Jun 22, 2018

ကြေညာချက်

ZG

ရင်ကွဲနှုတ်ဆက်လမ်း


>>>>>>>>View Video<<<<<<<<

>>>>>>>>View Video<<<<<<<<

UNI
အမလို ခင်မင်ရတဲ့ ဆရာမ အလင်္ကကျူးရင့်ရဲ့ ကဗျာလေးပါ ကျွန်တော့်ကို ဒီကဗျာလေး ရွတ်ပေးပါ့လားဆိုပြီး အကူညီတောင်းတာနဲ့ ကျွန်တော်ကိုင်တိုင်ကလဲ ရွတ်ချင်နေတာနဲ့ ကွက်တိဖြစ်ပြီး ရွတ်ပေးလိုက်တာပါ လုပ်ထားထားတော့ ကြာလှပါပြီ ဆရာမကို မပေးဖြစ်သေးတာနဲ့ ဖုန်းထဲ သိမ်းထားလိုက်တာပါ.အခုမှ ကဒ်ကလဲ မဆံ့တော့တာနဲ့ ပြီးတော့ ဖျတ်လိုက်ရင်လဲ Backup လုပ်ထားတာ မရှိသေးတာသေးတာနဲ့ နောက်လဲ ပြန်ရှာရင် လွယ်အောင် အကုန်လုံးလဲ နားထောင်ရအောင်ဆိုပြီး တင်ပေးထားပါ.ခွင့်မတောင်းပဲ တင်လိုက်မိတဲ့အတွက် တောင်းပန်ပါတယ်အမ.တီလုံးကိုလဲ မတီးတက်တီးတက်နဲ့ အလွဲလွဲအချော်ချော် တီးထားတာပါ.အနုပညာကိုချစ်တယ် အနုပညာနဲ့ ကူညီခွင့်ရတဲ့အတွက်လဲ အတိုင်းမသိဝမ်းသာမိပါတယ်ဆရာမ.Video လေးတွေကိုတော့ Video Version နဲ့ Photo Version ဆိုပြီး Version နှစ်ခုခွဲလုပ်ပေးထားပါတယ်.

ရင်ကွဲနှုတ်ဆက်လမ်း

Poem Lyrics - ဆရာမ အလင်္ကာကျူးရင့်
Beat Mixing - Kသာမိုး(မန်းမြေ)
Vocalist - Kသာမိုး(မန်းမြေ)
Recording Studio - Music's God
Video Edit - Kသာမိုး(မန်းမြေ)

Watch "ရင်ကွဲနှုတ်ဆက်လမ်း poem" on YouTube
>>>>>>>>View Video<<<<<<<<<

Watch "ရင်ကွဲနှုတ်ဆက်လမ်း video version" on YouTube
>>>>>>>>View Video<<<<<<<<<

Jun 21, 2018

ဟိုဘက်ကမ်းက မီးထိန်ထိန်

ဟိုဘက်ကမ်းက မီးထိန်ထိန်
~~~~~~~~~~~~~~~~~ Kသာမိုး(မန်းမြေ)

အနောက်မုတ်သုန်က
အမှောင်ညတွေကို အန်ချပြတယ်။

ငါမခေါ်ပဲနဲ့
မီးသတ်ကား မရောက်လာနိုင်ဘူးဆိုတဲ့
သဘော။

ဒါဟာ အခုချိန်ထိ
ပရိပက္ခတစ်ခုလို ဖြစ်နေတုန်း။

Kသာမိုး(မန်းမြေ)

မီးဖိုချောင်မှာ ငါးကြော်တစ်ကောင်ထိုင်စားပြီး ငါ ကဗျာရေးနေတယ်.....

မီးဖိုချောင်မှာ ငါးကြော်တစ်ကောင်ထိုင်စားပြီး
ငါ ကဗျာရေးနေတယ်.....
~~~~~~~~~~~~~~~~~~~~~~~~~~~~ Kသာမိုး(မန်းမြေ)

