အပိုင်း(၂)
ရကန်၏ သဘောသဘာဝ
"ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အခြားကဗျာဆရာများကို မိမိလောက်မတက်၊ မိမိလောက်မလိမ္မာ ဟူ၍အားဖြင့် ချိုးဖဲ့ရေးသားခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် သူများမခံချင်အောင် ကော်လုံး၊ ကပ်လုံး၊ ရိလုံး၊ လှောင်းလုံးများ ထည့်သွင်း၍ ရေးသားသည်။ ရန်ပျိုးစာ(ဝါ)ရန်စစာ တစ်မျိုးဖြစ်သည်။ လွန်စွာရယ်ရွှင်ဖွယ်ကောင်းသော ကဗျာအဖွဲ့တစ်မျိုးပင်ဖြစ်သည်။ "ရကန်" ကဗျာသည် ဖတ်သူတို့ကို လွန်စွာမှ စိတ်ပျော်ရွှင်စေနိုင်သော ကဗျာအဖွဲ့များပါစေသည်။ သက္ကတ်ပုဒ်ပျက် "ရိဂံ"။ ထိုကဲ့သို့သော အဓိပ္ပါယ်ရှိသည်။ "ရိဂံ" မှာ မြန်မာလို "ရကန်" ဟု တွင်လာခြင်းဖြစ်သည်ဟု တွေ့ရသည်။ သာဓကအားဖြင့် "ဖောင်ကန်" ဟုဆိုရာ၌ ဖောင်များကို ကမ်းမှကွာအောင် ကမ်းကို ဝါးဖြင့်ထိုး၍ ထွက်လာခြင်းဖြစ်သည်။ ဤသည်ကို ထောက်ရှု၍ "ရကန်" ကလည်း အခံပိုဒ်(အစ)အဆုံးသတ်နှင့် အအုတ်ပိုဒ်(အပြီးသတ်)ကို စတင်ဖွဲ့သောအခါ ကာရန်ကိုခွာ၍ စပ်ဆိုခြင်းပင်ဖြစ်သည်။ "ကာရန်" မှ "ကာ" ပုဒ်ကျေခြင်း၊ ခွာခြင်း အဓိပ္ပါယ် "ကာရန်" နှင့် စပ်ဆက်ကာ "ရန်ကန်" ဟူ၍ ဖြစ်လာသည်။ ထို့နောက်မှတစ်ဆင့် "ရကန်" ဖြစ်လာသည်ဟု ယူဆသင့်ပေသည်။ "ရကန်" နှင်ပတ်သတ်၍ "မွေ့နွန်း ရကန်၊ ရာမ ရကန်" တို့မှာ အထင်းရှားဆုံး ဖြစ်သည်။
ဆက်ရန် - အပိုင်း(၃) တုံးခြင်း(ဝါ)ဒုံးချင်းသဘော
Copy - ဖုံးကွယ်နေသော အမတေနှင့် အမတေ ဖြစ်တည်ရာ(အောင်ကိုထွန်း)
MC ကာရံလေး
Ph - 09259222024
Ph - 09787420275
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Mar 5, 2017
ရကန် ဟူသည်မှာ
Subscribe to:
Post Comments (Atom)
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...
No comments:
Post a Comment