Jan 6, 2018

နှင်းဆီရှိုက်သံ

နှင်းဆီ ရှိုက်သံ
~~~~~~~~~~~~~ MC ကာရံလေး

ရနံ့မဖြာခင်​ နွမ်း​ကြေသွားတဲ့နှင်းဆီလို
ထုပ်​ပိုးမှုပုံစံအသစ်​အဆန်း​တွေက
သူ့အတွက်​ အိပ်​မက်​သာသာရယ်

လေပြည်​မှာ ကခုန်​တက်​တဲ့နှုတ်​ခမ်းပါး​လေ​တွေက
တပါးသူနမ်းရှိုက်​ဖို့
အခူးဆွတ်​ခံ
အချိုးဖဲ့ခံ

ဒီလိုနဲ့ အဆိပ်​သင့်​ပွင့်​လွှာ​တွေဖြန့်​ထုတ်​ရင်း
မာကျူရီမိးရောင်မှိန်မှိန်အောက် စတည်းချ
ယိုင်တိုင်တိုင် ခုံတန်းလျားလေးပေါ်မေးတင်
ကျိုးပျက်နေတဲ့ ညှာတံတွေ
နှမျောတသ ကြည့်မိတယ်

အလှမဖြာနိုင်တော့ပေမယ့်
လင်ဗန်းပေါ်က ဘဝတွေကတော့
ညိုးလျက်
နွမ်းလျက်

MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
SAT,JANUARY 6

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...