ဆည်းဆာကို မော့သောက်ပြီး
မထူးဆန်းတဲ့ သူလိုကိုယ်လိုနေရာမှာ
ထမင်းထိုင်စားတယ်။

ငါစားနေတဲ့ငါးကြော်
ကြောင်မစားဘူး
ကြောင်စားသွားတဲ့ငါးကြော်
ငါမစားဘူး။

အခု
မီးဖိုချောင်ထဲမှာ ငါထမင်းထိုင်စားနေတယ်
ဘယ်သူမှ မစားရသေးတဲ့ငါးကြော်တစ်ကောင်
ငါစားနေတယ်
ပြီးတော့
ဘယ်သူမှ မဖတ်ရသေးတဲ့ကဗျာတစ်ပုဒ်
အခု ရေးပြီးပြီ
ဒီလောက်ပါပဲ။

Kသာမိုး(မန်းမြေ)

The End

The End
~~~~~~~Kသာမိုး(မန်းမြေ)

သစ္စာပန်းတွေ သစ်စိမ်းချိုးအချိုးခံရတော့
မှိုင်းမိနေတဲ့ လရောင်က
သွေးမတိတ်သေးတဲ့ ဒဏ်ရာတွေမော့သောက်ပြ
အဆုံးသတ်က The End။

လောင်းရိပ်မိနေတဲ့ တေးသွားတွေက
သံပတ်မပေးပဲ အရှိန်နဲ့ခုတ်မောင်းဆဲပေါ့
လောလောလတ်လတ် အသတ်ခံထားရတာက
ငါ့နရီအပိုင်းအစတွေ
ဟင်းလင်းပွင့်နေတဲ့ ရင်ဘတ်ကို
အသည်းကွဲတယ်လို့ စာတန်းထိုးပြတော့
မူမမှန်တော့တဲ့ ငါ့ပေတရာဟာ
The End
ပျံသန်းဖို့ အားယူနေတဲ့
တေးသီငှက်တွေလဲ The End
အဖျတ်ခံထားရတဲ့ ငါ့မြို့ရိုးတွေလဲ
The End ။

ပုဒ်မ မချရသေးတဲ့
ခါးသက်သက် ကော်ဖီတစ်ခွက်ရဲ့ရာဇဝင်က
သမိုင်းထဲ အထည့်မခံလိုက်ရဘူး
အိပ်ရေးပျက်နေတဲ့ မျက်နှာတွေကို
တစ္ဆေတစ်ကောင်ရဲ့ အထီးကျန်ခြင်းတွေနဲ့
Desing ဆွဲပေးလိုက်တယ်
The End။

လေပြည် တစ်ချက်အဝှေ့
ငါသိပ်မြတ်နိုးခဲ့တဲ့ မျက်ဝန်းလေးတွေပျောက်သွားတော့
အရက်နံ့နံနေတဲ့ ငါ့နှုတ်ခမ်းဖျားတွေ
ခေါင်းအုံးအောက် ထားအိပ်လိုက်တယ်
The End။

Kသာမိုး(မန်းမြေ)

ငါမော့မသောက်ဖြစ်သေးတဲ့ တိမ်တွေ

ငါမော့မသောက်ဖြစ်သေးတဲ့ တိမ်တွေ
~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ကောင်းကင်ကို ရူးသွပ်နေတဲ့အခါ
စုတ်ပျက်နေတဲ့ ပါဒတွေက
ခပ်ရေးရေးအိပ်မက်တွေကို
မြိန်ယှက်စွာ စားသုံးဆဲ။

ဒီမြို့ရိုးကို ကျော်ဖြတ်ရမယ်
ည ညကျ ထ ထယောင်တဲ့ ဒဏ်ရာဟောင်းတစ်ချို့
မျက်ရည်တွေ ကခုန်နေလိုက်ကြပုံများ
သဲမရှိတဲ့ ကန္တာရလို
ဟင်းလင်းပြင်ကြီး။

အဝေးဆီက ဂန္တဝင်သံ
ရေးတေးတေး ကြားလာတော့
ငါသောက်နေတဲ့ နှစ်ချို့ဝိုင်ဟာ
တဖြည်းဖြည်းနဲ့ ခါးသက်လာခဲ့။

နရီအနိမ့်အမြင့်တွေကြား
ငါ့ဖားဖိုကြီး ဘယ်သူမီးလာငြိမ်းသလဲ
အဖြေကို မီးညှိကြည့်တော့
နစ်နေတဲ့ စည်းဝါးသံတစ်ချို့
ငါ့ရင်ဘတ် သေးနုပ်နုပ်လေးထဲ
ထွန်းလင်းလာကြ
ဗျည်းသရတွေရွာချလာရင်
စီးဆင်းမှုတွေထဲကလိုပဲ
ငါ့အတ္တဟာ ပြန်ရှင်သန်နိုင်ရဲ့။

အခါခါတွေး
အခါခါရေး
ငါ့ဖန်ခွက်ထဲက တိမ်တွေ
မော့မသောက်ဖြစ်ပဲ
အလှကြည့်နေရတာ
အရသာတစ်ခုပါ..။

Kသာမိုး(မန်းမြေ)

မိုးခါးဝိုင်

မိုးခါးဝိုင်
~~~~~ Kသာမိုး(မန်းမြေ)

