Jan 27, 2018
စီးချင်းထိုး​နေတဲ့ တိမ်​​တွေ
စီးချင်းထိုး​နေတဲ့ တိမ်​​တွေ
~~~~~~~~~~~~~~~~~~ MC ကာရံ​လေး
သက်​တံ့​ရောင်​စဉ်​​လေး​တွေ ညို့လာ​တော့
တိမ်​​တွေက တ၀ုန်းဝုန်း
ခန္တာ​တွေ စ​တေးရဲမှ
မြေပြင်​​ပေါ် မိုးစက်​​တွေကြဲဖြန့်​​ပေးပါ
နောက်​ကွယ်​မှာ
ပင့်​သက်​ရှိုက်​​နေတဲ့ ​ကောင်းကင်​ရှိ​နေတယ်
MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး
27.1.2018 SAT
Jan 23, 2018
မဟူရာ ရှိုက်​သံ
မဟူရာ ရှိုက်​သံ
~~~~~~~~~~~~~~~~~~~~ MC ကာရံ​လေး
မဟူရာည​တွေ အိပ်​မက်​​တွေမိုးထားတဲ့နှလုံးသားအစုံ
ရိုက်​ချိုးပစ်​လိုက်​​သော အခါ
ခြောက်​ကပ်​​နေတဲ့ ​ခြေရာ​လေး​တွေက
ငိုတက်​လာတယ်​........
ငါ့အခန်းတံခါးရဲ့ ​သေမင်းတမန်​ဟာ
မျက်​ရည်​​တွေရဲ့ အစွန်းတစ်​ဖက်
ပုဇွန်​ဆီ​ရောင်​ ည​နေခင်းမှာအခန့်​သားနဲ့
ရွာ​နေတဲ့ မိုးဖွဲ​လေး​တွေကြား
ရှင်​သန်​ခွင့်​မရှိ​တော့တဲ့ ပုံရိပ်​အချို့ကို
ငါ မိုက်​မဲစွာ နမ်းရှိုက်​ခဲ့ဖူးပါတယ်​....
နာကျင်​မှုကို ​မြေပြင်​မှာချ​ရေး​တော့
တိမ်​​တွေက ​လှောင်​တယ်
ပေတရာမှာ စွန်း​နေတဲ့​သွေးစက်​​တွေ
ဒဏ်​ရာ​တွေကို ပုံ​ဖော်​ကြည့်​​တော့
ကောင်းကင်​ကြီးက ငိုတယ်​......
သုဿန်​တစပြင်​က ​အော်​သံဟာ
နံရံမှာ ချိတ်​ဆွဲထားတဲ့
မြည့်​​နေတဲ့ ဓားသွား​တွေ
အ​ကြွေပန်းတစ်ပွင့်​ ညိုးနွမ်းသွား​တော့
ကြေမွ​နေတဲ့နှလုံးသားအ​ပေါ် အသာအယာတင်
အိုစာ​နေတဲ့ ခါးသီးမှု​တွေနဲ့
သစ္စာကို အပြစ်​ဖို့လိုက်​တယ်​......
သူ.......
ပြန်​လာနိုင်​ပါဦးမလား.......
MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး
23.1.2018
Jan 21, 2018
ပုံစံခွက်​ထဲက ၀ါးလုံးကွဲဝါကျများ
ပုံစံခွက်​ထဲက ၀ါးလုံးကွဲဝါကျများ
~~~~~~~~~~~~~~~~~~~~~~ MC ကာရံ​လေး
ကဗ္မလာမခြုံတဲ့ညမှာ မြ​သွေး​ရောင်​လွှမ်း​နေတဲ့စည်းစိမ်​​တွေကို
ငါ မမက်​​မော​တော့ဘူး........
မက်​မက်​စက်​စက်​ နမ်းရှိုက်​မိတဲ့အတိတ်​​တွေက
ငါ့​​ကောင်းကင်မှာေ​​တာ့ တိမ်တစ်ခြမ်းပြိုလို့......
မာယာဆွတ်​ထားတဲ့ မုသား​တွေရဲ့​နောက်​ကွယ်
ကြယ်​​ရောင်​မဲ့ မိုးကုတ်​စက်​၀ိုင်း​တွေရဲ့အခြားတစ်​ဖက်
နောင်​တ​တွေက တသီတတန်းကြီး
အံခွက်​​တွေထဲ ဖြစ်​သလိုပုံကျ​နေရှာတဲ့ဘ၀​တွေ
အ​ပေါစားဆန်​​နေတဲ့ ဒဏ်​ရာ​တွေကရိုက်​ချိုး
ပန်​သူမဲ့ပန်းတစ်​ပွင့်​ရဲ့ ၀တ်​လွှာ​တွေက
ဥယာဉ်​ပျက်​ထဲမှာတင်​ပဲ ကြုံသလိုရနံ့လွှတ်​​နေရတယ်
လေတိုက်​လို့သစ်​ရွက်​​ကြွေတာ မဆန်း​ပေမယ့်
အ​နေမတက်​လို့ ပင့်​သက်​​တွေ​ကြွေကုန်​တာ
ငါ့အတွက်​​တော့ ရင်​နင့်​စရာ
ဆူးကြမ်းလမ်းက ၀ါးလုံးကွဲဝါကျ​တွေ
ရွှေထင်​လို့ ​ခြေတင်​မိခဲ့​လေ​တော့
ညရဲ့ အက်​​ကြောင်းရာ​တွေထဲ
ပတ်​​လက်​​လေးသာ ​မျော...လို့
ကဲ...လ
မင်း တိမ်​ထည်​​တွေကြားထဲမှာ ၀ှက်​ကွယ်​​နေလိုက်​စမ်းပါ
မင်း မလင်း​သေးခင်
ငါ အရင်​ လှမ်းပြမယ်​......
