Nov 28, 2018

ဖူး​နေဆဲ ပွင့်​မည့်​အရာဟာ မာယာ

ဖူး​နေဆဲ ပွင့်​မည့်​အရာဟာ မာယာ
~~~~~~~~~~~~~~~~~~~Kသာမိုး(မန်း​မြေ)

သေလု​မျောပါး စိတ်​အစုံနဲ့
ကောင်းကင်​ကြီး​ပေါ် စိန်​​ပြေးလိုက်​တမ်း​ဆော့ကြမယ်
ငုံ​နေတဲ့ပန်း​တွေ ပြန်​မပွင့်​​ကြေး။

လိပ်ပြာတစ်ကောင်ရဲ့ စုတ်ချက်မှာ
ငါ့နရီတွေ အပိုင်းပိုင်းပြတ်
ချစ်သူဝှက်တဲ့ အိပ်မက်ထဲ
ကြယ်တွေရဲ့ ကျောရိုးပေါ်ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း
အဲ့ဒီလို ငါသေဆုံးခဲ့တယ်​။

ဖူး​နေဆဲ ပွင့်​​မယ့်​အရာဟာ မာယာ....

နင့်​နာမည်​နဲ့ ငါ့က​ဗျာဟာ
လေရိုင်း​တွေလို တရကြမ်း​အော်​ဟစ်
လမင်းကြီးလို ​ရေတွင်းထဲခုန်​ချပြီး
ကိုယ့်​ကိုကိုယ်​ အဆုံးစီရင်​သွားပါ​ကြောင်း......

ကဲ....ဒီဇင်​ဘာ
ငါ့​လောက်​ကို မင်း​အေးခဲပြနိုင်​ပါဦးမလား...
သွေး​ရောင်​ပင်​လယ်​​​တွေ အတူတူရွတ်​ဆိုကြမယ်​....
ဒီကဗျာမှာလည်း နင့်​နာမည်​နဲ့။

Kသာမိုး(မန်း​မြေ)
28/11/2018(6:22 pm)

Nov 24, 2018

ချစ်သူနာမည်နဲ့ တက်တူး

ချစ်သူနာမည်နဲ့ တက်တူး
~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

နာပင်နာသော်ငြားလည်း
အံကိုခဲ ကြိတ်မှိတ်ခံ
ဖျတ်လို့မရတဲ့ အမည်းစက်
တသက်စာ စွဲကျန်ရစ်တယ်
ဪ..........
တက်တူးတဲ့လား......

Kသာမိုး(မန်းမြေ)
25/11/2018(12:11 pm)

Nov 19, 2018

"စိတ်" အတောင်ပံများ

"စိတ်" အတောင်ပံများ
~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

လွတ်မြောက်လိုတယ်
ငါ လွတ်မြောက်လိုတယ်

ပိတ်လှောင်နေတဲ့
ရင်ဘတ်ကြီးအကြောင်း
နံရံရဲ့ နားတွေကတဆင့်
ငါကြားသိခဲ့

အပြင်ကမ္ဘာကို
မက်မောတွယ်မိတော့မှ
ငါ မသေသေးမှန်း
သိခဲ့ရတယ်

အို....ဘုရားသခင်
ကျွန်ုပ်အား အတောင်ပံတစ်စုံ
ပေးအပ်ပါလော့.....

Kသာမိုး(မန်းမြေ)
20/11/2018(12:18 am)

အကြောင်းကြာလွှာ

မင်္ဂလာပါ.......

ကျွန်တော်ရဲ့ ကိုယ်ပိုင် wibsite ကို အရင်လိပ်စာဟောင်းကို ယခုအခါ
http://ktharmoemdy.blogspot.com
ဟု ပြောင်းလဲ ပြီး ဖြစ်ပါသည်။
ကျွန်တော့်ရဲ့ application ကိုလည်း
Kသာမိုး(မန်းမြေ) - Version (2.2) အဖြစ်
ပြောင်းလည်း ရေးသားပြီးဖြစ်ပါသည်။
ဤ application အား အောက်ပါ link တွင်
ဝင်ရောက် Download ဆွဲနိုင်ပြီ ဖြစ်ပါသည်။
ယခု Version တွင် Design များကို အရင်နဲ့မတူ အမြင်ဆန်းသစ်အောင်
အထူး ကြိုးစား၍ ရေးသားထားပါသည်။
အဆင်မပြေမှုများ ရှိပါက application တွင် ထည့်သွင်းပေးထားသော
ဖုန်းနံပါတ်များ
လိပ်စာများသို့ ဆက်သွယ်၍
အကူညီတောင်ခံ မေးမြန်းနိုင်ပါကြောင်း
အထူး သတင်းကောင်းပါးအပ်ပါသည်။

Kသာမိုး(မန်းမြေ) - Version (2.2) application အား Download ဆွဲရန် link ------

Kသာမိုး(မန်းမြေ) - (Version 2.2)

Kသာမိုး(မန်းမြေ)

Nov 16, 2018

နွေ

နွေ
~~Kသာမိုး(မန်းမြေ)

နွေရာသီဟာ
ပူလောင်လွန်းလှချည်ရဲ့

နှုတ်ခမ်းတွေ
အနမ်းတွေ
ရွက်ကြွေလို မြေခမှ
နာပြသတဲ့လား

ကြွေစမ်းပါစေ
ငါလဲ
ဝါနေအောင် ငိုပြမယ်....

Kသာမိုး(မန်းမြေ)
17/11/2018(11:17 am)

Nov 11, 2018

သွေးစက်ဒိုင်ယာရီ

သွေးစက်ဒီုင်ယာရီ
~~~~~~~~~~~Kသာမိုး(မန်းမြေ)

