Sep 26, 2017

"ပျောက်ကွယ်စပြုနေသော"

"ပျောက်ကွယ်စပြုနေသော"
******************

ခါးသက်ပြင်းရှလွန်းတဲ့ ဝိုင်တစ်ခွက်ရဲ့
နှုတ်ခမ်းဖျား အစွန်းလေးပေါ်မှာ
ချုပ်တီးမိခဲ့တဲ့ ကိုယ့်ကျင့်သိက္ခာတွေအရည်ပျော်ကျ.........

ဒါဟာ ဘဝဆိုရင်
ငါရပ်တည်နေတဲ့ ဝန်ရိုးတွေပေါ်က
အိပ်မက်တွေဟာ ကစဥ့်ကလျားနဲ့

ပြန့်ကျဲနေတဲ့ ခံစားချက်အပိုင်းအစတွေကို
နှမျောတသ ကောက်ယူနမ်းရှိုက်မိတယ်
ဒါတွေက နေရာတိုင်းမှာရှိနေတယ်.........

နံရံတိုင်းမှာ နားရှိတယ်
မကောင်းတာလုပ်လည်း သူသိတယ်
ကောင်းတာလုပ်လဲ သူသိတယ်

အခိုးအငွေ့တွေရဲ့ ရင်ခွင်မှာ
ညတွေနဲ့ ကခုန်
ရမ္မက်တွေဟာ ဆူပွက်
မှတ်ထား......
အမှောင်ထဲက လူကို
ဘယ်တော့မှမမြင်ရဘူး............

နူးညံ့တဲ့ ဂစ်တာအိုလေးကိုတီးခတ်
လက်မှာတော့ သဒ္ဒါတွေလျှံနေလည်း
ထွက်လာတဲ့ သံစဉ်တိုင်းကတော့
နားမဆင်တက်ရင် ရိုင်းမှာပဲ..........

ခင်ဗျားသာ
ဒီကဗျာကို ဖတ်ခဲ့မိမယ်ဆိုရင်ပေါ့
ခင်းဗျာခန္ဓာကိုယ်ပေါ်က
အတ္တတွေနဲ့ယက်လုပ်ထားတဲ့ ခြုံလွှာကြီး
ဖယ်ချပလိုက်စမ်းပါဗျာ
စိုက်ဝင်နေတဲ့ မြှားတွေ
ကျိုးကြေကုန်လိမ့်မယ်.........

MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...