ဧရာဝတီကို ငေးရင်း
ငိုနေတဲ့ မိုးတွေကို
မေးကြည့်မိ

ငါ့ရင်ကို ခါးစေခဲ့တာ
ပျော်ရဲ့လား...လို့

သောက်လက်စ ဝိုင်တစ်ခွက်
အချို
အချဉ်
အစပ်
အဖန်
အငံ
အခါး
ရသာ ၆ ပါး
မဝံ့မရဲ မျိုချ
အာရုံတွေ မိန်းမူး
ရင်ထဲမှာ ရှတတနဲ့

ဒီလို တိမ်တွေငိုနေတဲ့အခါတိုင်း
ကြိုးတွေ တရစ်ပြီးတရစ်ပတ်
နာကျင်စေခဲ့တဲ့ ကျိန်စာတွေ
ရင်ထဲမှာ ဖြေမပြေနိုင်

ခိုက်ရာတွေနဲ့ ပြည့်နေတဲ့
စာပိုဒ်တစ်ခုဆီတိုင်းမှာ
ငါ ယစ်မူးခဲ့တဲ့
ပန်းတစ်ပွင့်စီ စိုက်ထားခဲ့
ရင်နာခြင်းသမိုင်းအတွက်
အမှတ်တရ

အခုစာသားတွေ
ငိုသံပါလာရင်
မိုးခါးဝိုင် သောက်
ကွဲရှသွားတဲ့ တဏုာတွေ
ပြန် တန်ဆာဆင်ပြီး
သူ့ကို
ဆက်....လွမ်းမယ်....

Kသာမိုး(မန်းမြေ)

