ.....ငါ့အတွက် ဒါနောက်ဆုံးပဲ
ငါ့ရဲ့ချစ်ခြင်းတွေအားလုံးကျောခိုင်း
မြေသားရဲ့ လစ်ဟာနေတဲ့တွင်းပေါက်ထဲကို
မျက်ရည်တွေ ဝမ်းနည်းမှုတွေအသာသိမ်းဆည်း
ဘယ်သူမှမမြင်အောင်ဝှက်ပြီး
ကျောတစ်ခင်းစာအတွက် အပူအပင်မဲ့လှဲချလိုက်တယ်......
ငါမြင်ခဲ့ရတာက ငါ့ကိုဖက်တွယ်ငိုနေတဲ့သူတွေရယ်
ပဝါစတွေရဲ့နောက်ကွယ်က မုသားနဲ့ရောယှက်ထားတဲ့မျက်ရည်တွေရယ်
ပြီးတော့ သူ့ရဲ့
လှိုက်ငိုနေတဲ့ ပုံရိပ်တွေရယ်...........
တရားနာအမျှဝေပြီး ရေစက်ချ
ကြေးစည်သံအဆုံးမှာ
သူ..........
မျက်ရည်တစ်စက်ကျလာတယ် ငါ့မြေပုံပေါ်
ငါမွန်းကျပ်နေတယ် ငါသူ့ကိုဖြောင်းဖျချင်တယ်
ငါ့သူ့ကို ထွေးပိုက်နှစ်သိမ့်ပေးချင်တယ်
ဒါပေမယ့် လောကနဲ့မအပ်စပ်တော့တဲ့ငါ့အတွက်
ရယူပိုင်ခွင့် မရှိတော့ဘူး
လွမ်းပိုင်ခွင့် မရှိတော့ဘူး
နမ်းပိုင်ခွင့် မရှိတော့ဘူး.......
အဖာထေးရာတွေနဲ့ ပြည့်နှက်နေတဲ့
အုတ်သားနံရံတိုင်းက ငါ့အိပ်ယာ........
မှောင်မိုက်မှုတွေက ငါ့ဝတ်ရုံမဟုတ်ပေမယ့်လဲ
ဆုပ်ကိုင်ထားမိခဲ့တဲ့ အိပ်မက်တွေက
အသက်မဲ့နေတဲ့ ပေတရာထက်မှာ
ရှုပ်ပွ ပြန့်ကြဲ
ဒါဟာ ငါ့ဘဝအစစ်အမှန်မဟုတ်သေးဘူး
ဒီထက်ဆိုးတာတွေအများကြီးပဲ........
တကယ်လို့သာလေ ငါနင့်အတွက်ကျခဲ့ရတဲ့
မျက်ရည်တိုင်းသာ ပန်းပွင့်ခဲ့မယ်ဆိုရင်ပေါ့
ဗန်းဆင့်ဗန်းဂိုးရဲ့ ပန်းခင်းကြီးဟာ
ငါ့ပိုင်ဆိုင်မှုရဲ့ တစ်စိတ်တစ်ဒေသ........
ကမ္ဘာ့ဝန်ရိုးစွန်းတစ်ဖက်ဆီက ဆည်းဆာဟာ
ငါ့အတွက် မလှပခဲ့ဘူးဆိုရင်တောင်
နင့်နှလုံးသား ထောင့်တစ်နေရာက
ငါ တိုးဝင် ခိုလှုံခဲ့ဖူးတဲ့နေရာလေးကို
ငါ့အစား နှင်းဆီရဲ့ရနံ့တွေ ဖြန့်ကြဲထားမိချင်ရဲ့.......
မဖြစ်နိုင်တော့ဘူး
ခွေးအတွေကြားမှာ ရုပ်ပျတ်နေတဲ့
ငါ့ခန္တာကြီးက သူနဲ့မအပ်စပ်တော့ဘူး
အရာအားလုံးရဲ့ ဟိုး.....အဝေးကြီးမှာ
ဒါပေမယ့်လေ.........
ငါငိုနေတာ သူတို့မမြင်နိုင်ခဲ့
ငါ့ဟစ်အော်နေတဲ့အသံတွေ သူတို့မကြားနိုင်ခဲ့
သူတို့ မမြင်နိုင်တဲ့လောကတစ်နေရာ
ကမ္ဘာတစ်ဖက်ခြမ်းက ငါ့အတွက်တော့
နေဝင်ဆည်းဆာမှာ အမှောင်လွှမ်းခဲ့ပြီဆိုတာ
အသင် မမြင်နိုင်ခဲ့
ဒါငါ့အနာဂတ် တစ်စိတ်တစ်ဒေသပဲ.........
