မိုးခါးဝိုင်
~~~~~ Kသာမိုး(မန်းမြေ)
ဧရာဝတီကို ငေးရင်း
ငိုနေတဲ့ မိုးတွေကို
မေးကြည့်မိ
ငါ့ရင်ကို ခါးစေခဲ့တာ
ပျော်ရဲ့လား...လို့
သောက်လက်စ ဝိုင်တစ်ခွက်
အချို
အချဉ်
အစပ်
အဖန်
အငံ
အခါး
ရသာ ၆ ပါး
မဝံ့မရဲ မျိုချ
အာရုံတွေ မိန်းမူး
ရင်ထဲမှာ ရှတတနဲ့
ဒီလို တိမ်တွေငိုနေတဲ့အခါတိုင်း
ကြိုးတွေ တရစ်ပြီးတရစ်ပတ်
နာကျင်စေခဲ့တဲ့ ကျိန်စာတွေ
ရင်ထဲမှာ ဖြေမပြေနိုင်
ခိုက်ရာတွေနဲ့ ပြည့်နေတဲ့
စာပိုဒ်တစ်ခုဆီတိုင်းမှာ
ငါ ယစ်မူးခဲ့တဲ့
ပန်းတစ်ပွင့်စီ စိုက်ထားခဲ့
ရင်နာခြင်းသမိုင်းအတွက်
အမှတ်တရ
အခုစာသားတွေ
ငိုသံပါလာရင်
မိုးခါးဝိုင် သောက်
ကွဲရှသွားတဲ့ တဏုာတွေ
ပြန် တန်ဆာဆင်ပြီး
သူ့ကို
ဆက်....လွမ်းမယ်....
Kသာမိုး(မန်းမြေ)
No comments:
Post a Comment