Nov 28, 2018

ဖူး​နေဆဲ ပွင့်​မည့်​အရာဟာ မာယာ

ဖူး​နေဆဲ ပွင့်​မည့်​အရာဟာ မာယာ
~~~~~~~~~~~~~~~~~~~Kသာမိုး(မန်း​မြေ)

သေလု​မျောပါး စိတ်​အစုံနဲ့
ကောင်းကင်​ကြီး​ပေါ် စိန်​​ပြေးလိုက်​တမ်း​ဆော့ကြမယ်
ငုံ​နေတဲ့ပန်း​တွေ ပြန်​မပွင့်​​ကြေး။

လိပ်ပြာတစ်ကောင်ရဲ့ စုတ်ချက်မှာ
ငါ့နရီတွေ အပိုင်းပိုင်းပြတ်
ချစ်သူဝှက်တဲ့ အိပ်မက်ထဲ
ကြယ်တွေရဲ့ ကျောရိုးပေါ်ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း
အဲ့ဒီလို ငါသေဆုံးခဲ့တယ်​။

ဖူး​နေဆဲ ပွင့်​​မယ့်​အရာဟာ မာယာ....

နင့်​နာမည်​နဲ့ ငါ့က​ဗျာဟာ
လေရိုင်း​တွေလို တရကြမ်း​အော်​ဟစ်
လမင်းကြီးလို ​ရေတွင်းထဲခုန်​ချပြီး
ကိုယ့်​ကိုကိုယ်​ အဆုံးစီရင်​သွားပါ​ကြောင်း......

ကဲ....ဒီဇင်​ဘာ
ငါ့​လောက်​ကို မင်း​အေးခဲပြနိုင်​ပါဦးမလား...
သွေး​ရောင်​ပင်​လယ်​​​တွေ အတူတူရွတ်​ဆိုကြမယ်​....
ဒီကဗျာမှာလည်း နင့်​နာမည်​နဲ့။

Kသာမိုး(မန်း​မြေ)
28/11/2018(6:22 pm)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...