"အမှောင်နံရံရဲ့ တစ်ဖက်တွင်တည်ရှိသော"
***************************
ညတစ်ညရဲ့ မှောင်မိုက်မှုတွေနဲ့အတူ
မဟာပထဝီမြေထုရဲ့ တစ်နေရာ
အိပ်စက်နေတဲ့ ငါ့အား
လမင်းတစင်းရဲ့ အလင်းမြှားတွေက
ထိုးနှက်လိုက်တယ်
ပြာတောက်နေတဲ့ ကောင်းကင်တွေပေါ်မှာ
တိမ်မည်းတွေက ဖုံးအုပ်........
သိုဝှက်မိခဲ့တဲ့ အမှန်တရားတွေက
မပြောဖြစ်ခဲ့တဲ့ အမှန်တရားတွေက
ချုပ်တီးခဲ့ရတဲ့ စကားလုံးတွေက
မြိုသိပ်ထားခဲ့ရတဲ့ ကြင်နာမှုတွေက
ငါ့အတ္တတွေကို ထိုးခွဲလိုက်တယ်
ငါ့ရဲ့မေတ္တာကို ထိုးခွဲလိုက်တယ်
အင်း...........
သူ့အတွက်တော့ ငါဆိုတာ
အော်ပရာကမယ့် ဇတ်မင်းသားသာသာရယ်.........
နောက်လူတွေကျန်သေးတယ်တဲ့
အခါးစပ်နေတဲ့ ၁၅၀၀ မေတ္တာတရားကြီးက
ငါ့ကို လှမ်းအော်ပြောတယ်
ငါ နှုတ်ဆက်စကားမဆိုမိသေးခင်
ပြင်းထန်တဲ့ သူ့ရဲ့မြှားတစ်ချက်ကြောင့်
ဘဝတိုင်းအတွက် သူ့ကိုစိတ်ချသွားမိတယ်........
ဒါပေမယ့်လဲ ပြောလို့မှမရတာ
အရာရာတိုင်းက ၁ ပြီးရင် ၂ လာမှာပဲ
ငါ့နောက်မှာလဲ ငါ့လိုလူတွေတစ်ပုံကြီး........
ပင်ယံထက်က သစ်ရွက်ခြောက်လေးကြွေကျလာတဲ့ခဏ
သွားပြီ.....ငါ့အတွက် ဒါနောက်ဆုံးပဲ
ငါ့ရဲ့ချစ်ခြင်းတွေအားလုံးကျောခိုင်း
မြေသားရဲ့ လစ်ဟာနေတဲ့တွင်းပေါက်ထဲကို
မျက်ရည်တွေ ဝမ်းနည်းမှုတွေအသာသိမ်းဆည်း
ဘယ်သူမှမမြင်အောင်ဝှက်ပြီး
ကျောတစ်ခင်းစာအတွက် အပူအပင်မဲ့လှဲချလိုက်တယ်......
ငါမြင်ခဲ့ရတာက ငါ့ကိုဖက်တွယ်ငိုနေတဲ့သူတွေရယ်
ပဝါစတွေရဲ့နောက်ကွယ်က မုသားနဲ့ရောယှက်ထားတဲ့မျက်ရည်တွေရယ်
ပြီးတော့ သူ့ရဲ့
လှိုက်ငိုနေတဲ့ ပုံရိပ်တွေရယ်...........
တရားနာအမျှဝေပြီး ရေစက်ချ
ကြေးစည်သံအဆုံးမှာ
သူ..........
မျက်ရည်တစ်စက်ကျလာတယ် ငါ့မြေပုံပေါ်
ငါမွန်းကျပ်နေတယ် ငါသူ့ကိုဖြောင်းဖျချင်တယ်
ငါ့သူ့ကို ထွေးပိုက်နှစ်သိမ့်ပေးချင်တယ်
ဒါပေမယ့် လောကနဲ့မအပ်စပ်တော့တဲ့ငါ့အတွက်
ရယူပိုင်ခွင့် မရှိတော့ဘူး
လွမ်းပိုင်ခွင့် မရှိတော့ဘူး
နမ်းပိုင်ခွင့် မရှိတော့ဘူး.......
အဖာထေးရာတွေနဲ့ ပြည့်နှက်နေတဲ့
အုတ်သားနံရံတိုင်းက ငါ့အိပ်ယာ........
မှောင်မိုက်မှုတွေက ငါ့ဝတ်ရုံမဟုတ်ပေမယ့်လဲ
ဆုပ်ကိုင်ထားမိခဲ့တဲ့ အိပ်မက်တွေက
အသက်မဲ့နေတဲ့ ပေတရာထက်မှာ
ရှုပ်ပွ ပြန့်ကြဲ
ဒါဟာ ငါ့ဘဝအစစ်အမှန်မဟုတ်သေးဘူး
ဒီထက်ဆိုးတာတွေအများကြီးပဲ........