မင်း ရှက်တက်ရင် သိပ်ကောင်းမှာပါ

မင်း ရှက်တက်ရင် သိပ်ကောင်းမှာပါ
~~~~~~~~~~~~~~~~~~~~~~

အပေါစားရေမွှေးဆွတ်ထားပြီး
ချွေးနံ့လှိုင်နေတဲ့ ခန္တာကိုယ်ကြီးနဲ့
အများတကာရှေ့ ထုတ်ထုတ်မကြွားပါနဲ့လား
အဲ့ဒီ မင်းပြောတဲ့အောင်မြင်မှုဆိုတာကြီးကလေ
တစ်ဆင့်ချိုင့်တွေအတွက် စားမြိန်ဟင်းပွဲမဟုတ်ဖူးဟ
ဖြစ်နိုင်ရင် အနဲဆုံးတစ်နေ့တစ်ခါလောက်တော့
မှန်ကြည့်ပေါ့။

ရေမဆေးတဲ့ မင်းရဲ့ပါဆယ်ထုတ်တွေ
ရွှေကွပ်မနေစမ်းပါနဲ့
စောက်ရမ်း အကြည့်ရဆိုးတာ
မင်းမိုက်ရူးရဲဆန် လွှင့်ပစ်ခဲ့တဲ့
တန်ဖိုးကြီးပစ္စည်းတစ်ခုက
ခွေးလေးဟောင်လို့ ဖုန်တောင်မထဘူး။

ဘောင်မဝင်တဲ့ မင်းရဲ့ပုစ္ဆာတွေ
စောက်ရှက်မရှိ လျှောက်ပြီးအမှန်ခြစ်ပြမနေနဲ့
ဘဝင်ရူးက ဘာဆေးနဲ့မှကုမရဘူး
အပေါ်ယံ ဒီဇိုင်းနဲ့လဲ
သံကောင်းဟစ်မနေနဲ့
တစ်နေ့ကိုတစ်ခါ ရေမှန်မှန်ချိုး။

ခြေသုတ်ခုံအဆင့်လောက်နဲ့
အမြင့်ရောက်တယ် ထင်မနေနဲ့
အပေါ်ယကတော့ ချိုတာမှန်ပါတယ်
အနှစ်က ခါးမှန်းသိတော့လူတစ်ချို့အတွက်ကျတော့
မင်းပြောတဲ့စကားတွေက ရယ်စရာဖြစ်နေပြန်ရော။

နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဖူးဆိုတာ
ကိုယ့်လူ သိစေချင်ရဲ့
လှေကားသေးသေးလေးနဲ့ အမြင့်ကြီးကိုတက်ရင်
စိတ်ချ ကျိုးကျမှာပဲ။

ပြက်လုံးတွေ ဇွတ်ထုတ်
တစ်ခေါ်စာအဝေး ကမ္ဘာကြီးမှတ်ပြီး
ခြေညောင်းချင်ယောင်ဆောင် လျှောက်နေတဲ့ကောင်
ဒီစိတ်နဲ့သာ မင်းလိုချင်တာရချင်ရင်တော့
ခပ်ရိုင်းရိုင်းပဲ နောက်ဆုံးပြောမယ်
ကျုံးဘေးကိုသွား
ဖင်ကုန်းပြီး လေသာချွန်နေလိုက်တော့
ငါလိုကောင်ကတော့
လီးပဲလို့ပဲ ပြောလိုက်မယ်။

Kသာမိုး(မန်းမြေ)

အကြောင်းကြားလွှာ


Kသာမိုး(မန်းမြေ)
0996460823
09259222024

Phone နည်းပညာနဲ့ပတ်သတ်၍ ဘာပဲနေနေ လိုအပ်တာ အကူညီတောင်းနိုင်ပါတယ် ကျွန်တော်တက်ထားသမျှ သိထားသမျှကို လိုအပ်တာ အခမဲ့ကူညီပေးပါမယ် အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူပါ..
မှတ်ချက် - တက်နေသိနေဆရာတစ်ယောက်ဖြစ်နေ၍ မဟုတ်ပါ တက်သည့်ပညာလေးနဲ့ ကူညီပေးချင်တဲ့ စေတနာတစ်ခုထဲ အတွက်ပါ.စေတနာကို စော်ကားသည့်မန့်မျိုးကိုလဲ ဘယ့်သူ့မှ ခွင့်လွှတ်မည်မဟုတ်ပါ.accound hack ခိုင်းချင်းများအားလဲ မည်သူ့ကိုမှ လုပ်ပေးမည်မဟုတ်ပါ.ကျွန်တော်ပညာသည် သူတစ်ပါးအား ဒုက္ခပေးရန်မဟုတ် ကူညီရန်အတွက် သီးသန့်ပါ.

