Sep 17, 2017

"နွေ"

"နွေ"
*****

ပူလောင်ပြင်းထန်လှတဲ့ နေမင်းကြီးကိုအံတု
အရိပ်ရပင်ရဲ့ အာဝါသကိုမှီပြီး
နွေကို စားသုံးမိခဲ့တယ်....

ရော်ရွက်ဝါလေးတွေက ကြွေ
ဟိုး...အဝေးတစ်နေရာကို ငေးကြည့်
အလွမ်းတွေက ဝေ
အတိတ်ကိုပြန်တွေးရင်း
အနမ်းတွေက ခြွေ
မြေခနေတဲ့ ရွက်ခြောက်တွေနဲ့အပြိုင်
လွမ်းနေတာက နွေ..........

သစ်ရွက်ခြောက်လေးတွေ စကားမပြောတက်ပေမဲ့
အလွမ်းနဲ့ ဇတ်သိမ်းထားတဲ့ပြဇတ်တစ်ပုဒ်ကို
ကလကာနောက်ကွယ်ကနေ
သူတို့ ခံစားပေးနိုင်ခဲ့မှာပါ
ပူလောင်မှုတွေက ငါ့ရဲ့ကျောပြင်ထက်မှာ

ကြယ်မလင်းတဲ့ လမိုက်ညမှာ
မက်ခဲ့ရတဲ့ အိပ်မက်တိုင်း
နွေလို
တမြည့်မြည့် ပူ
နာရီတွေ နောက်ပြန်ရစ်လို့ရဦးမယ်ဆိုရင်ပေါ့
အရင်လို
တစ်နေ့နေ့ အတူ

အေးစက်တောင့်တင်းနေတဲ့
သောက်လက်စ ကော်ဖီခါးခါးက
အလွမ်းနဲ့ နွေကို
နှစ်သိမ့်မပေးနိုင်သေးဘူး
ခုံတန်းလေးတွေကလည်း အထီးကျန်
လွမ်းနေဆဲပါပဲ နွေ..........

တသွင်သွင် တိုက်ခတ်လာတဲ့
လေညင်းကလေးတွေက ထင်းရူးရနံ့လေးတွေ
ယူဆောင်လာတယ်
ပုဇဉ်းရင်ကွဲတွေရဲ့ အော်သံတွေက
ငါ့ကိုများ လှောင်နေသလား
ငါ့ကိုများ ပြောင်နေသလား

ရင်ဘက်ထဲ ခဏဝင်ကြည့်လိုက်
ကြေမွခဲ့တဲ့ အိပ်မက်တွေကို
နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ
တွေ့ရမှာပါ

နေပူကြဲတဲထဲက အဖော်မဲ့ပင်စည်တိုင်းရဲ့
အရိပ်အာဝါသတွေက
ငါ့ရင်ကို မအေးမြစေနိုင်ခဲ့ဘူး
မျော်လင့်ချက်တိုင်းကလည်း
နွေရဲ့သစ်ရွက်လေးတွေလို ကြွေ

အကယ်၍
လွမ်းခွင့်သာရှိနေဦးမယ်ဆိုရင်
အတ္တတွေ မာန်မာနတွေကျောခိုင်းပြီး
လွမ်းနေဦးမှာပါ နွေ

ဆွေးခွင့်သာ ကံတရားဆိုရင်လည်း
မညီမျှခြင်းတွေကို မျဉ်းပြိုင်ပေါ်ရေးဆွဲလို့
အဖော်မဲ့ တစ်ယောက်ထဲ
ဆွေးနေဦးမှာပါ နွေ

ရယူပိုင်ဆိုင်ခွင့်သာ ရှိခဲ့မယ်ဆိုရင်တော့
ချိုမြဖူးပွင့်နေတဲ့ နှုတ်ခမ်းလွှာအစုံကို
နမ်းရှိုက်ပါရစေ နွေရယ်.......

အသင့်ရဲ့ ပူလောင်မှုတွေကို
ကျွန်ုပ်ရင်ဆီ ဖြန့်ကျတ်လိုက်ပါ
သစ္စာနဲ့ ရောယှက်လို့
ရေခဲပြင်တမျှ အေးမြမှုမျိုးတွေ
တစ်နေ့
ဆောင်ကျဉ်းပေးနိုင်မှာပါ
နွေရယ်............

MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...