ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တစ်ညတာကိုယ်တွေ့
၂၀၁၅ ခုနှစ်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်အား အခြေခံထားပါသည်.
၂၀၁၅ လောက်က ထင်တယ်.အဖြစ်အပျက်မပြောခင် ကျွန်တော့်အကြောင်းအရင် ကြေညာဝင်ရမယ်.ကျွန်တော်က အရင်က လျှပ်စစ် လုပ်တာ လျှပ်စစ်လုပ်တယ်ဆိုတာ ဆောက်လက်စတိုက်တွေဘာတွေကို လိုက်ပြီး မီးဆင်ပေးရတာပေါ့ဗျာ အများအခေါ်တော့ ဝါယာရိမ်းပေါ့.အဲ့တုန်းက ကျွန်တော်နဲ့အတူတွဲလုပ်တဲ့ ကျွန်တော့်အကို ဝမ်းကွဲတစ်ယောက်ရှိတယ်.ဒီလိုပဲ ပုံမှန် မနက် ၈ နာရီလောက်ဆို ညီအကိုနှစ်ယောက်အလုပ်သွား ညနေအလုပ်ပြန် ပုံမှန် သာသာယာယာပဲ.ကြာတော့ အလုပ်က ပါးလာတယ်ဗျ.နှစ်ပါက်လောက်တော့ အိမ်မှာပဲ စည်းစိမ်ယစ်နေလိုက်ရသေးတယ်.အဲ တစ်နေ့ ကျွန်တော့်အကိုက ''ပုဂံမှာတော့ ဆိုဒ်တစ်ဆိုဒ်ရှိတယ် အဲ့သွားရမှာ မင်းလိုက်မှာလား '' လို့ မေးတာပဲ.ကျွန်တော်ကလဲ အဲ့တုန်းက တော်တော်လေးခြေရှည်တယ်ဗျ (ခုထိလည်း ရှည်နေတုန်းပါပဲ) . ခရီးဝေးတို့ ဘာတို့ဆို သိပ်သွားချင်နေတဲ့သူလေ.ခရီးထွက်ရတာ ဝါသနာလည်းပါတယ်.အပြင်ဗဟုသုတတွေရတာပေါ့ဗျာ.ဘာပြောကောင်းမလဲ အကိုကတောင် နှစ်ခွန်းမမေးရဘူး တန်းခေါင်းညိမ့်လိုက်တာပဲ.ဒီလိုနဲ့ ညီအကိုနှစ်ယောက် ခရီးထွက်ဖို့ ပြင်ဆင်ရတာပေါ့.ကျွန်တော်တို့ကတော့ ကားနဲ့မသွားဘူး.ဆိုင်ကယ်နဲ့သွားကြတာ မန္တလေးကနေ ပုဂံအထိကို.အဲ့တုန်းက ကျွန်တော့်အကိုရဲ့ ဆိုင်ကယ်အစုတ်လေးနဲ့ သွားကြရတာပေါ့ဗျာ.လမ်းမှာ ဆိုင်ကယ်ကလဲ ချိန်းခဏခဏကျ အဆင်ကိုပြေနေတာပဲ.တော်ပါသေးရဲ့ ချောချောမွေ့မွေ့လေးရောက်သွားလို့ လုပ်ရမယ့် အလုပ်ဆိုဒ်ကတော့ ပုဂံမြို့ရဲ့ မြို့ထဲတော့မကျဘူး.မြို့အဝင်လားအထွက်လာတော့ မမှတ်မိတော့ဘူး.ရန်ကုန်မန္တလေးလမ်းလို ဟိုဘက်သည်ဘက် နှစ်လမ်းသွားလုပ်ထားတဲ့လမ်း. အဲ့လမ်းဘေးလေးမှာပဲရှိတာ.ချောင်တော့တော်တော်ကျတာ.လမ်းဘေးမှာဆိုပေမယ့် အိမ်ခြေနဲ့က နဲနဲ အလှမ်းဝေးတယ်.ဆိုဒ်အပြင်မှာလဲ ခြုံတွေကြည့်ပဲ အဝင်ပေါက်တစ်နေရာစာပဲ လွတ်တာ.ဆောက်ထားတာက ဒီဘက်မှာက တိုက်ခန်းတွဲ အထပ်တော့မရှိဘူး.ဟိုဘက်မှာက မိသားစုတွေနေတဲ့တိုက်.ခွဲထားတာပေါ့ဗျာ.ဟိုရောက်တော့ စိတ်ကိုညစ်သွားတာပဲ.ချက်ချင်းကို ထပြန်ချင်စိတ်ပေါက်သွားတာ.အဲ့ဆိုဒ်က ပန်းရံတို့ ဆေးသုတ်တို့ အလုပ်သမားတွေ ပြန်ပြောပြတာတစ်ခုရှိတယ်.တိုက်ခန်းတွဲနေရာက အခြောက်အလှန့်ရှိတယ်တဲ့.( အရင် ဒီနေရာဘာမှမဆောက်ခင်တုန်းက အဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်သေထားတယ်.သူတို့သေတော့ သားသမီးတွေက ခုတိုက်ခန်းတွဲနေရာမှာ မြုပ်ထားခဲ့တာတဲ့.တိုက်ဆောက်ဖို့ မြေလှန်ရှာတော့ အဖိုးကြီးရော အဖွားကြီးရော အလောင်းနှစ်လောင်းစလုံး ဘယ်လိုရှာရှာမတွေ့တော့ဘူး.အဲ့တာနဲ့ ဆက်မရှာတော့ပဲ ဒီတိုင်းဆောက်လိုက်ကြတယ်လို့ ပြောကြတာပဲ).