Kသာမိုး(မန်းမြေ)
09964690823
09259222024

သစ္စာမဲ့မိန်းမ...သို့

"သစ္စာမဲ့ မိန်းမ...သို့.."

၂၁ရာစုရဲ့ ခေတ်သစ်ပကာသနတွေက
ငါ့ရင်ဘတ်ကို
အစိမ်းလိုက် လှီးထုတ်ပစ်တယ်။

လီဗာသံ တဗြင်းဗြင်းတွေကြားက
ရမ္မက်ခိုးဝေနေတဲ့ အသက်ရှုခြင်းဟာ
သိပ် ရွံဖို့ကောင်းတယ်မိမာယာ
အဲ့ဒီ အောက်တန်းစားကာမက
နင်စောက်ရမ်းဘဝမှတ်နေတဲ့ သရေစာလား။

ငါကိုးကွယ်တဲ့ တရာတန်အစုတ်အပျက်တွေမှာ
နင့်ဓာတ်ပုံမပါဘူး...
တစ်သောင်းတန်တွေမှာသာ
နင့်နှုတ်ခမ်းနီတွေပေနေတာ
အဲ့တာ နင်ပြောတဲ့မေတ္တာဆိုတာလားမိမာယာ...။

ဥစ္စာနည်းခြင်းကို ခုတုံးလုပ်
ငါ့သစ္စာတွေ တံတွေးနဲ့ထွေးခံရတယ်
အဲ့ဒီနောက်ဆုံးပေါ် ဆိုင်ကယ်တွေကြား
တခြားခွေးကောင်နဲ့ အပျိုရည်ပျက်ခဲ့တာ...
နင်ငါ့ကို ပြောခဲ့ဖူးတဲ့ချစ်တာလား...
ငါ မသိလို့ထပ်မေးမယ်.....
ဒါ မြန်မာမိန်းကလေးတစ်ယောက်ရဲ့သိက္ခာလား...။

ငါခုံးမ တစ်ကောင်အတွက်
တစ်လှေလုံးပုပ်ခဲ့ရတဲ့
သစ္စာမဲ့ မိန်းမ
မိမာယာ....။

အမြင့်ကို ပျံပါ...
ငါ့ကို ထားခဲ့လိုက်...

တစ်ခုတော့ရှိတယ်...
နင် ဘယ်တော့မှပြုတ်မကျစေနဲ့
ဒါ ငါပို့သတဲ့ မေတ္တာ..။

Kသာမိုး(မန်းမြေ)

လှည့်နေတာမဟုတ်ဖူး သူ့အလိုလိုကို လည်နေတာ...

လှည့်နေတာမဟုတ်ဖူး
             သူ့အလိုလိုကို လည်နေတာ...
~~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

မဖြစ်နိုင်ဘူးဆိုတာတွေက
တကယ်ဖြစ်လာတယ်
ဖြစ်လာမယ်ထင်တဲ့အရာတွေက
ပုံပြင်လား
ဒဏ္ဍာရီလား
ငါ့သည်းနေတဲ့ မိုးညတွေမှာ
ဝိုးတဝါးပဲ
မဖြစ်သေးတဲ့အရာတွေကို
ဖြစ်အောင်လုပ်ရင်း
မဖြစ်ချင်ပဲ ဖြစ်လာတဲ့အရာတွေကို
ပြန်မဖြစ်အောင် ခြေစုံကန်တွန်းထုတ်
ခါးသီးတဲ့ ဘဝတွေကို
မြိန်ယှက်စွာ စားသုံးရင်း
အနားသတ်မရှိတဲ့ ပြိုင်မျဉ်းပေါ်မှာ
ဟိုစမ်း ဒီစမ်းနဲ့
ပြေးမိနေတုန်း
ဖြစ်ဖြစ်မဖြစ်ဖြစ်ပေါ့လေ
ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဝါဒ
ငါရေးနေတဲ့
သမိုင်းကြောင်းအတွက်
ပုဒ်မတစ်ခုပဲ.....
ငါ့မလှည့်ပါဘူး
ဒါပေမယ့် မဖြစ်ဖြစ်အောင်လုပ်နေတာကိုက
ခုထိ လည်နေတုန်း...

Kသာမိုး(မန်းမြေ)

2018 ခုနှစ်ထုတ် အသစ်စက်စက်အလွမ်းများ

2018 ခုနှစ်ထုတ် အသစ်စက်စက်အလွမ်းများ
~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ငါ့တပ်မက်ခဲ့တဲ့ နှုတ်ခမ်းဖျားရဲ့အပါးမှာ