(ကြိုးစားလျှက်)
MC ကာရံလေး
http://mckaryanlayy.blogspot.com
Sep 11, 2017
"ဝေးလွင့်ငှက်ငယ်"
Sep 10, 2017
"အသင်မမြင်နိုင်သော ငါ"
*****************
ညတစ်ညရဲ့ မှောင်မိုက်မှုတွေနဲ့အတူ
မဟာပထဝီမြေထုရဲ့ တစ်နေရာ
အိပ်စက်နေတဲ့ ငါ့အား
လမင်းတစင်းရဲ့ အလင်းမြှားတွေက
ထိုးနှက်လိုက်တယ်........
နင့်နှုတ်ခမ်းကအနမ်းတွေ ငါ့ဆီပိုလွှတ်လဲ
လက်ခံနိုင်ဖို့ဆိုတာ ငါနဲ့
ဟိုး.......အဝေးဆုံး
နင်ရဲ့မြတ်နိုးမှုတွေကို
ငါ့ရင်အုံအစုံက ကြားသိနိုင်ပေမယ့်လဲ
ရယူပိုင်ခွင့် မရှိတော့ဘူး
လွမ်းပိုင်ခွင့် မရှိတော့ဘူး
နမ်းပိုင်ခွင့် မရှိတော့ဘူး.......
အဖာထေးရာတွေနဲ့ ပြည့်နှက်နေတဲ့
အုတ်သားနံရံတိုင်းက ငါ့အိပ်ယာ........
မှောင်မိုက်မှုတွေက ငါ့ဝတ်ရုံမဟုတ်ပေမယ့်လဲ
ဆုပ်ကိုင်ထားမိခဲ့တဲ့ အိပ်မက်တွေက
အသက်မဲ့နေတဲ့ ပေတရာထက်မှာ
ရှုပ်ပွ ပြန့်ကြဲ........
မျက်ရည်တိုင်းသာ ပန်းပွင့်ခဲ့မယ်ဆိုရင်ပေါ့
ဗန်းဆင့်ဗန်းဂိုးရဲ့ ပန်းခင်းကြီးဟာ
ငါ့ပိုင်ဆိုင်မှုရဲ့ တစ်စိတ်တစ်ဒေသ........
ကမ္ဘာ့ဝန်ရိုးစွန်းတစ်ဖက်ဆီက ဆည်းဆာဟာ
ငါ့အတွက် မလှပခဲ့ဘူးဆိုရင်တောင်
နင့်နှလုံးသား ထောင့်တစ်နေရာက
ငါ တိုးဝင် ခိုလှုံခဲ့ဖူးတဲ့နေရာလေးကို
ငါ့အစား နှင်းဆီရဲ့ရနံ့တွေ ဖြန့်ကြဲထားမိချင်ရဲ့.......
ဒါပေမယ့်.......
မဖြစ်နိုင်တော့ဘူး.......
(ကြိုးစားလျှက်)
MC ကာရံလေး
http://mckaryanlayy.blogspot.com
Sep 9, 2017
MC ကာရံလေး
မိန်းကလေးတွေရဲ့ ရေပေါ်ရေးခြယ်တဲ့သစ္စာတရားထက်
ကျွန်တော့်နှလုံးသားရဲ့ တိမ်စိုင်တွေကြားထဲမှာ
တစ်ချိန် ပွင့်လန်းလာမယ့်အနုပညာကို
ကျွနိတော် ပိုပြီးမြတ်နိုးတွယ်တာမိတာ
ကျွန်တော့်ရဲ့ မှန်ကန်သောသစ္စာစကားပါ..........
👉MC ကာရံလေး👈
Sep 5, 2017
Sep 3, 2017
ဆရာတွေ သတိထားကြပါ
Sep 1, 2017
မှောင်မိုက်နေတဲ့မြို့
ငါရဲ့အိပ်မက်ထဲက မြို့ဆိုတာ
မှောင်မိုက်ခြင်းသာ သူ့အတွက်
ခြုံလွှာမဟုတ်ခဲ့ဘူးဆိုရင်
နေရာတိုင်းမှာ နေခြည်ဆန်းခဲ့မှာအမှန်ပဲ.......
