သက်ငြိမ်ဝိဥာဉ်
~~~~~~~~~~~~~~~~ * MC ကာရံလေး *
အာဏာရူးနေတဲ့ သချိုင်းကုန်းကို
မြေလှန်ကြည့်တော့
မတရားမှုတွေက ငါ့ကိုလက်ထောင်ပြတယ်
ဇီဝိန်ချုပ်ခဲ့ရတဲ့ သစ်ပင်တွေကြား
တိမ်တိုက်တွေ လွင့်မျော်ခဲ့ရတာလည်းအကြိမ်ကြိမ်
ညကိုညလို့ ကဗ္မည်းမထိုးရက်ပဲသာယာနေခဲ့တာ
အဲ့တာ ငါ့အတ္တ
အိမ်ပြန်ချိန်ဟာ ငါ့အတွက်အဖော်မဲ့နေတယ်
အက်ကွဲနေတဲ့နေ့စွဲတွေကို နင်းခြေမိတော့
မိုးခါးရေစက်အချို့သာ ပိုပြီးယိုစိမ့်ကျလာတယ်
တောက်
မင်းဘာလို့ ငါ့နှလုံးသားကိုတမာရည်လောင်းချပစ်တာလည်းလောကဓံ
ငါက သက်တန့်လေးတွေကြား
တစ်ခဏတာ သာယာခဲ့မိတာပါဟ
အခုတော့
အခုတော့ကွာ........
နောက်ဆုံးတော့လဲ
လမသာတဲ့ အာကာပြင်က
ကြွေလွင့်သွားတဲ့ ၀ိဥာဉ်အချို့
ပြန်အသက်သွင်းရင်း
ငြိမ်ငြိမ်လေးပဲ ထိုင်ကြည့်နေမိတယ်
အဲ့တာ.......... သူပဲ ..........
ငါ့နမ်းရှိုက်မိတဲ့ အိပ်မက်တွေထဲမှာတော့
မင်းက အလှပဆုံးပါ
ငါ.......
ဆက်ပြီး နမ်းရှိုက်မိနေဦးမှာပါဟာ
အဲ့ဒီညက ငါ့အတွက်တော့
သာယာပါတယ်........
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
SUN,JANUARY 14
14.1.2018
09259222024
09787420275
No comments:
Post a Comment