ဒီနေ့ပဲ နင်ပေးခဲ့တဲ့လက်စွပ်လေး
အရောင်လွင့်သွားတယ်...

နင့်နှုတ်ဖျားပေါ် ပွင့်နေတဲ့နှင်းဆီတွေ
တစ်ရွက်ခြင်း ခြွေချကြည့်တော့
မာယာတွေက ငါ့ကိုလာစူးတယ်....

ငါနောက်ဆုံးရေးခဲ့တဲ့ ဒိုင်ယာရီလေးထဲကလိုပဲ
မှောင်မိုက်မှုတွေ ရွာချလာတဲ့အခါ
ထီးတစ်လက်ရဲ့ လုံခြုံမှုမျိုး
နင် တောင့်တမိမှာပါ....

မက်စောက်တဲ့ တောင်နံရံဘေးက
ချိတ်ဆွဲထားတဲ့မာယာတွေ
တပ်မက်မိတဲ့ ငါ့စိတ်ကို
ငါ နောင်တမရဘူး
တင်းနေတဲ့ ကြိုးတစ်ချောင်းကို
ရက်ရက်စက်စက်ဖျတ်ပစ်ရက်တာ
ငါ အနာကျင်ဆုံးပဲ

ငါဖတ်ခဲ့ဖူးတဲ့ စာပိုဒ်လေးတစ်ခုလို
ကဗျာဆရာတွေဟာ
အချစ်အကြောင်းရေးပြီးရင် လွမ်းလာတက်ကြတယ်
အလွမ်းအကြောင်းရေးပြီးရင် ငိုနေတက်ကြတယ်
ငါ မငိုချင်ပေမယ့်
မျက်ရည်လေးတော့ ဝဲမိတာပေါ့....

နောက်ဆို
သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေရဲ့
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ
သတ်မှတ်အချိန်တွင်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါသဖြင့်
ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်" ဆိုတဲ့ အသံလေးတွေ
ငါကြားရတော့မှာ မဟုတ်ဘူး...

ငါ နင့်အတွက်
စိတ်ပူရတော့မှာ မဟုတ်သလို
ငါ နင့်အတွက်
စိုးရိမ်ရတော့မှာလဲ မဟုတ်ဖူး
ဖြစ်နိုင်ခဲ့ရင်
အဲ့ဒီခံစားချက်လေးတွေ
ငါ ပြန်လိုချင်တယ်......

သွားပေဦးတော့ ချစ်သူ
မှိုင်းမိနေတဲ့
လှောင်အိမ်ထဲက ငှက်တစ်ကောင်ရဲ့
ကျဉ်းမြောင်းမှုမျိုး ငါမပေးချင်ပါဘူး
နင် လွတ်လွတ်လပ်လပ်ပျံသန်းပါ
မုန်တိုင်းမိလာမဲ့တစ်နေ့
လှောင်အိမ်ရဲ့ လုံခြုံမှုကို
နင် နားလည်မှာပါ

အသံမဲ့ နာကျင်မှုတွေက
ပိုးစိုးပက်စက် ရေးခြစ်ခဲ့တဲ့ဝါကျ
နင် သစ္စာမဲ့တယ်တဲ့

အဆုံးမဲ့ ရှိုက်သံတွေအတွက်
ငါ နောင်တမရခဲ့ဘူး
မှုန်းဝါးပျောက်ကွယ်သွားတဲ့ အိပ်မက်တွေကြား
ရူးနှမ်းနေတဲ့ ကဗျာတစ်ပုဒ်အတွက်
ငါ့စေတနာတွေ သွေးစိမ်းရှင်ရှင်ကျလာတဲ့အကြောင်း
ငါ့အသုဘမှာ ချိတ်ဆွဲပြထားမယ်

ငါ့အိပ်မက်တွေ ငါနဲ့အတူသင်္ဂြိုလ်မယ်
ငါ့သစ္စာတွေ ငါနဲ့အတူသင်္ဂြိုလ်မယ်
ငါပေးခဲ့တဲ့ ဂရုစိုက်မှုတွေ
ငါနဲ့အတူ သင်္ဂြိုလ်မယ်

ဒါဟာ
သစ္စာမဲ့မိန်းမသို့
ဒီ ၂၀၁၈အတွက် နောက်ဆုံးအိတ်ဖွင့်ပေးစာပါ....

Kသာမိုး(မန်းမြေ)

တစ်နာရီပြည့်အလွမ်း

တစ်နာရီပြည့် အလွမ်း
~~~~~~~~~~~~~~ Kသာမိုး(မန်းမြေ)