ဒါ​ပေမယ့်
ထိုက်​သင့်​တဲ့ အဖိုးအခ​တော့
ငါ့ကို​ပေး​ဆောင်​ပါ..........
MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး
21.1.2018
Jan 19, 2018
MC ကာရံ​လေး app (New Version 2.0)
မင်္ဂလာပါ....
ကျွန်​​တော်​ရဲ့ android app ​လေး new version (2.0) ထွက်​လာပါပြီ.ဒီ version ​လေးမှာ အရင်​ old version 1.0 တုန်းကလို ပြင်​ပဆိုဒ်​များ error များ ဖယ်​ထုတ်​ထားပါတယ်​.အခု version မှာ​တော့ မြန်​မာစာ(zawgyi) နဲ့ မြင်​​တွေ့ရမှာပါ.ဒီ app ​လေးက ဘာလုပ်​ရလဲလို့ ​မေး​နေတဲ့ ​ဘော်​ဒါ​တွေအတွက်​ပါ တစ်​ခါထဲ ရှင်းပြ​ပေးလိုက်​ပါတယ်​.ကျွန်​​တော်​ရဲ့ အသစ်​တင်​သမျှ က​ဗျာတိုင်း internet မလိုပဲ offline ဖတ်​လို့ရမှာဖြစ်​ပါတယ်​.​က​ဗျာအသစ်​များကိုလည်း ( က​ဗျာအသစ်​ ယူရန်​ ) button အားနိုပ်​၍ internet တစ်​မိနစ်​မျှဖွင့်​ထားရုံဖြင့်​ အလွယ်​တကူရယူနိုင်​ပါတယ်​.
မှတ်​ချက်​ - app စတင်​အသုံးပြုချိန်​တွင်​ တစ်​မိနှစ်​မျှ online ရှိရန်​လိုအပ်​ပါသည်​ (ဖုန်း​ bill ထဲမှ လုံးဝ ( လုံးဝ ) မဖြတ်​​တောက်​ပါ)
လိုအပ်​လို့ ကြိုက်​နှစ်​သက်​လို့ ​ဒေါင်းချင်​တယ်​ဆိုရင်​ ​.........
������ MC ကာရံ​လေး ( Version 2.0 ) ������
ဆက်​သွယ်​ရန်​ - 09259222024 / 09787420275
Jan 18, 2018
MC ကာရံ​လေး
မင်္ဂလာပါခင်​​ဗျာ........
မကြာမီ ကျွန်​​တော်​ရဲ့ MC ကာရံ​လေး android app အား version အသစ်​ထုတ်​သွားပါမည်​ဆိုတာ ကြိုတင်​အသိ​ပေးအပ်​ပါသည်​ခင်​​ဗျာ.
ယခု version အသစ်​မှာလဲ ကျွန်​​တော်​ဆိုဒ်​ တစ်​ဆိုဒ်​ထဲပဲ သီးသန့်​လုပ်​သွားမှာပါ.အရင်​ version အ​ဟောင်းကလို မဆိုင်​တဲ့ line များ error များ ပြင်​ပ link များကိုလဲ ဖြုတ်​ချ​ပေးသွားမှာပါခင်​​ဗျာ.အကယ်​၍ ကျွန်​​တော့်​အား ဆက်​သွယ်​ချင်​၍ပဲ ဖြစ်​​စေ ​ဝေဖန်​အကြံပြုချက်​များ ​ရေးသား​ပေးပို့ချင်​၍ပဲ ဖြစ်​​စေ ​အောက်​ပါ phone Nunber များသို့ ​ဝေဖန်​အကြံပြု​ပေးနိုင်​ပါတယ်​ခင်​​ဗျာ.အသစ်​တင်​တိုင်း ဖတ်​ခွင့်​ရ​အောင်​ follows button အား ကျွန်​​တော့်​ရဲ့ wipsite အတွင်း ထည့်​သွင်း​ပေးထားပါတယ်​ခင်​​ဗျာ.email ချန်​ထားခဲ့လို့လဲ ရပါတယ်​ post အသစ်​တက်​တိုင်း မိမိချန်​ထားခဲ့တဲ့ email ထဲကို auto ပို့​ပေးမှာပါခင်​​ဗျာ.အား​ပေးမှုကို ​ကျေးဇူးအထူးတင်​ရှိပါတယ်​.
