မော်ကွန်းသဘော
စာပေအမျိုးအစားများစွာ ရှိသည့်အနက် မော်ကွန်း ဟူသော စာပေအမျိုးအစားသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်. မော်ကွန်းဟုဆိုရာ၌ ကျောင်း ဥယျာဉ် ကျွန်း နယ်မြေ ဒေသ စသည်တို့ကိုလည်ကောင်း သက်ရှိသက်မဲ့ စာရင်းများကိုလည်းကောင်း အကြောင်းအရာများကို ခိုင်ခံ့အောင်မှတ်သားထားပြီး ဖွဲ့ဆိုရသည့် ကဗျာရှည်အမျိုးအစားဖြစ်သည်. မော်ကွန်းဟူသော ဝေါဟာရသည် ပုဂံခေတ်ကပင် တည်ရှိသုံးစွဲလာခဲ့ကြသည်. မှတ်တမ်းတင်ထားခြင်းဟု တစ်နည်းအားဖြင့် ယူဆနိုင်သည်. ကျောက်စာ အများစုဖြစ်သော ပုဂံခေတ် လေးထောင့်ကန်အရပ်ရှိ ကျောက်စာ တက်နွှဲကျောက်စာ စစ်ကိုင်းမြို့နယ်၌ရှိသော ကျောက်စာအများစု၌ "အမူကျွန်း" ဟု ဖော်ပြထားခြင်းမျိုး တွေ့ရှိရသည်.ခေတ်ကာလအလျောက် ရွေ့လျားသော အခေါ်အဝေါ် ပြောင်းလဲလာလြင်းဖြစ်မည်ဟု ယူဆရပေသည်.မောင်ကွန်းကဗျာ အမျိုးအစားကို သက္ကရာဇ် ၈၃၄ ခုနှစ်တွင် စစ်လျင်ထောက်မှုး ရှင်ထွေးညိုက စတင်ဖွဲ့ဆိုခဲ့ခြင်းဖြစ်သည်.သက္ကရာဇ် ၈၃၄ ခုနှစ်တွင် မဟာသီဟသူရ မင်းက ညီ ပြည်မြို့စားမင်းကြီးစွာနဲ့ သာယာဝတီစား ဦးရီးတော် ကျော်စွာတို့၏ ခြားနားခြင်းကို နိုမ်နင်းရာတွင် ဖြစ်ပျက်ခြု့သော အကြောင်းအရာများကို ဖွဲ့ဆိုထားသည့် "ပြည်စုန်မော်ကွန်း" မှာ ထင်ရှားလှသည်.တိုင်းရေး ပြည်ရေးအကြောင်းအရာများကိုလည်း ဖွဲ့ဆိုနိုင်သည့် ကဗျာ အဖွဲ့အနွဲ့တစ်မျိုးဖြစ်သည်ဟု ဆိုနိုင်သည်.
မူရင်း - ဖုံးကွယ်နေသော အမတေနှင့် အမတေဖြစ်တည်ရာ (အောင်ကိုထွန်း)
MC ကာရံလေး
http://mckaryanlayy.blogspot.com

No comments:
Post a Comment