တကယ်လို့သာလေ ငါနင့်အတွက်ကျခဲ့ရတဲ့
မျက်ရည်တိုင်းသာ ပန်းပွင့်ခဲ့မယ်ဆိုရင်ပေါ့
ဗန်းဆင့်ဗန်းဂိုးရဲ့ ပန်းခင်းကြီးဟာ
ငါ့ပိုင်ဆိုင်မှုရဲ့ တစ်စိတ်တစ်ဒေသ........
ကမ္ဘာ့ဝန်ရိုးစွန်းတစ်ဖက်ဆီက ဆည်းဆာဟာ
ငါ့အတွက် မလှပခဲ့ဘူးဆိုရင်တောင်
နင့်နှလုံးသား ထောင့်တစ်နေရာက
ငါ တိုးဝင် ခိုလှုံခဲ့ဖူးတဲ့နေရာလေးကို
ငါ့အစား နှင်းဆီရဲ့ရနံ့တွေ ဖြန့်ကြဲထားမိချင်ရဲ့.......
မဖြစ်နိုင်တော့ဘူး
ခွေးအတွေကြားမှာ ရုပ်ပျတ်နေတဲ့
ငါ့ခန္တာကြီးက သူနဲ့မအပ်စပ်တော့ဘူး
အရာအားလုံးရဲ့ ဟိုး.....အဝေးကြီးမှာ
ဒါပေမယ့်လေ.........
ငါငိုနေတာ သူတို့မမြင်နိုင်ခဲ့
ငါ့ဟစ်အော်နေတဲ့အသံတွေ သူတို့မကြားနိုင်ခဲ့
သူတို့ မမြင်နိုင်တဲ့လောကတစ်နေရာ
ကမ္ဘာတစ်ဖက်ခြမ်းက ငါ့အတွက်တော့
နေဝင်ဆည်းဆာမှာ အမှောင်လွှမ်းခဲ့ပြီဆိုတာ
အသင် မမြင်နိုင်ခဲ့
ဒါငါ့အနာဂတ် တစ်စိတ်တစ်ဒေသပဲ.........
(ကြိုးစားလျှက်)
MC ကာရံလေး
http://mckaryanlayy.blogspot.com
***************************
ညတစ်ညရဲ့ မှောင်မိုက်မှုတွေနဲ့အတူ
မဟာပထဝီမြေထုရဲ့ တစ်နေရာ
အိပ်စက်နေတဲ့ ငါ့အား
လမင်းတစင်းရဲ့ အလင်းမြှားတွေက
ထိုးနှက်လိုက်တယ်
ပြာတောက်နေတဲ့ ကောင်းကင်တွေပေါ်မှာ
တိမ်မည်းတွေက ဖုံးအုပ်........
သိုဝှက်မိခဲ့တဲ့ အမှန်တရားတွေက
မပြောဖြစ်ခဲ့တဲ့ အမှန်တရားတွေက
ချုပ်တီးခဲ့ရတဲ့ စကားလုံးတွေက
မြိုသိပ်ထားခဲ့ရတဲ့ ကြင်နာမှုတွေက
ငါ့အတ္တတွေကို ထိုးခွဲလိုက်တယ်
ငါ့ရဲ့မေတ္တာကို ထိုးခွဲလိုက်တယ်
အင်း...........
သူ့အတွက်တော့ ငါဆိုတာ
အော်ပရာကမယ့် ဇတ်မင်းသားသာသာရယ်.........
နောက်လူတွေကျန်သေးတယ်တဲ့
အခါးစပ်နေတဲ့ ၁၅၀၀ မေတ္တာတရားကြီးက
ငါ့ကို လှမ်းအော်ပြောတယ်
ငါ နှုတ်ဆက်စကားမဆိုမိသေးခင်
ပြင်းထန်တဲ့ သူ့ရဲ့မြှားတစ်ချက်ကြောင့်
ဘဝတိုင်းအတွက် သူ့ကိုစိတ်ချသွားမိတယ်........
ဒါပေမယ့်လဲ ပြောလို့မှမရတာ
အရာရာတိုင်းက ၁ ပြီးရင် ၂ လာမှာပဲ
ငါ့နောက်မှာလဲ ငါ့လိုလူတွေတစ်ပုံကြီး........
