"တိတ်တခိုးလေး"
*************
နေခြည်းမဆမ်းသေးတဲ့ ပြတင်းတံခါးတွေရဲ့
တစ်ဖက်တစ်ချက်မှာ နင့်အတွက်ဆိုပြီး
ငါ့နှလုံးသားလေး ချိတ်ဆွဲထားပါတယ်
လစ်ဟာနေတဲ့ ငါရဲ့ဝဲဘက်ရင်အုံက
နင့်အတွက်
ပြီးတော့ အချစ်အတွက်........
ဆွံအ,ခြင်းလား ရင်ခုန်ခြင်းလား
ဝေခွဲရခက်တဲ့ပုစ္စာတစ်ပုဒ်အတွက် အဖြေထွက်မလာခဲ့
ငါ့ရဲ့ နံရံတိုင်းမှာ သူ့မျက်နှာလေးတွေအပြည့်
လူတွေပြောပြောနေကြတာ
မစားဘူးတော့ ရူးတယ်ဆိုတာမျိုးလား
သေချာတာက
ငါ့ဘဝက ပန်သူမဲ့
ပန်းတစ်ပွင့် သာသာရယ်..........
အကယ်၍
ငါ့ရင်ခုန်သံတိုင်းသာ နင်နဲ့ထပ်တူကြခဲ့မယ်ဆိုရင်
နင် ဆွတ်ခူးမဲ့ပန်းကလေးတွေတိုင်းမှာ
သကာရည်ဆမ်းထားမယ်
ချိုမြိန်မှုတွေနဲ့ ရဲရဲကြီးသာ
နမ်းရှိုက်လိုက်ပါ ချစ်သူ
ငါ့အိပ်မက်တွေတိုင်းက လှပနေပါတယ်
ငါ့ရဲ့အနမ်းတိုင်းသာ ပျံသန်းနိုင်ခဲ့မယ်ဆိုရင်ပေါ့
နင့်ရဲ့ ပါးပြင်နုနုလေးတွေရဲ့အပေါ်မှာ
ဗလပွ
အိပ်တန်းပြန်ငှက်ကလေးတွေ တေးမဆိုခင်
ငါ့ရဲ့ မေတ္တာလေးတွေ
ဖွဲ့ဆိုချင်သေးရဲ့
နင်နဲ့ နှစ်ယောက်အတူ..........
ဒါပေမယ့် တွေးပူမိတယ်
အရှင့်သစ္စာမှ ခိုင်မတဲ့လား
အသင့်မေတ္တာမှ ယိုင်မတဲ့လား
မနက်ခင်းတစ်ခုရဲ့ မိုးသောက်ပန်းကလေးတွေကြားမှာ
နင့်ကို လိုက်ရှာနေမိတယ်
ပြီးတော့ ဖူးပွင့်လာမယ့်ပန်းကလေးတွေ
ငါ အမြတ်နိုးသိမ်းထားဖို့အသင့်
ငါ နင့်ကိုချစ်တယ်
ငါနင့်ကို မြတ်နိုးတယ်
မျော်လင့်ချက်အတွက်
လည်ပတ်နေတဲ့ နာရီလက်တံတိုင်းကိုလည်း
စိန်စီထားတယ်
ငါ့မနက်ဖြန်တိုင်းဟာ လှပတဲ့မျက်ဝန်းတစ်စုံအတွက်.....
မပေါင်းစည်းသေးတဲ့ ကမ္ဘာတစ်ဖက်ခြမ်းမှာ
နင့်အတွက် ငါ့မျော်လင့်ချက်တိုင်းကို
ပန်းခင်းထားပါတယ်
အကြင်နာတွေ ဖြူစင်ခဲ့ရင်ပေါ့
နင်မသိအောင် တိတ်တခိုးလေး
တစ်နေ့ ငါ့တို့အချစ်ကမ္ဘာလေး
သာယာလာမှာပါဟာ.......
MC ကာရံလေး
http://mckaryanlayy.blogspot.com
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Sep 15, 2017
"တိတ်တခိုးလေး"
Subscribe to:
Post Comments (Atom)
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...
No comments:
Post a Comment