ငါရူးခဲ့တယ်
ပန်းမပွင့်တဲ့တောင်ခါးပန်းကိုမှ
ရိုကျိုးခဲ့မိသူ
နေ့အိုဟာ
ချွေးစိုတဲ့ကမ္ဘာမှာ
မပျော်ပဲနဲ့ ပါး...လို့
ငါ့ရဲ့ ဘယ်ဘက်လက်ဖဝါးကမီးတောက်တွေ
ဆူးခြုံရစ်သိုင်း။

Kသာမိုး(မန်းမြေ)
12/11/2018(1:46 am)

Nov 9, 2018

အတ္တ

အတ္တ
~~~Kသာမိုး(မန်းမြေ)

နံနက်ခင်းတွေ
ကျေးငှက်လို မတွန်ကြူးတော့
လရောင်တွေ
ညနက်တဲ့အထိ တေးမဆိုတော့
ကမ္ဘာကြီးလဲ
ဝန်ရိုးပေါ်က ပြုတ်ကျ

မြစ်တွေ
မစီးဆင်းတော့
ပင်လယ်တွေက
ချဉ်ကုန်ပြီ
ကောင်းကင်ပြာဟာ
မီးခိုးရောင်တွေနဲ့
လမ်းတွေလည်း ငိုကုန်ကြပြီ

ဒေါက်...ဒေါက်
ဝင်ခဲ့ပါ
ငါလည်း လိုက်ပါရစေ
နေလုံးတွေက အနောက်အရပ်ကနေထွက်နေကြ...

Kသာမိုး(မန်းမြေ)
9/11/2018(10:40 pm)

အတ္တ

အတ္တ
~~~Kသာမိုး(မန်းမြေ)

နံနက်ခင်းတွေ
ကျေးငှက်လို မတွန်ကြူးတော့
လရောင်တွေ
ညနက်တဲ့အထိ တေးမဆိုတော့
ကမ္ဘာကြီးလဲ
ဝန်ရိုးပေါ်က ပြုတ်ကျ

မြစ်တွေ
မစီးဆင်းတော့
ပင်လယ်တွေက
ချဉ်ကုန်ပြီ
ကောင်းကင်ပြာဟာ
မီးခိုးရောင်တွေနဲ့
လမ်းတွေလည်း ငိုကုန်ကြပြီ

ဒေါက်...ဒေါက်
ဝင်ခဲ့ပါ
ငါလည်း လိုက်ပါရစေ
နေလုံးတွေက အနောက်အရပ်ကနေထွက်နေကြ...

Kသာမိုး(မန်းမြေ)
9/11/2018(10:40 pm)

Nov 6, 2018

ကဗျာရေးသော ကဗျာတစ်ပုဒ်အကြောင်း

ကဗျာရေးသော ကဗျာတစ်ပုဒ်အကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

သစ်ရွက်ကြွေတွေကို စီးပြီး
ကမ္ဘာကြီးအနှံ့ ခရီးဆန့်မယ်

အလင်းသက်ရောက်မှု နောက်ကျတဲ့မနက်ခင်းဟာ
သူ့ကိုယ်သူ ချမ်းခိုက်တုန်ရီကြောင်း
ဖွင့်ဟဝန်ခံခဲ့

ကော်ဖီတစ်ခွက်နဲ့ ဆောင်းနံနက်ကို
ငါ အချစ်ဆုံးပဲ
မတူညီတဲ့ အရသာတွေပေါင်းစပ်ပြီး
မအပ်စပ်တဲ့ ဘဝတစ်ခု
ငါတို့တွေ ထုပ်ပိုးခဲ့ကြ

ကြာလာတော့ နံရံကြီးလဲ
အက်ကွဲ...လို့
ကဗျာတွေလဲ မျက်ရည်လည်ရွဲ

စံပယ်တစ်ပွင်ရဲ့ နောက်ကြောင်း
နားလည်မှုရှိစွာ ကြွေကျပေးရင်း
ဂုဏ်သိက္ခာရှိရှိ ကျဆုံးပြခဲ့

ဒီလိုနဲ့
ဘဝသစ်တစ်ခုဆီ
အလိုလိုနေရင်း ထုံကူးပြီးသားဖြစ်ခဲ့တယ်

Kသာမိုး(မန်းမြေ)
7/11/2018(12:12 pm)

Nov 5, 2018

အကြောင်းကြားလွှာ

မင်္ဂလာပါခင်ဗျာ........