ပင်ယံထက်က သစ်ရွက်ခြောက်လေးကြွေကျလာတဲ့ခဏ
သွားပြီ.....ငါ့အတွက် ဒါနောက်ဆုံးပဲ
ငါ့ရဲ့ချစ်ခြင်းတွေအားလုံးကျောခိုင်း
မြေသားရဲ့ လစ်ဟာနေတဲ့တွင်းပေါက်ထဲကို
မျက်ရည်တွေ ဝမ်းနည်းမှုတွေအသာသိမ်းဆည်း
ဘယ်သူမှမမြင်အောင်ဝှက်ပြီး
ကျောတစ်ခင်းစာအတွက် အပူအပင်မဲ့လှဲချလိုက်တယ်......
ငါမြင်ခဲ့ရတာက ငါ့ကိုဖက်တွယ်ငိုနေတဲ့သူတွေရယ်
ပဝါစတွေရဲ့နောက်ကွယ်က မုသားနဲ့ရောယှက်ထားတဲ့မျက်ရည်တွေရယ်
ပြီးတော့ သူ့ရဲ့
လှိုက်ငိုနေတဲ့ ပုံရိပ်တွေရယ်...........
တရားနာအမျှဝေပြီး ရေစက်ချ
ကြေးစည်သံအဆုံးမှာ
သူ..........
မျက်ရည်တစ်စက်ကျလာတယ် ငါ့မြေပုံပေါ်
ငါမွန်းကျပ်နေတယ် ငါသူ့ကိုဖြောင်းဖျချင်တယ်
ငါ့သူ့ကို ထွေးပိုက်နှစ်သိမ့်ပေးချင်တယ်
ဒါပေမယ့် လောကနဲ့မအပ်စပ်တော့တဲ့ငါ့အတွက်
ရယူပိုင်ခွင့် မရှိတော့ဘူး
လွမ်းပိုင်ခွင့် မရှိတော့ဘူး
နမ်းပိုင်ခွင့် မရှိတော့ဘူး.......
အဖာထေးရာတွေနဲ့ ပြည့်နှက်နေတဲ့
အုတ်သားနံရံတိုင်းက ငါ့အိပ်ယာ........
မှောင်မိုက်မှုတွေက ငါ့ဝတ်ရုံမဟုတ်ပေမယ့်လဲ
ဆုပ်ကိုင်ထားမိခဲ့တဲ့ အိပ်မက်တွေက
အသက်မဲ့နေတဲ့ ပေတရာထက်မှာ
ရှုပ်ပွ ပြန့်ကြဲ
ဒါဟာ ငါ့ဘဝအစစ်အမှန်မဟုတ်သေးဘူး
ဒီထက်ဆိုးတာတွေအများကြီးပဲ........
တကယ်လို့သာလေ ငါနင့်အတွက်ကျခဲ့ရတဲ့
မျက်ရည်တိုင်းသာ ပန်းပွင့်ခဲ့မယ်ဆိုရင်ပေါ့
ဗန်းဆင့်ဗန်းဂိုးရဲ့ ပန်းခင်းကြီးဟာ
ငါ့ပိုင်ဆိုင်မှုရဲ့ တစ်စိတ်တစ်ဒေသ........
ကမ္ဘာ့ဝန်ရိုးစွန်းတစ်ဖက်ဆီက ဆည်းဆာဟာ
ငါ့အတွက် မလှပခဲ့ဘူးဆိုရင်တောင်
နင့်နှလုံးသား ထောင့်တစ်နေရာက
ငါ တိုးဝင် ခိုလှုံခဲ့ဖူးတဲ့နေရာလေးကို
ငါ့အစား နှင်းဆီရဲ့ရနံ့တွေ ဖြန့်ကြဲထားမိချင်ရဲ့.......
မဖြစ်နိုင်တော့ဘူး
ခွေးအတွေကြားမှာ ရုပ်ပျတ်နေတဲ့
ငါ့ခန္တာကြီးက သူနဲ့မအပ်စပ်တော့ဘူး
အရာအားလုံးရဲ့ ဟိုး.....အဝေးကြီးမှာ
ဒါပေမယ့်လေ.........
ငါငိုနေတာ သူတို့မမြင်နိုင်ခဲ့
ငါ့ဟစ်အော်နေတဲ့အသံတွေ သူတို့မကြားနိုင်ခဲ့
သူတို့ မမြင်နိုင်တဲ့လောကတစ်နေရာ
ကမ္ဘာတစ်ဖက်ခြမ်းက ငါ့အတွက်တော့
နေဝင်ဆည်းဆာမှာ အမှောင်လွှမ်းခဲ့ပြီဆိုတာ
အသင် မမြင်နိုင်ခဲ့
ဒါငါ့အနာဂတ် တစ်စိတ်တစ်ဒေသပဲ.........
(ကြိုးစားလျှက်)
MC ကာရံလေး
http://mckaryanlayy.blogspot.com

No comments:
Post a Comment