ခရီးသွားခြင်း
~~~~~~~~~Kသာမိုး(မန်းမြေ)
ပေတရာတွေက တဝီဝီ
ငါ့မျက်စိတစ်ဆုံးစာဟာ
လမ်းမတွေက ကားတွေကိုပြန်စီးနေကြတယ်
ဘယ်ကွေ့ ညာကွေ့
တောင်ချိုးတောင်ကွေ့တွေကြား
သဘာဝမဟုတ်တော့တဲ့ သဘာဝတွေကို
တစ်ဝကြီး ရှုရှိုက်ပစ်
ခြေရင်းက မဖွံ့ဖြိုးသေးဆဲမြို့ငယ်လေးတွေဟာ
ငါတို့ကို ငေး...လို့...
ခရီးသွား သံစဉ်တစ်ပုဒ်ညည်းရင်း
ပျောက်နေဆဲ လမ်းတွေဆီ
တရွေ့ရွေ့ ခရီးနှင်နေတုန်း။
Kသာမိုး(မန်းမြေ)
http://mckaryanlayy.blogspot.com
No comments:
Post a Comment