မဟူရာ ရှိုက်သံ
~~~~~~~~~~~~~~~~~~~~ MC ကာရံလေး
မဟူရာညတွေ အိပ်မက်တွေမိုးထားတဲ့နှလုံးသားအစုံ
ရိုက်ချိုးပစ်လိုက်သော အခါ
ခြောက်ကပ်နေတဲ့ ခြေရာလေးတွေက
ငိုတက်လာတယ်........
ငါ့အခန်းတံခါးရဲ့ သေမင်းတမန်ဟာ
မျက်ရည်တွေရဲ့ အစွန်းတစ်ဖက်
ပုဇွန်ဆီရောင် ညနေခင်းမှာအခန့်သားနဲ့
ရွာနေတဲ့ မိုးဖွဲလေးတွေကြား
ရှင်သန်ခွင့်မရှိတော့တဲ့ ပုံရိပ်အချို့ကို
ငါ မိုက်မဲစွာ နမ်းရှိုက်ခဲ့ဖူးပါတယ်....
နာကျင်မှုကို မြေပြင်မှာချရေးတော့
တိမ်တွေက လှောင်တယ်
ပေတရာမှာ စွန်းနေတဲ့သွေးစက်တွေ
ဒဏ်ရာတွေကို ပုံဖော်ကြည့်တော့
ကောင်းကင်ကြီးက ငိုတယ်......
သုဿန်တစပြင်က အော်သံဟာ
နံရံမှာ ချိတ်ဆွဲထားတဲ့
မြည့်နေတဲ့ ဓားသွားတွေ
အကြွေပန်းတစ်ပွင့် ညိုးနွမ်းသွားတော့
ကြေမွနေတဲ့နှလုံးသားအပေါ် အသာအယာတင်
အိုစာနေတဲ့ ခါးသီးမှုတွေနဲ့
သစ္စာကို အပြစ်ဖို့လိုက်တယ်......
သူ.......
ပြန်လာနိုင်ပါဦးမလား.......
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
23.1.2018
~~~~~~~~~~~~~~~~~~~~ MC ကာရံလေး
မဟူရာညတွေ အိပ်မက်တွေမိုးထားတဲ့နှလုံးသားအစုံ
ရိုက်ချိုးပစ်လိုက်သော အခါ
ခြောက်ကပ်နေတဲ့ ခြေရာလေးတွေက
ငိုတက်လာတယ်........
ငါ့အခန်းတံခါးရဲ့ သေမင်းတမန်ဟာ
မျက်ရည်တွေရဲ့ အစွန်းတစ်ဖက်
ပုဇွန်ဆီရောင် ညနေခင်းမှာအခန့်သားနဲ့
ရွာနေတဲ့ မိုးဖွဲလေးတွေကြား
ရှင်သန်ခွင့်မရှိတော့တဲ့ ပုံရိပ်အချို့ကို
ငါ မိုက်မဲစွာ နမ်းရှိုက်ခဲ့ဖူးပါတယ်....
နာကျင်မှုကို မြေပြင်မှာချရေးတော့
တိမ်တွေက လှောင်တယ်
ပေတရာမှာ စွန်းနေတဲ့သွေးစက်တွေ
ဒဏ်ရာတွေကို ပုံဖော်ကြည့်တော့
ကောင်းကင်ကြီးက ငိုတယ်......
သုဿန်တစပြင်က အော်သံဟာ
နံရံမှာ ချိတ်ဆွဲထားတဲ့
မြည့်နေတဲ့ ဓားသွားတွေ
အကြွေပန်းတစ်ပွင့် ညိုးနွမ်းသွားတော့
ကြေမွနေတဲ့နှလုံးသားအပေါ် အသာအယာတင်
အိုစာနေတဲ့ ခါးသီးမှုတွေနဲ့
သစ္စာကို အပြစ်ဖို့လိုက်တယ်......
သူ.......
ပြန်လာနိုင်ပါဦးမလား.......
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
23.1.2018
No comments:
Post a Comment