MC ကာရံ​လေး
Ph : 09259222024
Ph : 09787420275
Viber - +959259222024
Jan 15, 2018
ငါ...​သေဆုံးသွားပြီ
ငါ....​သေ​ဆုံးသွားပြီ
~~~~~~~~~~~~~~~ MC ကာရံ​လေး
၁။
ခုတင်​တစ်​လုံး​ပေါ်က
ဖြူလွှလွှ ဇာပ၀ါပါး​လေးအုပ်​ထားတဲ့ငါ့ခန္တာ
ငါ့​ဘေး တစ်​ဖက်​တစ်​ချက်​စီက
ငါ့မိသားစု ငါ့အသိုင်းအ၀ိုင်း
ငါ့အား ချစ်​သူခင်​သူ
ပြီး​တော့ ငါ့ပတ်​၀န်းကျင်​ကလူ​တွေ
အားလုံး အားလုံးဟာ
စိတ်မ​​ကောင်းခြင်း​တွေနဲ့
တစ်​ချို့က အနည်းငယ်​မျှ​သောပူ​ဆွေးမှု​တွေနဲ့
ငါ့ခန္တာအား ပွေ့ပိုက်​လို့
ငို​ကြွေး​နေကြ​ချေပြီ...........
တစ်​ချို့က ငါ့အ​ကြောင်း
တီးတိုး​ပြောဆို​နေကြတယ်​......
တစ်​ချို့က ငါ့အား
စုတ်​သပ်​​နေကြတယ်​.......
တစ်​ချို့က ငါ့အား
အ​ရောင်​လက်​​နေတဲ့ မျက်​၀န်း​တွေနဲ့ကြည့်​​နေကြတယ်​......
ငါ့​ဘေးနားမှာ​တော့ ဖဲဝိုင်း​တွေကအစီအရီ........
၂။
အချိန်​​စေ့ပြီ......
ငါ့အား အ၀တ်​အသစ်​တစ်​စုံလွှမ်းခြုံ​ပေးလို့
ဖဲပွင့်​​တွေနဲ့ တန်​ဆာဆင်​ခြံရံထားတဲ့အ​ခေါင်း (​ခေါင်းတလား) ထဲ
ငါ့အား ထည့်​သွင်း​နေကြပြီ။
ငိုကြပါ......
ငို​ကြွေး​ပေးကြပါ.......
ငါရဲ့ မိတ်​​ဆွေ
ဆွေမျိုး မိတ်​သင်္ဂဟ​များ
ငါ့အ​လောင်း ငါ့မသာ
ငါ့ခန္တာကြီးအား လာ​ရောက်​ကြည့်​ရှုပါ.........
ငို​ကြွေး​ပေးပါ........
ငါ့ဘ၀ရဲ့ ​နောက်​ဆုံးအချိန်​အတွက်
ငို​ကြွေး​ပေးကြပါ......
ငါ့ထက်​ ငယ်​သူ​တွေ
ငါ့​နောက်​ဆုံးအချိန်​အတွက်
ငါ့အား ကန်​​တော့ကြပါ.......။
အ​ခေါင်း (​ခေါင်းတလား ) ထဲ ထည့်​​ပေးထားတဲ့ထမင်းတစ်​ထုပ်
ဒါဟာ ငါ့အတွက်​​နောက်​ဆုံးဝမ်းစာ
ငါ့အာခံတွင်းထဲ ထည့်​​ပေးထားတဲ့ပိုက်​ဆံအ​ကြွေ
ဒါဟာ ငါ့အတွက်​ကူးတို့ခ
ငါ့အ​လောင်း​ဘေး ငါ့မိသားစု​တွေ
ငို​ကြွေး​နေကြပြီ.......
ပြီး​တော့........
ကြေးစည်​သံ​လေး​ပေး တရား​ခွေ​လေးဖွင့်​လို့
ငါ့အား ​ခေါ်​ဆောင်​သွားကြပြီ.......။
၃။
ရောက်​ပြီ
လူသား​တွေအားလုံးရဲ့
နောက်​ဆုံး ​ခေါင်းချရာ
သုဿန်​တစပြင်​ကြီး..........
ငါ့အား ​နောက်​ဆုံးအကြိမ်
ကန်​​တော့​နေကြပြီ.......
ငါ့ခန္ဓာ ငါ့အ​သွေးအသား
ငါနဲ့ လားလားမျှမအပ်​စပ်​​တော့ပြီ......
ငါ့ရဲ့ သဂြိုလ်​ခွင့်​လက်​မှတ်​​လေး
ထုတ်​​ပေးလိုက်​ပါ.....
ပြီးရင်
ငါးရာ တစ်​​ထောင်​ နှစ်​​ထောင်​ ​လေးငါး​ထောင်
အိပ်​ကပ်​ထဲ အသာထိုးသိပ်​ထည့်​​ပေးလိုက်​ပါ
လက်​ဖက်​ရည်​ဖိုး ကွမ်းဖိုး​ပေါ့
ငါ့အသက်​ ဘယ်​​လောက်​လဲ
သူတို့ မ​မေးဘူး.........
ငါဟာ ​ယောကျာ်းလား မိန်းမလား
သူတို့ စိတ်​မ၀င်​စားဘူး.......
ငါဟာ ရုပ်​ဆိုးလား ရုပ်​​ချောလား
သူ့တို့ မကြည့်​ဘူး.......
ငါဟာ ဘာ​ကောင်​ကြီးလဲ
ဘာအဆင့်​အတန်းလဲ
သူတို့ မသိဘူး......
