Nov 19, 2018

"စိတ်" အတောင်ပံများ

"စိတ်" အတောင်ပံများ
~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

လွတ်မြောက်လိုတယ်
ငါ လွတ်မြောက်လိုတယ်

ပိတ်လှောင်နေတဲ့
ရင်ဘတ်ကြီးအကြောင်း
နံရံရဲ့ နားတွေကတဆင့်
ငါကြားသိခဲ့

အပြင်ကမ္ဘာကို
မက်မောတွယ်မိတော့မှ
ငါ မသေသေးမှန်း
သိခဲ့ရတယ်

အို....ဘုရားသခင်
ကျွန်ုပ်အား အတောင်ပံတစ်စုံ
ပေးအပ်ပါလော့.....

Kသာမိုး(မန်းမြေ)
20/11/2018(12:18 am)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...