Nov 2, 2018

မင်္ဂလာပါ ဒီဇင်ဘာ

မင်္ဂလာပါ ဒီဇင်ဘာ
~~~~~~~~~~~Kသာမိုး(မန်းမြေ)

မင်္ဂလာပါ ဒီဇင်ဘာ
ဆောင်းနံနက်ခင်းရဲ့ နှင်းစက်တွေနဲ့
မီးခိုးရနံ့ မိသားစုနွေးထွေးမှုတွေကို
ငါ ချစ်တယ်

မင်္ဂလာပါ ဒီဇင်ဘာ
နှင်းဝေတဲ့ ဆောင်းရဲ့
တယုတယ အေးမြတဲ့ထွေးပိုက်မှုတွေကြားမှာ
အိပ်တန်းပြန်တဲ့ ပုဇွန်ဆီရောင်နှုတ်ခမ်းကို
ငါ ချစ်တယ်

မင်္ဂလာပါ ဒီဇင်ဘာ
တောင်လုံးမှိုင်းတဲ့ မြူခိုးဝေ
စိမ်းစို ရွက်သစ်များ
ဝရန်တာမှာ ယိမ်းနွဲ့ခဲ့
မှိတ်တုတ်မှိတ်တုတ် မီးရောင်စုံတွေ
အိပ်ယာဝင်ပုံပြင်ထဲက
နှင်းလူသားတို့ရဲ့ အထ္ထုပတ္တိအကြောင်း

ရင်မှာပဲ့တင် ဘဝင်ကြည်နူး
စိတ်ကို ရူးစေခဲ့ဆောင်းနံနက်ရေ
ထွေးပွေ့လှည့်ပါ
ခိုလှုံပါရစေ

သစ်ရွက်စိမ်းရောင် နှင်းကြွေနေ့စွဲမှာ
အေးခဲတဲ့ လက်အစုံနဲ့
ကမ်းလင့်ကာ ကြိုဆိုလိုက်တယ်

မင်္ဂလာပါ ဒီဇင်ဘာရယ်...

Kသာမိုး(မန်းမြေ)
3/11/2018(12:06 am)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...