Oct 13, 2018

အဲ့ဒီကောင် စောက်ရမ်းခါးတယ်

အဲ့ဒီကောင် စောက်ရမ်းခါးတယ်
~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ရင်ဘတ်ထဲက မော်ဒန်ဆိုတာ
Dateလွန်နေတဲ့ နှစ်ချို့ဝိုင်တစ်လုံး
အဲ့ဒီကောင် စောက်ရမ်းခါးတယ်။

မသီးတက်သီးတက် သီးပြနေတဲ့ပန်းသီးက
ဘာလို့မချိုတာလဲ
အပင်ကပဲ စောက်သုံးမကျတာလား
အဲ့ဒီကောင် စောက်ရမ်းခါးတယ်။

ခပ်ရိုင်းရိုင်း ဖွင့်ပြခဲ့တဲ့ရင်ဘတ်
ခပ်ရိုင်းရိုင်း သေတယ်......
ခပ်ရိုင်းရိုင်းကြွေတယ်......
ဟုတ်တယ်....
ငါက ခပ်ရိုင်းရိုင်းကောင်ကြီး
အဲ့ဒီကောင် စောက်ရမ်းခါးတယ်။

မကြွေချင်ပဲ ကြွေခဲ့
ဝေချင်တော့ မဝေခဲ့ဘူး
ပြုတ်ကျတော့မှ အထိနာပြတယ်
နောက်ဆုံးကျ
ငါကပဲ အခါးကောင်ကြီးဖြစ်သွားရော။

အဲ့ဒီကောင် စောက်ရမ်းခါးတယ်။

Kသာမိုး(မန်းမြေ)
13/10/2018(10:29 pm)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...