Jan 9, 2018

ငါ...​သေဆုံးသွား​သောအခါ

ငါ ​သေဆုံးသွား​သောအခါ
~~~~~~~~~~~~~~~~~~~ MC ကာရံ​လေး

ငါ့အနား ဘယ်​သူမှမရှိကြ​တော့တဲ့အချိန်
ပုဏ္ဏကတိုက်​သွားတဲ့ အိမ်​လို
အရာရာဟာ ကစဉ့်​ကလျား

အိပ်​စက်​​နေတဲ့ နိုးထမှု​တွေက
အတ္တလန္တိတ်​သမုဒ္ဒရာရဲ့ တစ်​ဖက်​ခြမ်း
အရည်​​ပျော်​ကျ​နေတဲ့ ဝန်​ရိုးစွန်းသာသာရယ်​​လေ

နေသလိုဖြစ်​မလာ​တော့ ​ဖြစ်​သလို​နေခဲ့ရတဲ့ဘဝမှာ
ခ​ရောင်းလမ်းကို ဆူးခြုံထင်​လို့
ရင်​ဘက်​ကိုဖွင့်​ချ ဇွတ်​တိုးဝင်​ခဲ့မိ

ဧရာကမ်းက ​​ခြေရာအချို့ကိုယစ်​မူး
အိပ်​မ​ပျော်​တဲ့ လ,က
မြန်​မာတစ်​လုံးနဲ့တင်​ ​သိက္ခာ​တွေ​ဗုန်း​ဗုန်းလဲ
ရီ​ဝေ​နေတဲ့ ကြယ်​​ရောင်​​တွေ​အောက်
ကမ္ဘာမ​ကြေတဲ့ အမုန်း​တွေပါ​နေတယ်

ဒါ​တွေ
ဘယ်​သူမှ မသိကြဘူး

ရှေ့က ဆီးကြို​နေတဲ့​ကြေးမုံပြင်​ဟာ
မတူညီတဲ့ ပြဒါး​ယောင်​မှန်းသိ​ပေမယ့်
သစ်​ရွက်​ငိုသံ​တွေအဆုံးထိ ​ခြေဆန့်
ကမ်းပါးအစွန်း နာကျင်​မှု​တွေကို
ဟစ်​​အော်​ခဲ့ဖူးတယ်

မက်​​မော​တွေ​ဝေခဲ့ရတဲ့ ည​တွေက
သန်း​ခေါင်​ယံတက်​ ညဉ့်​နက်
ကြယ်​စင်​အားကိုးနဲ့ ဖြတ်​​လျှောက်​ခဲ့ရတဲ့ရွံနွံ​တွေဟာ
ဘဝမှာ ဒုနဲ့​ဒေး

နစ်​ကျွံ​နေ​ပေမယ့်
ရုန်းထွက်​ဖို့ ကမ်းလက်​တစ်​စုံကင်းမဲ့
ရိုးသားခြင်းကိုသာ ခုတုံးလုပ်​လို့
ကလာကာ​နောက်​ကွယ်​က ရှိုက်​သံ​တွေ

ကျွန်​​တော်

အိက်​စက်​​နေတဲ့ ဘဝ​တွေအတွက်
ဘယ်​သူမှမသိ​အောင်​ တိတ်​တိတ်​​လေးအ​မှောင်​ချလိုက်​ပြီ

သူတို့
ကျွန်​​တော့်​ကို ပုတ်​ခတ်​ကြတယ်
ကျွန်​​တော့်​ကို တိုက်​ခိုက်​ကြတယ်
ကျွန်​​တော့်​ စိတ်​ဓာတ်​​တွေကို
တံ​တွေးနဲ့​ထွေးကြတယ်

နာနာကျင်​ကျင်​ ဟစ်​​အော်​ခဲ့​ပေမယ့်
မျက်​ရည်​​တွေက အရှိုက်​ကိုပစ်​သွင်း
တစ်​ကယ်​​တော့
ကျွန်​​တော်​က တစ်​​ယောက်​ထဲပါပဲ​လေ

အကယ်​၍များ
လှောင်​ရယ်​သံ​တွေ အဆုံး
အသိ​ပေးခြင်းမရှိပဲ​ 
ငါ ​သေသွားခဲ့ရင်
တွယ်​ရာမဲ့ ရှိုက်​သံ​တွေအတွက်
မလန်းဆန်​​တော့မဲ့ အိပ်​မက်​​တွေကို
မီးမှိတ်​ အ​မှောင်​ချ​ပေးပါ

စိတ်​ကူးယဉ်​ခြင်​​ပေမယ့်
ခြေလှမ်း​တွေက အသက်​မရှိ​တော့ဘူး
ပဲ့တင်​​နေတဲ့ လိုအင်​​တွေ
အခါခါပြန်​အသက်​သွင်း
ညက​တော့ ​မှောင်​သထက်​​မှောင်​လို့

တကယ်​လို့များ
ငါ...​သေသွားခဲ့ရင်

တကယ်​လို့များ
ငါ​..​သေသွားခဲ့ရင်

တကယ်​လို့များ
ငါ...​သေသွားခဲ့ရင်

MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး
WED, DECENBER 27

09259222024
09787420275

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...