ငါ့ပိုက်​ဆံ ငါ့စည်းစိမ်
ငါပိုင်​ဆိုင်​မှု ငါ့ဥစ္စာ
ငါ့ကို
ချစ်​သူ ခင်​သူ
မုန်းသူ မနာလိုသူ
ငါ့ဆုတံဆိပ်​ ငါ့ရာထူး
ငါ့မိသားစု
ငါအိပ်​စက်​ရာ ကတ္တီပါပိုသားဖဲ​မွှေ့ယာ
သိန်း​ကျော်​တန်​ ဆိုင်​ကယ်​​တွေ ကား​တွေ
ငါ့အ၀တ်​အစား​တွေ
ငါပိုင်​ဆိုင်​သမျှ အရာအားလုံးနဲ့
ငါဆို​သော ငါ.....
အကုန်​ တစ်​ခုမကျန်​ထားရစ်​ခဲ့ပြီ........။
ဒါ​တွေဟာ
ငါနဲ့ မသက်​ဆိုင်​​တော့ပြီ........
ဒါ​တွေဟာ
ငါနဲ့ မအပ်​စပ်​​တော့ပြီ.........
၎။
ငါ့ခန္ဓာအား တင်​ထားတဲ့တွန်းလှည်း
အထဲကို တွန်းသွားကြပြီ......
မီးသဂြိုလ်​စက်​အတွင်းသို့ ၀င်​ခွင့်​ရှိသူက
ငါ တစ်​​ယောက်​ထဲသာ........
တံခါး ပြန်​ပိတ်​လိုက်​ကြပြီ.......
နေဦး
မထည့်​နဲ့ဦး
လူမဆန့်​​သေးဘူး
ငါနံ​ဘေး ငါ့လိုလူ​တွေ​တောင်​ပုံရာပုံ
အခု ငါ့အလှည့်​မ​ရောက်​​သေးဘူး........
တစ်​​ယောက်​ နှစ်​​ယောက်
သုံး​လေး​ယောက်
အချိန်​ကျပြီ
ငါ့အလှည့်​​ရောက်​ပြီ.....
ငါ့ကိုလိုက်​ပို့သူ​တွေက​တော့ မရှိကြ​တော့ဘူး....
သူတို့.....
ပြန်​ကုန်​ပြီ.......
၅။
သဂြိုလ်​စက်​ကြီးက​တော့
ငါ့ကို လက်​ကမ်းကြို​နေ​လေရဲ့.......
မီး​တောက်​မီးလျှံ​တွေက
ငါ့ခန္ဓာအား ​လောင်​မြိုက်​ရန်​အသင့်
သူတို့
သဂြိုလ်​စက်​ထဲ ငါ့ခန္ဓာကို
ကြုံသလို ပစ်​ထည့်​လိုက်​ကြပြီ.......
ခေါင်းတိုင်​က ထွက်​လာတဲ့မီခိုး​ငွေ့​တွေဟာ
ငါဆိုတဲ့ ငါရဲ........
နောက်​ဆုံး အဆုံးသတ်​။
မီးခိုး​တွေ ထွက်​လာပြီ
မီး​တောက်​မီးလျှံ​တွေက
ငါ့အ​သွေးအသား​တွေ ​လှောင်​မြိုက်​​နေကြပြီ။
ပြီးပြီ....
ငါ့ဘ၀ ပြီးဆုံးသွားပြီ.....။
နှစ်​​တွေ ကြာလာ​တော့
သူတို့ ငါ့ကိုမသိကြ​တော့ဘူး.
ငါ့ကို သတိမရကြ​တော့ဘူး.......။
                                                                  MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး
SUN,JANUARY 14
14.1.2018 [ 5:22 PM ]
သက်​ဆိုင်​သူအား အသိ​ပေးခြင်းမရှိပဲ
Copy ယူခြင်း ခွင့်​ပြုချက်​ မရှိပဲ မိမိတို့၏ Timeline တွင်​တင်​ခြင်း
သည်းခံပါရန်​ အထူး ​မေတ္တာရပ်​ခံအပ်​ပါသည်​.
လေးစားစွာဖြင့်​ - MC ကာရံ​လေး
09259222024
09787420275
Jan 14, 2018
ရန်​ကုန်​မန္တ​လေး လမ်း​ဟောင်း​ပေါ်မှ တစ်​ညတာကိုယ်​​တွေ့
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တစ်ညတာကိုယ်တွေ့
၂၀၁၅ ခုနှစ်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်အား အခြေခံထားပါသည်.