အဲ့ခေါင်းစဉ်လား?
လိုက်ဖက်အောင် ကျုပ်မပြောတက်ဘူး
အခုလား?
မငိုပေမယ့် မျက်ရည်ကျနေတယ်
အဆုံးသတ်ရလာဒ်လား?
သူ အရမ်းရက်စက်တယ်?
ကျုပ်လား?
အခု ရူးနေပြီ.....

Kသာမိုး(မန်းမြေ)

အလွမ်း

အလွမ်း
~~~~~~ ™Kသာမိုး(မန်းမြေ)

ပစ်ပစ်နှစ်နှစ်ပြောခဲ့တယ်
အရေပြားတွေ သွေးအလိမ်းလိမ်းကပ်တဲ့အထိရူးခဲ့တယ်
နာကျင်မှုတွေ ဝါကျဖွဲ့တီးခေါက်မိတိုင်း
ဒီအသံဟာ နားဝင်မချိုဘူး
လမင်းကို ရူးသွပ်မိလို့
ကြယ်စင်တွေ အလှောင်ခံရတာပါ
သိုးရေခြုံထားတဲ့ ဝံပုလွေပုံပြင်ထဲကလောက်
ဒီပွဲက ကစားရတာသိပ်မကောင်းဘူး
နှုတ်ဆက်ခဲ့ပါတယ် ဆိုတဲ့
ဝါကျ တစ်ကြောင်းထဲနဲ့တင်
အသက်သွင်းနေတဲ့ ပန်းချီကားတစ်ချပ်
ဆေးသားတွေ လွင့်ပြယ်
ငါ မေတ္တာနည်းခဲ့လို့လား
အဖြေမရှိတဲ့ မေးခွန်းတစ်ခု
အဖြေရှာရင်းပဲ
နှလုံးသားစာမေးပွဲမှာ
ကျွန်တော် အရှုံးကြီးရှုံးနိမ့်ခဲ့တာပါ
အခုဆို ငှက်ကလေးတွေတောင်
နင်မရှိတော့တဲ့နောက်ပိုင်း
တေးမဆိုကြတော့တာ အတော်ကြာပြီ
အဆုံးအစမဲ့ လွမ်းချင်းတွေကိုညည်းရင်း
ငါ့ကဗျာတွေလဲ
အခုထိ ငိုနေကြတုန်းပဲ။

Kသာမိုး(မန်းမြေ)

ရင်နှင့်ရင်း၍

ရင်နှင့်ရင်း၍
~~~~~~~~~Kသာမိုး(မန်းမြေ)

ပထမဆုံးအနမ်းမှာတင်
ကဗျာတွေ အတုံးအရုံးကျ
အဆုံးသတ်မလှတဲ့ နိဂုံး
လည်ပြန်ငေးရင်းနဲ့ပဲ
ဝေးလွင့်ငှက်တို့ထံပါး
ရွက်လွင့်မိခဲ့
ဒါဟာ ငါ့ချစ်သူ
ဒါဟာ ငါ့သမိုင်း
ဒါဟာ အကျည်းတန်သွားတဲ့
ငါ အိပ်မက်တွေ
ကဗျာတွေသာ ငိုမယ်
ငါ့အလွမ်းတွေကတော့
ဘယ်တော့မှ မအိုပါဘူးပန်းအိဖြူ
ကောင်းကင်ပြာပြာကြီးက ငိုတယ်
သူငိုတိုင်း ငါနင့်ကိုသတိရတယ်
မတောက်ပနိုင်သေးခင်
လွင့်ကြွေသွားတဲ့ ကြယ်တစ်ပွင့်လား
အခါခါငါ ရူးမိုက်မိ
စိတ္တဇဒဏ်ရာကို ဆေးချယ်ရင်း
အညှာအတာမဲ့ မိုးညတိုင်းကို
ငါ ပြန်လည်တမ်းတမိတယ်
ငါမရှိတဲ့ တခြားကမ္ဘာ
တမလွန်ဘဝမှာ
နင်တစ်ယောက် အဆင်ပြေနိုင်ပါစေဟာ။

