Sep 28, 2017

"ဂျိုးဖြူငှက်လေး ပြန်လာပါ"

"ဂျိုးဖြူငှက်လေး ပြန်လာပါ"
************************

အပြာရောင်ကောင်းကင်ထက်မှာ
ဂျိုးဖြူငှက်လေး အဝေးတစ်နေရာပျံသန်း
မလုံမလဲစိတ်နဲ့ မြေပြင်ငုံ့ကြည့်မိတော့
ပွင့်သစ်စ ပန်းကလေးတွေရဲ့ကြားက
အပြာရောင်ပေါ် ရေးခြယ်နေတဲ့အမဲစက်တွေ.......။

ကျောင်းစိမ်းအဖြူနဲ့ လွယ်အိတ်တွေကြား
ဒုက္ခတွေ ထမ်းပိုးလို့
ကြောက်တစ်ဝက် လန့်တစ်ဝက်
စိတ်မပူပါနဲ့အမေ
သား ကျောင်းဆင်းရင်
အိမ်တန်းပြန်လာမှာပါ........။

ငါ့အသွေး ငါ့အသား
ထိုးဖြတ်ယူဖို့ ပျံသန်းလာတဲ့
ကျည်ပွင့်တွေမှာ ငါ့ရဲ့အိမ်မက်တွေပါလာတယ်
ငါ့ရဲ့ ရည်မှန်းချက်တွေပါလာတယ်
ငါ့ရဲ့ အားအင်တွေပါလာတယ်...........။

လိပ်ပြာလေးတွေ မပျံသန်းနိုင်တော့တာ
ဘယ်သူ့ကြောင့်လဲ
ပန်းပွင့်တွေကြားက သွေးစွန်းရာတွေ
ခုချိန်ထိ မခြောက်သွေ့ခဲ့ဘူး.........။

ဂျိုးဖြူငှက်ကလေး ပြန်မလာသေးပေမယ့်
ဒုက္ခတွေ ဆေးဆိုးထားတဲ့ဘဝတွေအတွက်
နေရာတွေ အတည်တကျမရှိ
အိမ်ပြန်မဲ့လမ်းမှာတော့ သွေးကွက်တွေအပြည့်........။

အပြာရောင်ကောင်းကင်ယံက တောင်ပံခတ်သံတွေ
ကိုက်ချီလာမဲ့ စပါးနှံလေးတွေ
သူ ဘယ်အချိန်ရောက်လာမလဲ..........။

ဂျိုးဖြူငှက်ကလေးရေ
မင်း အတောင်ညောင်းတဲ့တစ်နေ့
ပြန်လှညိ့်လာခဲ့ပါ
အပြာရောင် ဆေးသားတွေနဲ့အတူ
စောင့်မျော်နေပါတယ်........။

အိပ်မက်တွေ ရိုက်ချိုးခံရတဲ့ညတွေအတွက်
မင်း ပြန်လာခဲ့ပါ..........။

မျော်လင့်ချက်တွေ စတေးခံထားရတဲ့
ဘဝတွေအတွက်
မင်း ပြန်လာခဲ့ပါ.........။

အနီရောင်တွေ လွှမ်းနေတဲ့
မြေထုတွေအတွက်
မင်း ပြန်လာခဲ့ပါ.........။

ငြိမ်းချမ်းခြင်းတွေအတွက် မင်းပြန်လာခဲ့ပါ
ဂျိုးဖြူငှက်လေးရယ်..........။

MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...