၂၀၁၅ လောက်က ထင်တယ်.အဖြစ်အပျက်မပြောခင် ကျွန်တော့်အကြောင်းအရင် ကြေညာဝင်ရမယ်.ကျွန်တော်က အရင်က လျှပ်စစ် လုပ်တာ လျှပ်စစ်လုပ်တယ်ဆိုတာ ဆောက်လက်စတိုက်တွေဘာတွေကို လိုက်ပြီး မီးဆင်ပေးရတာပေါ့ဗျာ အများအခေါ်တော့ ဝါယာရိမ်းပေါ့.အဲ့တုန်းက ကျွန်တော်နဲ့အတူတွဲလုပ်တဲ့ ကျွန်တော့်အကို ဝမ်းကွဲတစ်ယောက်ရှိတယ်.ဒီလိုပဲ ပုံမှန် မနက် ၈ နာရီလောက်ဆို ညီအကိုနှစ်ယောက်အလုပ်သွား ညနေအလုပ်ပြန် ပုံမှန် သာသာယာယာပဲ.ကြာတော့ အလုပ်က ပါးလာတယ်ဗျ.နှစ်ပါက်လောက်တော့ အိမ်မှာပဲ စည်းစိမ်ယစ်နေလိုက်ရသေးတယ်.အဲ တစ်နေ့ ကျွန်တော့်အကိုက ''ပုဂံမှာတော့ ဆိုဒ်တစ်ဆိုဒ်ရှိတယ် အဲ့သွားရမှာ မင်းလိုက်မှာလား '' လို့ မေးတာပဲ.ကျွန်တော်ကလဲ အဲ့တုန်းက တော်တော်လေးခြေရှည်တယ်ဗျ (ခုထိလည်း ရှည်နေတုန်းပါပဲ) . ခရီးဝေးတို့ ဘာတို့ဆို သိပ်သွားချင်နေတဲ့သူလေ.ခရီးထွက်ရတာ ဝါသနာလည်းပါတယ်.အပြင်ဗဟုသုတတွေရတာပေါ့ဗျာ.ဘာပြောကောင်းမလဲ အကိုကတောင် နှစ်ခွန်းမမေးရဘူး တန်းခေါင်းညိမ့်လိုက်တာပဲ.ဒီလိုနဲ့ ညီအကိုနှစ်ယောက် ခရီးထွက်ဖို့ ပြင်ဆင်ရတာပေါ့.ကျွန်တော်တို့ကတော့ ကားနဲ့မသွားဘူး.ဆိုင်ကယ်နဲ့သွားကြတာ မန္တလေးကနေ ပုဂံအထိကို.အဲ့တုန်းက ကျွန်တော့်အကိုရဲ့ ဆိုင်ကယ်အစုတ်လေးနဲ့ သွားကြရတာပေါ့ဗျာ.လမ်းမှာ ဆိုင်ကယ်ကလဲ ချိန်းခဏခဏကျ အဆင်ကိုပြေနေတာပဲ.တော်ပါသေးရဲ့ ချောချောမွေ့မွေ့လေးရောက်သွားလို့ လုပ်ရမယ့် အလုပ်ဆိုဒ်ကတော့ ပုဂံမြို့ရဲ့ မြို့ထဲတော့မကျဘူး.မြို့အဝင်လားအထွက်လာတော့ မမှတ်မိတော့ဘူး.ရန်ကုန်မန္တလေးလမ်းလို ဟိုဘက်သည်ဘက် နှစ်လမ်းသွားလုပ်ထားတဲ့လမ်း. အဲ့လမ်းဘေးလေးမှာပဲရှိတာ.ချောင်တော့တော်တော်ကျတာ.လမ်းဘေးမှာဆိုပေမယ့် အိမ်ခြေနဲ့က နဲနဲ အလှမ်းဝေးတယ်.ဆိုဒ်အပြင်မှာလဲ ခြုံတွေကြည့်ပဲ အဝင်ပေါက်တစ်နေရာစာပဲ လွတ်တာ.ဆောက်ထားတာက ဒီဘက်မှာက တိုက်ခန်းတွဲ အထပ်တော့မရှိဘူး.ဟိုဘက်မှာက မိသားစုတွေနေတဲ့တိုက်.ခွဲထားတာပေါ့ဗျာ.ဟိုရောက်တော့ စိတ်ကိုညစ်သွားတာပဲ.ချက်ချင်းကို ထပြန်ချင်စိတ်ပေါက်သွားတာ.အဲ့ဆိုဒ်က ပန်းရံတို့ ဆေးသုတ်တို့ အလုပ်သမားတွေ ပြန်ပြောပြတာတစ်ခုရှိတယ်.တိုက်ခန်းတွဲနေရာက အခြောက်အလှန့်ရှိတယ်တဲ့.( အရင် ဒီနေရာဘာမှမဆောက်ခင်တုန်းက အဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်သေထားတယ်.သူတို့သေတော့ သားသမီးတွေက ခုတိုက်ခန်းတွဲနေရာမှာ မြုပ်ထားခဲ့တာတဲ့.တိုက်ဆောက်ဖို့ မြေလှန်ရှာတော့ အဖိုးကြီးရော အဖွားကြီးရော အလောင်းနှစ်လောင်းစလုံး ဘယ်လိုရှာရှာမတွေ့တော့ဘူး.အဲ့တာနဲ့ ဆက်မရှာတော့ပဲ ဒီတိုင်းဆောက်လိုက်ကြတယ်လို့ ပြောကြတာပဲ).ကျွန်တော်တို့တည်းနေရမယ့်နေရာကလဲ အခြောက်အလှန့်ရှိပါတယ်ဆိုတော့ အခန်းထဲမှာ.