Kသာမိုး(မန်းမြေ)

ခရီးသွားခြင်း

ခရီးသွားခြင်း
~~~~~~~~~Kသာမိုး(မန်းမြေ)

ပေတရာတွေက တဝီဝီ
ငါ့မျက်စိတစ်ဆုံးစာဟာ
လမ်းမတွေက ကားတွေကိုပြန်စီးနေကြတယ်
ဘယ်ကွေ့ ညာကွေ့
တောင်ချိုးတောင်ကွေ့တွေကြား
သဘာဝမဟုတ်တော့တဲ့ သဘာဝတွေကို
တစ်ဝကြီး ရှုရှိုက်ပစ်
ခြေရင်းက မဖွံ့ဖြိုးသေးဆဲမြို့ငယ်လေးတွေဟာ
ငါတို့ကို ငေး...လို့...
ခရီးသွား သံစဉ်တစ်ပုဒ်ညည်းရင်း
ပျောက်နေဆဲ လမ်းတွေဆီ
တရွေ့ရွေ့ ခရီးနှင်နေတုန်း။

Kသာမိုး(မန်းမြေ)
http://mckaryanlayy.blogspot.com

လမင်းကို ငါးမျှားချိတ်မှာတပ်ပြီး မျှားကြည့်တဲ့အခါ

လမင်းကို ငါးမျှားချိတ်မှာတပ်ပြီး မျှားကြည့်တဲ့အခါ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

နူးညံ့တဲ့ လျှာဖျားလေးတွေပေါ်
ဝိုင်ခါးခါးတစ်ခွက်ရဲ့ စွန်းထင်းမှုတွေဟာ
ငါ့ရဲ့ ကြိမ်ဖန်များစွာအသက်ရှုခဲ့တဲ့
အသက်မဲ့နေသော နှလုံးသားတစ်စုံဖြစ်ခဲ့ရဲ့

အမှောင်ညကို အားကိုးပြီး
နှင်းဆီပန်းအကြွေတွေ ကောက်ယူမိတဲ့အခါ
ငါဟာ ဆေးချက်မညီတဲ့မျဉ်းတွေလို
ငါ့နှလုံးခုန်သံတိုင်း
အပေါ်တက်လိုက်
အောက်ဆင်းလိုက်နဲ့

နှင်းဆီတွေ ရနံ့မလွှတ်ရသေးခင်မှာပဲ
လမင်းကို ငါးမျှားချိတ်မှာတပ်ပြီး
မျှားကြည့်လိုက်မိတယ်

အတ္တတွေ ဝါးမြိုထားသော
အို....ကိုတံငါ
အသင့်ရဲ့ ဆာလောင်မွတ်သိပ်မှုတွေမှာ
ငါးအသေတွေ ပါလာတာ
မဆန်းပါဘူး

ဒီလို
သူတို့ သူတို့ရဲ့ချစ်ခြင်းတွေမှာ
ကျုပ်အတွက် ဓားအလက်ပေါင်းများစွာ
မြုပ်နှံထားလေရဲ့

အနမ်းတစ်ပွင့်
မခူးဆွတ်ရသေးခင်
အဲ့ဒီအချိန်မှာပဲ
နေဝင်သွားတယ်

Kသာမိုး (မန်းမြေ)

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...