Sep 29, 2017

"စတေးခဲ့သည်...သို့သော်"

"စတေးခဲ့သည် သို့သော်"
**********************

အိပ်မှုန်စုံးမွှားဖြစ်ခဲ့ရတဲ့ အသည်းတစ်ခြမ်းက
မိုးစက်တွေ ပတ်ဖြန်းလည်း
သူ မလန်းခဲ့.........။

လိပ်ပြာခြုံတဲ့ စောင်တစ်ထည်သာ
ရွက်ကြွေတွေရဲ့ တစ်ဖက်ခြမ်းမှာ..........။

ကျူးပစ်နဲ့ အတူ
အိပ်မက်ကမ္ဘာဆီ အလည်ရောက်ခဲ့တယ်
အဲ့ဒီနေ့က..........။

မက်မက်မောမော စုပ်ယူခဲ့တဲ့
ဓားသွားထက်က ပျားရည်စက်တိုင်းက
အဆိပ်သင့်နှုတ်ခမ်းပါးတစ်စုံအတွက်
အက်ကြောင်းရာတွေ ချန်ထားခဲ့တယ်..........။

သို့သော်.........။

လွမ်းခွင့်မရှိ
မေတ္တာတွေသာ
အသုံးချခံ သက်သက်.........။

အကြင်နာကင်းမဲ့နေတဲ့
သစ္စာတွေအတွက်
တေးသီငှက်ရဲ့ သာယာမှုတွေ
စတေးခဲ့သည်.........။

သို့သော်..........
အိပ်မက်က အိပ်မက်ပါပဲ
လန့်နှိုးခဲ့တဲ့ အတိတ်ရဲ့အရိပ်တွေတိုင်းအတွက်
အရာရာဟာ
မနေ့တစ်နေ့ကလိုပဲ.........။

အနာမကျတ်သေးတဲ့ ဒဏ်ရာဒဏ်ချက်တိုင်းဟာ
လှ...တ...ပ...တ..နဲ့...........။

MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...