ကျန်တဲ့လူတွေက ဟိုဘက်က တိုက်မှာနေကြတယ်.ကျွန်တော်တို့နေတဲ့ အခန်းဘေးမှာ တိုက်ရဲ့ အစောင့်လား အလုပ်သမားထဲကလားတော့ မသိဘူး ဦးလေးကြီးတစ်ယောက်ထဲ အိပ်တာ.သူ့အခန်းနဲ့ ကျွန်တော်တို့အခန်းက ကပ်ရပ်လေး.ဘေးက အခန်းသုံးခန်းကတော့ မခြောက်ဖူးတဲ့.ဒါပေမယ့် ကျွန်တော်တို့ရောက်တဲ့အချိန်က ဆေးသုတ်ပြီးကာစအချိန် ဆေးတွေ မခြောက်သေးတော့ အစင်းရာ တွေထင်မှာစိုးတာနဲ့ မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့အတိုင်း ခြောက်တဲ့အခန်းမှာပဲအိပ်လိုက်ရတာပေါ့.အဲ့လိုနဲ့ ဆရာတပည့်တွေ အဲ့ရောက်တော့ အိပ်ဖို့နေရာ ရှင်းလင်းရေးတွေလုပ် ပစ္စည်းတွေနေရာချပေါ့.နေ့လည်ပိုင်းကျတော့ ပုဂံဘူတာကြီးက ဘူတာဘေးမှာရောင်းတဲ့ထမင်းဆိုင်မှာ ထမင်းသွားစားကြ မြို့ထဲဝင် လိုအပ်တာလေးတွေ ဝယ်ကြပေါ့ဗျာ.ကျွန်တော့်ညီဝမ်းကွဲရယ် အကိုဝမ်းကွဲရယ် ဆရာရယ် ကျွနိတော်ရယ် စုစုပေါင်းလေးယောက်ပေါ့.ဆရာကတော့ အရင်တစ်ခါရောက်ဖူးထားပြီးသားဆိုတော့ နဲနဲရိုးနေပြီထင်ပါရဲ့.ညရောက်တော့ ဘာမှမခြောက်ပါဘူးကွာဆိုပြီး အကိုနဲ့ အိပ်လိုက်ကြတာ သိုးလို့ ကျွန်တော့်ညီနဲ့ ကျွန်တော့်မှာသာ ကမ္ဘာ္ဘ္ဘတွေပျက်နေကြတာ တရားတွေလည်း ဖုန်းထဲ အပြည့်ထည့် Bluetooth Box လေးဝယ်လာပြီး အဲ့တာနဲ့ချိတ်ပြီး တစ်ညလုံးဖွင့်ထားတာ ကျွန်တော့်ညီကတော့ အိပ်ပျော်သွားပါရဲ့ ကျွန်တော်ကတော့ တစ်ညလုံးအိပ်မရဘူး.ပူအိုက်နေရတဲ့ကြားထဲ တစ်ယောက်ထဲ စောင်ခေါင်းမြီးခြုံပြီး အသက်တောင်ဖြောင့်ဖြောင့်မရှုရဲဘူး.ဘယ်အချိန်များ ကိုယ့်အနောက်ကနေ လှမ်းပဲဆွဲမလား.စောင်ပဲ ဆွဲလှန်မလား ကိုယ့်အတွေးနဲ့ကိုယ်ကိုကျောချမ်းနေတာ ဒီလိုနဲ့ပဲ တစ်ညတာ ကုန်သွားခဲ့တာပေါ့.နောက်နေ့တွေလဲ အဲ့အတိုင်းပဲ.သုံးရက် အဲ လေးရက်လောက်ထိတော့ ဒုက္ခခံလိုက်ရတယ်.ဘာအခြောက်အလှန့်မှတော့ မကြုံခဲ့ရဘူး စောင်ခေါင်းမြီးခြုံထားလို့ မတွေ့တာလားတော့ မပြောတက်.လေးရက်လောင်လည်း ကြာရော အကိုလည်း ကြောက်လို့လား တော့ မပြောတက်ဖူး ပြန်မယ် မင်းလိုက်မှာလားလို့လာပြောတယ်.ကျွန်တော်လည်း နဂိုထဲက ဗန္ဓုလသွေးက လုံလုံလောက်လောက်ပါမလာလို့ ကြောက်တာကတစ်ကြောင့် ကိုယ့်မန္တလေးမြို့ကြီးနဲ့ ခွဲနေရတာတစ်ကြောင်းဆိုတော့ ကြာတော့ ကိုယ့်မြို့ကိုလည်း လွမ်းနေတာနဲ့ ညီအကိုနှစ်ယောက် ပြန်ဖို့ဆုံးဖြတ်လိုက်ကြတယ် ညနေလောက်ရောက်တော့ ဆရာ့ကို ဇွတ် မရမကပြောပြီး ချက်ချင်းပြန်လာကြတော့တာပဲ ဆရာကတော့ တားပါတယ် လူပြတ်တာရယ် ညဆိုတော့ အန္တရာယ်လည်းများတာရယ်ကြောင့် မပြန်ဖို့တားသေးတယ် ဘယ်လိုမှပြောမရတော့ လွှတ်ပေးလိုက်တာပဲ.အဲ့မှာက ကျွန်တော့်ညီဝမ်းကွဲရယ် ဆရာရယ် နှစ်ယောက်ပဲ ကျန်ခဲ့တယ်.