"ရင်၌တည်သော ပန်း"
*******************
ဘဝမှာ တစ်ခါတော့
ရင်နှစ်ပန်းလေးကို
မက်မက်မောမော နမ်းရှိုက်ခဲ့ဘူးတယ်......။
အချိုးအကွေ့တစ်ခု မရောက်ခင်
မိုင်တိုင်အမှတ် 1500
မျက်ဝန်းထဲမှာ ထင်းထင်းကြီး
နှစ်တွေကြာလာတော့ ဆေးသားတွေအရောင်ဖျော့
အတူလျှောက်ခဲ့ကြတဲ့ အဓိပတိလမ်းထက်က
ပန်းအကြွေတွေ
ပန်သူမဲ့ ခြောက်သွေ့
ဝရံတာအပြင်ဘက်
လေရူးတွေက အနမ်းတစ်ချို့သယ်ဆောင်
မျက်စိတစ်မှိတ်အတွင်းမှာ အိမ်မက်ကနိုးထ
ပိုးစုန်ကြူးငယ်လေးတွေက လွဲလို့ပေါ့
ငါ့အနာ ဘာမှမရှိတော့ဘူး.........။
တံငါသည်တစ်ယောက်ရဲ့ ပိုက်ကွန်ထဲ
ဖမ်းမိလိုက်တဲ့ ငါးလေးတွေလို
အရာရာဟာ မတည်မြဲ
တစ်ချိန်ကျ ပျက်ကြွေရမယ်ဆိုတာ
အလိုလို သိနေခဲ့တယ်........။
ပကာသနမပါတဲ့ နှုတ်ခမ်းပါးလေးတွေ
သူသာ ဆက်ဖူးပွင့်ခဲ့မယ်ဆိုရင်
ကျယ်ပြောတဲ့ ကောင်းကင်ပြာကြီးက
လင်းလက်တဲ့ ကြယ်ပွင့်တွေနဲ့အတူ
ကောင်းချီးပေးမှာပါ
ဘယ်သူမှ မမြင်နိုင်တဲ့
အလှတရားတွေထက် ပိုမယ်ထင်တယ်.......။
စိန်စီထားတဲ့ ကတ္တီပါဖဲမွှေ့ယာကြီးက
ငါတို့ကို လှောင်ရယ်
မတရားမှုတွေကို ဟားတိုက်
ရှိပါစေလေ
ဘဝဆိုတာ ထိုက်သင့်သလောက်ပဲ
ပြန်ရမှာပါ
တစ်ပွင့်ပန်းလေးကို
တန်ဖိုးမဖြတ်ခဲ့ဘူးဆိုရင်ပေါ့........
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Sep 26, 2017
"ရင်၌တည်သော ပန်း"
Subscribe to:
Post Comments (Atom)
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...
No comments:
Post a Comment