Jun 21, 2018

မီးဖိုချောင်မှာ ငါးကြော်တစ်ကောင်ထိုင်စားပြီး ငါ ကဗျာရေးနေတယ်.....

မီးဖိုချောင်မှာ ငါးကြော်တစ်ကောင်ထိုင်စားပြီး
ငါ ကဗျာရေးနေတယ်.....
~~~~~~~~~~~~~~~~~~~~~~~~~~~~ Kသာမိုး(မန်းမြေ)

ဆည်းဆာကို မော့သောက်ပြီး
မထူးဆန်းတဲ့ သူလိုကိုယ်လိုနေရာမှာ
ထမင်းထိုင်စားတယ်။

ငါစားနေတဲ့ငါးကြော်
ကြောင်မစားဘူး
ကြောင်စားသွားတဲ့ငါးကြော်
ငါမစားဘူး။

အခု
မီးဖိုချောင်ထဲမှာ ငါထမင်းထိုင်စားနေတယ်
ဘယ်သူမှ မစားရသေးတဲ့ငါးကြော်တစ်ကောင်
ငါစားနေတယ်
ပြီးတော့
ဘယ်သူမှ မဖတ်ရသေးတဲ့ကဗျာတစ်ပုဒ်
အခု ရေးပြီးပြီ
ဒီလောက်ပါပဲ။

Kသာမိုး(မန်းမြေ)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...