ပုံစံခွက်ထဲက ၀ါးလုံးကွဲဝါကျများ
~~~~~~~~~~~~~~~~~~~~~~ MC ကာရံလေး
ကဗ္မလာမခြုံတဲ့ညမှာ မြသွေးရောင်လွှမ်းနေတဲ့စည်းစိမ်တွေကို
ငါ မမက်မောတော့ဘူး........
မက်မက်စက်စက် နမ်းရှိုက်မိတဲ့အတိတ်တွေက
ငါ့ကောင်းကင်မှာတော့ တိမ်တစ်ခြမ်းပြိုလို့......
မာယာဆွတ်ထားတဲ့ မုသားတွေရဲ့နောက်ကွယ်
ကြယ်ရောင်မဲ့ မိုးကုတ်စက်ဝိုင်းတွေရဲ့အခြားတစ်ဖက်
နောင်တတွေက တသီတတန်းကြီး
အံခွက်တွေထဲ ဖြစ်သလိုပုံကျနေရှာတဲ့ဘ၀တွေ
အပေါစားဆန်နေတဲ့ ဒဏ်ရာတွေကရိုက်ချိုး
ပန်သူမဲ့ပန်းတစ်ပွင့်ရဲ့ ၀တ်လွှာတွေက
ဥယာဉ်ပျက်ထဲမှာတင်ပဲ ကြုံသလိုရနံ့လွှတ်နေရတယ်
လေတိုက်လို့သစ်ရွက်ကြွေတာ မဆန်းပေမယ့်
အနေမတက်လို့ ပင့်သက်တွေကြွေကုန်တာ
ငါ့အတွက်တော့ ရင်နင့်စရာ
ဆူးကြမ်းလမ်းက ၀ါးလုံးကွဲဝါကျတွေ
ရွှေထင်လို့ ခြေတင်မိခဲ့လေတော့
ညရဲ့ အက်ကြောင်းရာတွေထဲ
ပတ်လက်လေးသာ မျော...လို့
ကဲ...လ
မင်း တိမ်ထည်တွေကြားထဲမှာ ၀ှက်ကွယ်နေလိုက်စမ်းပါ
မင်း မလင်းသေးခင်
ငါ အရင် လှမ်းပြမယ်......
ဒါပေမယ့်
ထိုက်သင့်တဲ့ အဖိုးအခတော့
ငါ့ကိုပေးဆောင်ပါ..........
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
21.1.2018
No comments:
Post a Comment