ကျွန်တော်တို့ညီအကိုကတော့ ချက်ချင်ူပြင်ဆင်ပီး 4 ခွဲလောက်ထင်တယ် ထွက်လာခဲ့ကြတယ်.လမ်းမှာတော့ မြို့ထဲက အထွက် ထန်းရည်ဆိုင်မှာတော့ ညီအကိုနှစ်ရဲဆေးတင်ခဲ့ရသေးတယ် ပြဿနာက အဲ့ထန်းရည်ဆိုင်မှာကို နှစ်နာရီလောက်ကျွတ်သွားတယ် အပြန်တော့ တော်တော်မှောင်နေပြီ.နဲနဲ အရှိန်လေးက တက်လာတော့ မူးကလည်း မူးနေတော့ စမ်းတန်းစမ်းတန်းပဲ သွားရတာ အဲ့မှာလမ်းခွဲလေးရှိတယ်.တစ်လမ်းက ကျွန်တော်တို့ ရန်ကုန်မန္တလေး လမ်းသစ်ပေါ်ရောက်တဲ့လမ်း တစ်လမ်ူကတော့ လမ်းဟောင်းကသွားရတာ ကျွန်တော်တို့ စက်မှုမြို့သစ်ကို တိုက်ရိုက်ရောက်တယ်.ဖြစ်ချင်တော့ မှောင်နေတာက တစ်ကြောင်း မူးနေတာကလည်း တစ်ကြောင်းမို့လို့ လမ်းခွဲကို သတိမထားမိပဲ အမြန်လမ်းဟောင်းကနေ မောင်းလာမိတယ် ဆိုင်ကယ်ကလဲ ရှုနာရှိုက်ကုန်းဆိုတော့ ဖြည်းဖြည်းမှန်မှန်ပဲ လမ်းတစ်ဝက်လောက်ရောက်မှ လမ်းမှားနေမှန်းသိတာ အဲ့တာနဲ့ မထူးဘူးဆိုပြီး ဆက်မောင်းလာကြတယ် ဖြစ်ချင်တော့ ဆိုင်ကယ်က ဘီးပေါက်သွားတယ် လမ်းမှာက ဟိုင်းဝေးလမ်းဆိုတော့ လူနဲ့တူတာဆိုလို့ ဘာမှမတွေ့ဘူး အဲ့တာနဲ့ လေမရှိပေမယ့် ဂွေရှိတယ်ဆိုပြီး လက်ကိုင်ထိန်းပြီး ဖြည်းဖြည်းပဲ ဆက်မောင်းခဲ့ကြတယ်.ကျောက်ဆည်အဝင်လား ဘာလားတော့ မမှတ်မိတော့ဘူး မြို့အဝင်ဝတော့ အဝင်ဝပဲ ဘာမြို့လဲတော့ သိတော့ဘူး ကြာလည်း ကြာနေပြီဆိုတော့.အဲ့အဝင်ဝမှာ ဘာအပင်လဲတော့သိဘူး သစ်ပင်အကြီးကြီးရှိတယ်.အဲ့သစ်ပင်အောက်မှာ ရေအိုးစင်လေးရှိတယ်.ဝင်းထရံအစုတ်တွေလည်း ရှိတယ် (အဲ့တာတော့ မသေချဘူးနော် မှတ်မိသလောက်ရမ်းပြောတယ် အမှောင်ထဲ တောင်ကြည့်ေ့မြာက်ကြည့်ကြည့်ရင်းနဲ့ တွေ့တာပြောပြတာ) အဲ့နားလဲရောက်ရော လေချဉ်တက်သလို အသံလား ရယ်သံလား ဘာသံလား စကားပြောလိုက်တဲ့အသံလား မသဲကွဲဘူး အသံတစ်သံ ညီအကိုနှစ်ယောက်လုံး ကြားရတယ်.အသံက ခြောက်ခြောက်ကပ်ကပ် အက်အက်ကွဲကွဲကြီးဗျ.အဲ့တာနဲ့ အကိုက မင်းမူးနေလို့ အန်ချင်နေတာလားလို့မေးတယ်.သူက အဲ့အသံကျွန်တော့်ဆီကထွက်တယ်ထင်နေတာ အဲ့တာနဲ့ကျွန်တော်လည်း ''ဟင့်အင်း ညီမအန်ချင်ပါဘူး ဘာသံမှလဲ မထွက်ပါဘူး'' လို့ ပြန်ပြောလိုက်တယ်.အကို့ဆီက ဘာသံမှတော့ ထွက်မလာတော့ဘူး.ပြီးလည်း ပြီးရော ဆိုင်ကယ်အရှေ့ကနေ ဖြူဖြူအရိပ် ဖြတ်ပြေးသွားတာ ရိပ်ကနဲ မြင်လိုက်တယ်.နှစ်ယောက်လုံး မြင်လိုက်ရတာ အစကတော့ ခွေး ဒါမှမဟုတ် မျက်စိမှားတာပဲဖြစ်မှာပါလို့တွေးမိတယ်. နှစ်ခါသုံးခါ ဆက်တိုက်ဖြစ်လာတော့ စိတ်ထဲက သိလိုက့်ပီ ငါတို့ သရဲအခြောက်ခံနေရပြီဆိုတာ.အကိုလည်း ညီမင်းသဘောပေါက်တယ်မလား ရသမျှဘုရားစာအကုန်ရွက်ကွာဆိုပြီး ညီအကိုနှစ်ယောက် ရသမျှဘုရားစားတွေ အသံကုန်အော်ရွက်ပြီး ဆိုင်ကယ်ဘီးပေါက်ရက်တန်းလန်းပဲ မရမက မောင်းပြေးလာခဲ့ရတယ်.