အခုတော့ လက်ညိုးထိုးမလွတ်
ပက်ကြားအက်နေတဲ့ လမ်းတွေထဲ
အရှင်ဒေဝဒတ်တောင် ငုတ်တုတ်ပေါ်နေပြီထင်ပါ့
သေချာတာက ကတ္တီပါကော်ဇော်မခင်းရသေးဘူး........
ညဥ့်မှာပျံတဲ့ ကျီးကန်းတွေရဲ့
တရားမဲ့ အော်သံတွေနဲ့အတူ
ဟိုနေရာမှာ ဒိန်းခနဲ.......
ဒီနေရာမှာ ဒိုင်းခနဲ........
ဝတ်ရည်စုပ် ပျားကလေးတွေတောင်
အသိုက်မဲ့လို့ အသက်လုပျံသန်းနေရတာ.........
ငါမြို့ကိုကြည့်ရင်း ငါ ငိုရတယ်
ငါ့မြို့ကိုကြည့်ရင်း ငါ ရင်နာရတယ်
ငါ့မြို့အတွက် တောက် ခေါက်ခဲ့ရတယ်
ရောင်နီဦးဆိုတာ မမြင်ရသေးဘူး
ခင်ဗျားတို့ ထိုင်နေသမျှကာလပတ်လုံး........
MC ကာရံလေး
မော်ကွန်းသဘော.....
စာပေအမျိုးအစားများစွာ ရှိသည့်အနက် မော်ကွန်း ဟူသော စာပေအမျိုးအစားသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်. မော်ကွန်းဟုဆိုရာ၌ ကျောင်း ဥယျာဉ် ကျွန်း နယ်မြေ ဒေသ စသည်တို့ကိုလည်ကောင်း သက်ရှိသက်မဲ့ စာရင်းများကိုလည်းကောင်း အကြောင်းအရာများကို ခိုင်ခံ့အောင်မှတ်သားထားပြီး ဖွဲ့ဆိုရသည့် ကဗျာရှည်အမျိုးအစားဖြစ်သည်. မော်ကွန်းဟူသော ဝေါဟာရသည် ပုဂံခေတ်ကပင် တည်ရှိသုံးစွဲလာခဲ့ကြသည်. မှတ်တမ်းတင်ထားခြင်းဟု တစ်နည်းအားဖြင့် ယူဆနိုင်သည်. ကျောက်စာ အများစုဖြစ်သော ပုဂံခေတ် လေးထောင့်ကန်အရပ်ရှိ ကျောက်စာ တက်နွှဲကျောက်စာ စစ်ကိုင်းမြို့နယ်၌ရှိသော ကျောက်စာအများစု၌ "အမူကျွန်း" ဟု ဖော်ပြထားခြင်းမျိုး တွေ့ရှိရသည်.ခေတ်ကာလအလျောက် ရွေ့လျားသော အခေါ်အဝေါ် ပြောင်းလဲလာလြင်းဖြစ်မည်ဟု ယူဆရပေသည်.မောင်ကွန်းကဗျာ အမျိုးအစားကို သက္ကရာဇ် ၈၃၄ ခုနှစ်တွင် စစ်လျင်ထောက်မှုး ရှင်ထွေးညိုက စတင်ဖွဲ့ဆိုခဲ့ခြင်းဖြစ်သည်.သက္ကရာဇ် ၈၃၄ ခုနှစ်တွင် မဟာသီဟသူရ မင်းက ညီ ပြည်မြို့စားမင်းကြီးစွာနဲ့ သာယာဝတီစား ဦးရီးတော် ကျော်စွာတို့၏ ခြားနားခြင်းကို နိုမ်နင်းရာတွင် ဖြစ်ပျက်ခြု့သော အကြောင်းအရာများကို ဖွဲ့ဆိုထားသည့် "ပြည်စုန်မော်ကွန်း" မှာ ထင်ရှားလှသည်.တိုင်းရေး ပြည်ရေးအကြောင်းအရာများကိုလည်း ဖွဲ့ဆိုနိုင်သည့် ကဗျာ အဖွဲ့အနွဲ့တစ်မျိုးဖြစ်သည်ဟု ဆိုနိုင်သည်.
မူရင်း - ဖုံးကွယ်နေသော အမတေနှင့် အမတေဖြစ်တည်ရာ (အောင်ကိုထွန်း)
MC ကာရံလေး
http://mckaryanlayy.blogspot.com
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...