Jan 12, 2018

~~~'' လ​ရောင်​​ဝေး​သော အနမ်း ''~~~

~~~~~* လရောင်ဝေးသော အနမ်း *~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~ MC ကာရံ​လေး

ခါးသက်ပြင်းရှတဲ့
နှုတ်ခမ်းဖျားပေါ်က ဝိုင်တစ်စက်ဟာ
ငါ့ကို သေဆုံးစေခဲ့တယ်

စေတန်ရဲ့ လက်ဝါးပေါ်ကအိပ်မက်တွေ
အကြိမ်ကြိမ် ပြာချရင်း
ခြုံလွှာအောက်က ညကို
ဖန်တရာတေအာင် မီးသင်္ဂြိုလ်ပေးခဲ့တာ
အဲ့တာ ငါပဲ

နေဝင်ချိန်ကို ထမ်းပြီးပြန်မယ်စဉ်းစားကာမှ
ငါ လွယ်အိတ်ထဲထည့်ထားတဲ့ဧဝရက်တောင်ဟာ
ဖုန်အလိမ်းလိမ်းကပ်လို့

အဲ့ဒီတုန်းက ငါအမြတ်တနိုးစီထပ်ထားတဲ့ဖန်ခွက်တွေ
ကျကွဲသွားခဲ့တယ်

အနာဂတ်မှာ မိဘတွေမရှိဘူး
ဘဝရဲ့ပုံစံခွက်ထဲက ပျက်ယွင်းစပြုနေတဲ့ခြေရာတွေကို
စေတနာအရင်းခံနဲ့ ထိန်းကျောင်းပေးခဲ့ပေမယ့်
ရေမဆွတ်ထားတဲ့ ကြိမ်ဟာ
သူ့အတွက်တော့ ခါးသက်သက်

ဒီလိုနဲ့ ငါ့မျက်ရည်တွေခြယ်မှုန်းထားတဲ့မြို့က
တဖြည်းဖြည်း ပျက်ယွင်းစပြုလို့
ညဥ့်ထက် ပိုမနက်တော့တဲ့ညမှာ
ငါ့ပုခုံးထက် သွေးစွန်းရာတွေနဲ့

လရောင်ဝေး ပန်းခင်းတွေထဲ
ငါ
ခုထိ မတ်တပ်ရပ်မိနေတုန်း

MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး
FRI,JANUARY. 12
12.1.2018

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...