Sep 1, 2017

မှောင်မိုက်နေတဲ့မြို့

"မှောင်မိုက်နေတဲ့ မြို့"

ငါရဲ့အိပ်မက်ထဲက မြို့ဆိုတာ
မှောင်မိုက်ခြင်းသာ သူ့အတွက်
ခြုံလွှာမဟုတ်ခဲ့ဘူးဆိုရင်
နေရာတိုင်းမှာ နေခြည်ဆန်းခဲ့မှာအမှန်ပဲ.......

အခုတော့ လက်ညိုးထိုးမလွတ်
ပက်ကြားအက်နေတဲ့ လမ်းတွေထဲ
အရှင်ဒေဝဒတ်တောင် ငုတ်တုတ်ပေါ်နေပြီထင်ပါ့
သေချာတာက ကတ္တီပါကော်ဇော်မခင်းရသေးဘူး........

ညဥ့်မှာပျံတဲ့ ကျီးကန်းတွေရဲ့
တရားမဲ့ အော်သံတွေနဲ့အတူ
ဟိုနေရာမှာ ဒိန်းခနဲ.......
ဒီနေရာမှာ ဒိုင်းခနဲ........
ဝတ်ရည်စုပ် ပျားကလေးတွေတောင်
အသိုက်မဲ့လို့ အသက်လုပျံသန်းနေရတာ.........

ငါမြို့ကိုကြည့်ရင်း ငါ ငိုရတယ်
ငါ့မြို့ကိုကြည့်ရင်း ငါ ရင်နာရတယ်
ငါ့မြို့အတွက် တောက် ခေါက်ခဲ့ရတယ်
ရောင်နီဦးဆိုတာ မမြင်ရသေးဘူး
ခင်ဗျားတို့ ထိုင်နေသမျှကာလပတ်လုံး........

MC ကာရံလေး

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...