ယခု လက်ရှိ wibsite လိပ်စာနဲ့ MC ကာရံလေး (V 2.0) android application အား ယခုနှစ်ကုန်ပိုင်းတွင် wibsite အား ktharmoemdy အမည်ဖြင့်လည်းကောင်း android application အား Kသာမိုး(မန်းမြေ) version 2.1 အဖြစ်လည်းကောင်း update လုပ် ပြင်ဆင်ပြုပြင် အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။
က်ရှိတွင် MC ကာရံလေး ကလောင်အမည်ဖြင့် ကဗျာရေးခြင်းဟာ လုံးဝ စွန့်လွှတ်ပြီးဖြစ်ပါသည်။ထို့ကြောင့် ယခုလက်ရှိ အသုံးပြုနေသော facebook accound / pages / wipsite လိပ်စာတို့အား Kသာမိုး(မန်းမြေ) အမည်ဖြင့်သာ ပြောင်းလဲ အသုံးပြုသွားပါမည်။

Kသာမိုး(မန်းမြေ)

မျက်ရည်ပတ်လမ်း

မျက်ရည်ပတ်လမ်း
~~~~~~~~~~~Kသာမိုး(မန်းမြေ)

မိတ်ကပ်အဖွေးသားနဲ့ မာယာအတုတွေပေါ်မှာ
သွေးချင်းချင်း နီခဲ့တဲ့ဒိုင်ယာရီလေးလို
မိုက်တိမိုက်ကန်း အော်ငိုပစ်ချင်ရဲ့

ပါးပြင်ထက်က နှုတ်ခမ်းနီကောက်ကြောင်းဟာ
ဓာတုဗေဒ သမိုင်းမှတ်တိုင်
ဂျစ်ပစီတစ်ယောက်ရဲ့ တေလေနေ့စွဲမှာ
မက်မက်စက်စက် အဆိပ်သင့်စေခဲ့

မိမာယာရေ....
နင်သာ အရက်စက်ဆုံးနှလုံးသားပိုင်ရှင်ဆို
ငါက အနူးညံ့ဆုံးအသည်းကွဲကဗျာဆရာတစ်ယောက်ပါ
မျက်ရည်တွေ
ငါ့မျက်ရည်တွေ
ကဗျာအဖြစ်သာ စီးဆင်းပါစေမိမာယာ

ကဗျာအဖြစ်သာ
စီးဆင်ပါစေ........

Kသာမိုး(မန်းမြေ)
5/11/2018(11:25 pm)

Nov 2, 2018

မင်္ဂလာပါ ဒီဇင်ဘာ

မင်္ဂလာပါ ဒီဇင်ဘာ
~~~~~~~~~~~Kသာမိုး(မန်းမြေ)

မင်္ဂလာပါ ဒီဇင်ဘာ
ဆောင်းနံနက်ခင်းရဲ့ နှင်းစက်တွေနဲ့
မီးခိုးရနံ့ မိသားစုနွေးထွေးမှုတွေကို
ငါ ချစ်တယ်

မင်္ဂလာပါ ဒီဇင်ဘာ
နှင်းဝေတဲ့ ဆောင်းရဲ့
တယုတယ အေးမြတဲ့ထွေးပိုက်မှုတွေကြားမှာ
အိပ်တန်းပြန်တဲ့ ပုဇွန်ဆီရောင်နှုတ်ခမ်းကို
ငါ ချစ်တယ်

မင်္ဂလာပါ ဒီဇင်ဘာ
တောင်လုံးမှိုင်းတဲ့ မြူခိုးဝေ
စိမ်းစို ရွက်သစ်များ
ဝရန်တာမှာ ယိမ်းနွဲ့ခဲ့
မှိတ်တုတ်မှိတ်တုတ် မီးရောင်စုံတွေ
အိပ်ယာဝင်ပုံပြင်ထဲက
နှင်းလူသားတို့ရဲ့ အထ္ထုပတ္တိအကြောင်း

ရင်မှာပဲ့တင် ဘဝင်ကြည်နူး
စိတ်ကို ရူးစေခဲ့ဆောင်းနံနက်ရေ
ထွေးပွေ့လှည့်ပါ
ခိုလှုံပါရစေ

သစ်ရွက်စိမ်းရောင် နှင်းကြွေနေ့စွဲမှာ
အေးခဲတဲ့ လက်အစုံနဲ့
ကမ်းလင့်ကာ ကြိုဆိုလိုက်တယ်

မင်္ဂလာပါ ဒီဇင်ဘာရယ်...

Kသာမိုး(မန်းမြေ)
3/11/2018(12:06 am)

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...