"February 14"
***********
လောင်ကျွမ်းနေတဲ့
စိတ္တဇဆန်ဆန်ပုံရိပ်တွေ
ပြာကျခဲ့ရတဲ့နေ့
ကယောင်ကတန်း ဆုပ်ကိုင်ခဲ့ဖူးတဲ့
ချောကလက်အိပ်ခွံလေးတွေက ငိုညည်း........
မျော်လင့်ချက်မဲ့အကြည့်တွေရဲ့ ထောင့်တစ်နေရာ
ခိုကပ်နေတဲ့ ပင်လယ်ဒီရေလှိုင်းတွေ
စီးဆင်းရိုက်ခတ်ခဲ့ရတဲ့ နေ့
အေးခဲနေတဲ့ နားအစုံက
သမုဒ္ဒရာရဲ့ အလယ်ဗဟိုတည့်တည့်မှာ.........
မွကြေနေတဲ့ ဇာပဝါပါးလေးအောက်မှာ
စီးဆင်းနေတဲ့ သွေးကြောထောင်ပေါင်းများစွာ
ဖြတ်တောက်ခြင်း ခံခဲ့ရတဲ့နေ့
စုံလုံကန်းနေတဲ့ မျက်ဝန်းအစုံက
အိပ်စက်နေတဲ့ အခန်းနံရံတိုင်းမှာ
အမြဲ ရှိနေတက်တယ်..........
ရင်ဘတ်ခြင်း ရိုက်ခတ်သံတွေဆိတ်သုဉ်း
နှလုံးသားရဲ့ နံရံတိုင်းမှာ
တေးဆိုနေတဲ့ ငှက်ကလေးတွေ
အိပ်တန်းပြန်တဲ့ နေ့
မြတ်မြတ်နိုးနိုး ဖက်တွယ်ခဲ့တဲ့
ရေခဲအိုင်အလယ်က ကြာဖြူပွင့်ကလေး
တိတ်တဆိတ် ညိုးနွမ်းသွားခဲ့တယ်.........
ညဥ့်ရဲ့အော်သံတွေနဲ့
ကြေးမှုံပြင်ရဲ့ လှပခြင်းကို
ံလူသားတိုင်းရဲ့ နံရိုးမှာ
ရေးထိုးထားလိုက်တယ်........
အဲ့ဒီနေ့............
February 14
ဒါမှမဟုတ်
Valentime'Day
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
***********
လောင်ကျွမ်းနေတဲ့
စိတ္တဇဆန်ဆန်ပုံရိပ်တွေ
ပြာကျခဲ့ရတဲ့နေ့
ကယောင်ကတန်း ဆုပ်ကိုင်ခဲ့ဖူးတဲ့
ချောကလက်အိပ်ခွံလေးတွေက ငိုညည်း........
မျော်လင့်ချက်မဲ့အကြည့်တွေရဲ့ ထောင့်တစ်နေရာ
ခိုကပ်နေတဲ့ ပင်လယ်ဒီရေလှိုင်းတွေ
စီးဆင်းရိုက်ခတ်ခဲ့ရတဲ့ နေ့
အေးခဲနေတဲ့ နားအစုံက
သမုဒ္ဒရာရဲ့ အလယ်ဗဟိုတည့်တည့်မှာ.........
မွကြေနေတဲ့ ဇာပဝါပါးလေးအောက်မှာ
စီးဆင်းနေတဲ့ သွေးကြောထောင်ပေါင်းများစွာ
ဖြတ်တောက်ခြင်း ခံခဲ့ရတဲ့နေ့
စုံလုံကန်းနေတဲ့ မျက်ဝန်းအစုံက
အိပ်စက်နေတဲ့ အခန်းနံရံတိုင်းမှာ
အမြဲ ရှိနေတက်တယ်..........
ရင်ဘတ်ခြင်း ရိုက်ခတ်သံတွေဆိတ်သုဉ်း
နှလုံးသားရဲ့ နံရံတိုင်းမှာ
တေးဆိုနေတဲ့ ငှက်ကလေးတွေ
အိပ်တန်းပြန်တဲ့ နေ့
မြတ်မြတ်နိုးနိုး ဖက်တွယ်ခဲ့တဲ့
ရေခဲအိုင်အလယ်က ကြာဖြူပွင့်ကလေး
တိတ်တဆိတ် ညိုးနွမ်းသွားခဲ့တယ်.........
ညဥ့်ရဲ့အော်သံတွေနဲ့
ကြေးမှုံပြင်ရဲ့ လှပခြင်းကို
ံလူသားတိုင်းရဲ့ နံရိုးမှာ
ရေးထိုးထားလိုက်တယ်........
အဲ့ဒီနေ့............
February 14
ဒါမှမဟုတ်
Valentime'Day
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
No comments:
Post a Comment