ရင်နှင့်ရင်း၍
~~~~~~~~~Kသာမိုး(မန်းမြေ)
ပထမဆုံးအနမ်းမှာတင်
ကဗျာတွေ အတုံးအရုံးကျ
အဆုံးသတ်မလှတဲ့ နိဂုံး
လည်ပြန်ငေးရင်းနဲ့ပဲ
ဝေးလွင့်ငှက်တို့ထံပါး
ရွက်လွင့်မိခဲ့
ဒါဟာ ငါ့ချစ်သူ
ဒါဟာ ငါ့သမိုင်း
ဒါဟာ အကျည်းတန်သွားတဲ့
ငါ အိပ်မက်တွေ
ကဗျာတွေသာ ငိုမယ်
ငါ့အလွမ်းတွေကတော့
ဘယ်တော့မှ မအိုပါဘူးပန်းအိဖြူ
ကောင်းကင်ပြာပြာကြီးက ငိုတယ်
သူငိုတိုင်း ငါနင့်ကိုသတိရတယ်
မတောက်ပနိုင်သေးခင်
လွင့်ကြွေသွားတဲ့ ကြယ်တစ်ပွင့်လား
အခါခါငါ ရူးမိုက်မိ
စိတ္တဇဒဏ်ရာကို ဆေးချယ်ရင်း
အညှာအတာမဲ့ မိုးညတိုင်းကို
ငါ ပြန်လည်တမ်းတမိတယ်
ငါမရှိတဲ့ တခြားကမ္ဘာ
တမလွန်ဘဝမှာ
နင်တစ်ယောက် အဆင်ပြေနိုင်ပါစေဟာ။
Kသာမိုး(မန်းမြေ)
No comments:
Post a Comment