Nov 5, 2018

မျက်ရည်ပတ်လမ်း

မျက်ရည်ပတ်လမ်း
~~~~~~~~~~~Kသာမိုး(မန်းမြေ)

မိတ်ကပ်အဖွေးသားနဲ့ မာယာအတုတွေပေါ်မှာ
သွေးချင်းချင်း နီခဲ့တဲ့ဒိုင်ယာရီလေးလို
မိုက်တိမိုက်ကန်း အော်ငိုပစ်ချင်ရဲ့

ပါးပြင်ထက်က နှုတ်ခမ်းနီကောက်ကြောင်းဟာ
ဓာတုဗေဒ သမိုင်းမှတ်တိုင်
ဂျစ်ပစီတစ်ယောက်ရဲ့ တေလေနေ့စွဲမှာ
မက်မက်စက်စက် အဆိပ်သင့်စေခဲ့

မိမာယာရေ....
နင်သာ အရက်စက်ဆုံးနှလုံးသားပိုင်ရှင်ဆို
ငါက အနူးညံ့ဆုံးအသည်းကွဲကဗျာဆရာတစ်ယောက်ပါ
မျက်ရည်တွေ
ငါ့မျက်ရည်တွေ
ကဗျာအဖြစ်သာ စီးဆင်းပါစေမိမာယာ

ကဗျာအဖြစ်သာ
စီးဆင်ပါစေ........

Kသာမိုး(မန်းမြေ)
5/11/2018(11:25 pm)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...