ကဗျာရေးသော ကဗျာတစ်ပုဒ်အကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
သစ်ရွက်ကြွေတွေကို စီးပြီး
ကမ္ဘာကြီးအနှံ့ ခရီးဆန့်မယ်
အလင်းသက်ရောက်မှု နောက်ကျတဲ့မနက်ခင်းဟာ
သူ့ကိုယ်သူ ချမ်းခိုက်တုန်ရီကြောင်း
ဖွင့်ဟဝန်ခံခဲ့
ကော်ဖီတစ်ခွက်နဲ့ ဆောင်းနံနက်ကို
ငါ အချစ်ဆုံးပဲ
မတူညီတဲ့ အရသာတွေပေါင်းစပ်ပြီး
မအပ်စပ်တဲ့ ဘဝတစ်ခု
ငါတို့တွေ ထုပ်ပိုးခဲ့ကြ
ကြာလာတော့ နံရံကြီးလဲ
အက်ကွဲ...လို့
ကဗျာတွေလဲ မျက်ရည်လည်ရွဲ
စံပယ်တစ်ပွင်ရဲ့ နောက်ကြောင်း
နားလည်မှုရှိစွာ ကြွေကျပေးရင်း
ဂုဏ်သိက္ခာရှိရှိ ကျဆုံးပြခဲ့
ဒီလိုနဲ့
ဘဝသစ်တစ်ခုဆီ
အလိုလိုနေရင်း ထုံကူးပြီးသားဖြစ်ခဲ့တယ်
Kသာမိုး(မန်းမြေ)
7/11/2018(12:12 pm)
No comments:
Post a Comment