Oct 7, 2018

ကဗျာဆရာရေးတဲ့ ရည်းစားစာ

ကဗျာဆရာရေးတဲ့ ရည်းစားစာ
~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင်
ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသား မြေခခဲ့ရတာ
နင့်ရဲ့ ရင်မှာငြိတဲ့ အကြင်နာအကြည့်ကြောင့်လား
အိပ်မက်ဆိုလည်း
နင့်ရင်ခွင်မှာ ထာဝရအိပ်စက်ပါရစေကောင်မလေးရယ်

ချစ်တယ်....

ငါ့ကမ္ဘာမှာ အခါခါတုန်ဟီး
လေလှိုင်းကြားက ဟင်္သာသံလေးက
ရင်ထဲ ရှတတ
အပျော်တွေနဲ့ နိုးထ
ငါ့ကိုယ်ငါတောင် အစိုးမရတဲ့မနက်မှာ
အို...ဟိုးဘဝအထိ လင်းလက်ပေးမယ့်ရောင်ခြည်နုနုဟာ
မင်းမျက်နှာပါ.....

ချစ်တယ်.....
ချစ်တယ်.....
ငါ့ကဗျာထဲက ကဗျာကိုချစ်တယ်....
ငါ့ကဗျာထဲက နင့်ကိုလည်းချစ်တယ်....
ငါ့ရင်ဘတ်ထဲက နင့်ကိုလည်းချစ်တယ်...

ရင်ထဲက အမှန်တရားနဲ့မေတ္တာဟာ
ငါ့နှလုံးသွေးမရပ်သ၍ နင့်အတွက်ရှင်သန်နေတယ်
ရှင်သန်နေဆဲ
ယူပါ
သုံးဆောင်ပါ
ငါ့ချစ်ခြင်းတွေ အတ္တမဲ့စွာနမ်းရှိုက်ပါ
ဒီလူသားက နင့်အတွက်
နံရိုးတစ်ချောင်းနဲ့ လူ

နိုးထခြင်းမှာ နေ့တာရှည်ပါစေ
နင်အိပ်စက်ရာ ညဝတ်လွှာပေါ်မှာ
ငါ့အနမ်းတွေ ပွင့်ပါစေ....
အညတြတစ်ယောက်ရဲ့ အဖြူထည်သက်သက်မေတ္တာ
ဆွတ်ချူလှည့်ပါ မိန်းကလေး...
ကဗျာဆရာရဲ့ ရင်ဘတ်ဟာ
ဟိုး.......မိုးကောင်းကင်ကင်မှာ သာတဲ့လမင်းလေးပါ...

မင်းကို
အလင်းတွေ ဖြန့်ကျတ်ပေးပါရစေ...
ကောင်မလေးရေ......

Kသာမိုး(မန်းမြေ)
8.10.2018(12:15 am)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...