"ဝေးလွင့်ငှက်ငယ်"
************
ပြိုမလို ကောင်းကင်တစ်ခိုရဲ့တစ်နေရာ
မိုးရေစက်တွေအလယ်
အထီးကျန်ခြင်းတွေကို တိုးတိုးလေးဆိုညည်း
လေပြင်းတွေက မျော်လင့်ချက်တွေကိုတိုက်ဖျတ်......
ညဟာ မှောင်မိုက်လွန်းလှတယ်
အသည်းကွဲသံစဉ်တွေ ဆိုညည်း
ဝမ်းနည်းမှုတွေကို ဆိုညည်း
နာကျည်းမှုတွေကို ဆိုညည်း
ပြီးတော့.......
နင်ကျင်မှုတွေကို ဆိုညည်း.......
လေလွင့်ခြေရာတိုင်းရဲ့ တစ်ဖက်ဆီက
လွင့်ပျံလာတဲ့ ဂန္တဝင်တေးသွားတိုင်းဟာ
အဖော်မဲ့ စောင်းကြိုးအိုလေးတွေရဲ့
အရှိုက်ကို ထိသွားတယ်........
သမုဒ္ဒရာတွေရဲ့အလယ် ရေခဲပြင်ကြီးဆီက
ဝက်ဝံတွေရဲ့အရှိုက်ကို ထိသွားတယ်
တိရစ္ဆာန်ရုံထဲက ဆင်ပေါက်လေးရဲ့အရှိုက်ကို
ထိသွားတယ်.......
ထက်ကောင်းကင်ရဲ့ တိမ်စိုင်တွေကြားထဲ
တစ်ကိုယ်ထဲ ပျံသန်းရင်း
ဆိုညည်းမိလိုက်တဲ့ စိတ္တဆန်ဆန်တေးသွားတွေက
နားဆင်မိသူတွေရဲ့ နားစည်ထဲကို
တိုးဝင် ခါးသက် ပြင်းရှ ပူလောင် ငိုကြွေး.......
ဒါတွေထားလိုက်ပါလေ
အဖော်မဲ့စွာ အတောင်ဖြန့်နေရတဲ့ငါ့ဘဝ
အတောင်ပံအစုံမှာ တွဲခိုနေတဲ့မိုးရေစက်ကလေးတွေကြောင့်
အမြင့်ဆုံးကို မရောက်နိုင်
ဘယ်တော့မှလဲ ရောက်မှာမဟုတ်ဖူး......
ဒါဟာ ငါ့ဘဝ
ဒါဟာ ငါ့ဒဏ်ရာ
ဒါဟာ ငါ့မျက်ရည်
ဒါဟာ ငါ့တေးသွား
ဟူး.............
တီးလက်စ ဂစ်တာကြိုးလေးမပြတ်ခင်
စာအုပ်လေးကို အသာချ
ကော်ဖီခါးခါးလေးကို တစ်ကျိုက်မော့ရင်း
မိုးရေစက်တွေကို ငေးကြည့်မိတယ်
ဟိုး...အဝေးမှာ
အတောင်ဖြန့်သွားတဲ့ ငှက်ငယ်လေး
ပျံပေဦးတော့.....ငှက်ငယ်လေးရယ်
ငါလဲ ဆက်ပြီးငိုကြွေးရဦးမယ်
ညတွေတိုင်းဟာ မမှောင်မိုက်တော့မယ့်
တစ်နေ့...အထိ
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရ့်ံလေး
No comments:
Post a Comment