အနောက်ကနေ ရယ်သံလိုလို အသံမျိုးတော့ ကြားလိုက်မိတယ်.ကိုယ့်မြို့ကိုပြန်ရောက်မှပဲ သက်ပြင်းချနိုင်တော့တယ်.ညပိုင်း ဟိုင်းဝေးလမ်းတွေက သရဲခြောက်တယ်ဆိုတာ မဆန်းတော့ပါဘူး.ဒါပေမယ့် ကိုယ်တွေ့ကြုံခဲ့ရတော့လဲ လန့်သွားတယ်.အဲ့လမ်းက ညပိုင်းခုသွားဆို စိန်တွေရွှေတွေ ပုံပေးတောင် မသွားရဲတော့ဘူး. အဲ့တုန်းက အမှတ်တရ ဖြစ်ခဲ့တဲ့ တစ်ညတာ ကိုယ်တွေ့လေးပဲ.နောက်တစ်နေ့လည်း ရောက်ရော လူလည်း ဝပ်ရှော့ရောက်ပြီး ဆိုင်ကယ်လည်း ဆေးခန်းပို့ရတော့တာပဲ ( အဲ...မှားလို့ ) ဆိုင်ကယ်လည်း ဝပ်ရှော့ရောက်ပြီး လူလည်း ဆေးခန်းပို့ရတော့တာပဲ.နောက်မှ စဉ်းစားမိတာ ဆရာ့စကားကို နားမထောင်ပဲ လွန်ဆန်မိခဲ့လို့ ငါတို့ ခုလိုကြုံခဲ့ရတာပဲဆိုတာ.နောက်ကြုံရင်လဲ အလုပ်ကိစ္စနဲ့ သပိတ်ကျင်းသွားတုန်းက အလုပ်ထဲက အသိတွေနဲ့ ညပိုင်းစိတ်ပြေလက်ပျောက် တောထဲ ငှက်ပစ်တို့ ဘာတို့ သွားခဲ့တုန်းက ကြုံခဲ့ရတာတွေ ပြန်ဖောက်သည်ချပေးမယ်.ခုတော့ ဒီလောက်ပဲ အဆုံးသတ်ပြီး  The End ပေါ့ဗျာ.အဆုံးထိ ဖတ်ပေးခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်.
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
19.11.2017 ( 3:40 AM )
The End.....
09259222024
09787420275
သက်​ငြိမ်​၀ိဥာဉ်
သက်​ငြိမ်​၀ိဥာဉ်
~~~~~~~~~~~~~~~~ * MC ကာရံ​လေး *
အာဏာရူး​နေတဲ့ သချိုင်း​ကုန်းကို
မြေလှန်​ကြည့်​​တော့
မတရားမှု​တွေက ငါ့ကိုလက်​​ထောင်​ပြတယ်
ဇီဝိန်​ချုပ်​ခဲ့ရတဲ့ သစ်​ပင်​​တွေကြား
တိမ်​တိုက်​​တွေ လွင့်​​မျော်​ခဲ့ရတာလည်းအကြိမ်​ကြိမ်
ညကိုညလို့ က​ဗ္မည်းမထိုးရက်​ပဲသာယာ​နေခဲ့တာ
အဲ့တာ ငါ့အတ္တ
အိမ်ပြန်ချိန်ဟာ ငါ့အတွက်အ​ဖော်မဲ့ေ​​​​​​နတယ်
အက်ကွဲ​​နေတဲ့​နေ့စွဲ​​တွေကို နင်းေ​ခြမိ​တော့
မိုးခါး​ရေစက်​အချို့သာ ပိုပြီးယိုစိမ့်​ကျလာတယ်
တောက်
မင်းဘာလို့ ငါ့နှလုံးသားကိုတမာရည်​​လောင်းချပစ်​တာလည်း​လောကဓံ
ငါက သက်​တန့်​​လေး​တွေကြား
တစ်​ခဏတာ သာယာခဲ့မိတာပါဟ
အခု​တော့
အခု​တော့ကွာ........
နောက်​ဆုံး​တော့လဲ
လမသာတဲ့ အာကာပြင်​က
ကြွေလွင့်​သွားတဲ့ ၀ိဥာဉ်​အချို့
ပြန်​အသက်​သွင်းရင်း
ငြိမ်​ငြိမ်​​လေးပဲ ထိုင်​ကြည့်​​နေမိတယ်
အဲ့တာ.......... သူပဲ ..........
ငါ့နမ်းရှိုက်​မိတဲ့ အိပ်​မက်​​တွေထဲမှာ​တော့
မင်းက အလှပဆုံးပါ
ငါ.......
ဆက်​ပြီး နမ်းရှိုက်​မိ​နေဦးမှာပါဟာ
အဲ့ဒီညက ငါ့အတွက်​​တော့
သာယာပါတယ်​........
MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး
SUN,JANUARY 14
14.1.2018
09259222024
09787420275
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...