ကျွန်တော်တို့တည်းနေရမယ့်နေရာကလဲ အခြောက်အလှန့်ရှိပါတယ်ဆိုတော့ အခန်းထဲမှာ.ကျန်တဲ့လူတွေက ဟိုဘက်က တိုက်မှာနေကြတယ်.ကျွန်တော်တို့နေတဲ့ အခန်းဘေးမှာ တိုက်ရဲ့ အစောင့်လား အလုပ်သမားထဲကလားတော့ မသိဘူး ဦးလေးကြီးတစ်ယောက်ထဲ အိပ်တာ.သူ့အခန်းနဲ့ ကျွန်တော်တို့အခန်းက ကပ်ရပ်လေး.ဘေးက အခန်းသုံးခန်းကတော့ မခြောက်ဖူးတဲ့.ဒါပေမယ့် ကျွန်တော်တို့ရောက်တဲ့အချိန်က ဆေးသုတ်ပြီးကာစအချိန် ဆေးတွေ မခြောက်သေးတော့ အစင်းရာ တွေထင်မှာစိုးတာနဲ့ မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့အတိုင်း ခြောက်တဲ့အခန်းမှာပဲအိပ်လိုက်ရတာပေါ့.အဲ့လိုနဲ့ ဆရာတပည့်တွေ အဲ့ရောက်တော့ အိပ်ဖို့နေရာ ရှင်းလင်းရေးတွေလုပ် ပစ္စည်းတွေနေရာချပေါ့.နေ့လည်ပိုင်းကျတော့ ပုဂံဘူတာကြီးက ဘူတာဘေးမှာရောင်းတဲ့ထမင်းဆိုင်မှာ ထမင်းသွားစားကြ မြို့ထဲဝင် လိုအပ်တာလေးတွေ ဝယ်ကြပေါ့ဗျာ.ကျွန်တော့်ညီဝမ်းကွဲရယ် အကိုဝမ်းကွဲရယ် ဆရာရယ် ကျွနိတော်ရယ် စုစုပေါင်းလေးယောက်ပေါ့.ဆရာကတော့ အရင်တစ်ခါရောက်ဖူးထားပြီးသားဆိုတော့ နဲနဲရိုးနေပြီထင်ပါရဲ့.ညရောက်တော့ ဘာမှမခြောက်ပါဘူးကွာဆိုပြီး အကိုနဲ့ အိပ်လိုက်ကြတာ သိုးလို့ ကျွန်တော့်ညီနဲ့ ကျွန်တော့်မှာသာ ကမ္ဘာ္ဘ္ဘတွေပျက်နေကြတာ တရားတွေလည်း ဖုန်းထဲ အပြည့်ထည့် Bluetooth Box လေးဝယ်လာပြီး အဲ့တာနဲ့ချိတ်ပြီး တစ်ညလုံးဖွင့်ထားတာ ကျွန်တော့်ညီကတော့ အိပ်ပျော်သွားပါရဲ့ ကျွန်တော်ကတော့ တစ်ညလုံးအိပ်မရဘူး.ပူအိုက်နေရတဲ့ကြားထဲ တစ်ယောက်ထဲ စောင်ခေါင်းမြီးခြုံပြီး အသက်တောင်ဖြောင့်ဖြောင့်မရှုရဲဘူး.ဘယ်အချိန်များ ကိုယ့်အနောက်ကနေ လှမ်းပဲဆွဲမလား.စောင်ပဲ ဆွဲလှန်မလား ကိုယ့်အတွေးနဲ့ကိုယ်ကိုကျောချမ်းနေတာ ဒီလိုနဲ့ပဲ တစ်ညတာ ကုန်သွားခဲ့တာပေါ့.နောက်နေ့တွေလဲ အဲ့အတိုင်းပဲ.သုံးရက် အဲ လေးရက်လောက်ထိတော့ ဒုက္ခခံလိုက်ရတယ်.ဘာအခြောက်အလှန့်မှတော့ မကြုံခဲ့ရဘူး စောင်ခေါင်းမြီးခြုံထားလို့ မတွေ့တာလားတော့ မပြောတက်.လေးရက်လောင်လည်း ကြာရော အကိုလည်း ကြောက်လို့လား တော့ မပြောတက်ဖူး ပြန်မယ် မင်းလိုက်မှာလားလို့လာပြောတယ်.ကျွန်တော်လည်း နဂိုထဲက ဗန္ဓုလသွေးက လုံလုံလောက်လောက်ပါမလာလို့ ကြောက်တာကတစ်ကြောင့် ကိုယ့်မန္တလေးမြို့ကြီးနဲ့ ခွဲနေရတာတစ်ကြောင်းဆိုတော့ ကြာတော့ ကိုယ့်မြို့ကိုလည်း လွမ်းနေတာနဲ့ ညီအကိုနှစ်ယောက် ပြန်ဖို့ဆုံးဖြတ်လိုက်ကြတယ် ညနေလောက်ရောက်တော့ ဆရာ့ကို ဇွတ် မရမကပြောပြီး ချက်ချင်းပြန်လာကြတော့တာပဲ ဆရာကတော့ တားပါတယ် လူပြတ်တာရယ် ညဆိုတော့ အန္တရာယ်လည်းများတာရယ်ကြောင့် မပြန်ဖို့တားသေးတယ် ဘယ်လိုမှပြောမရတော့ လွှတ်ပေးလိုက်တာပဲ.အဲ့မှာက ကျွန်တော့်ညီဝမ်းကွဲရယ် ဆရာရယ် နှစ်ယောက်ပဲ ကျန်ခဲ့တယ်.ကျွန်တော်တို့ညီအကိုကတော့ ချက်ချင်ူပြင်ဆင်ပီး 4 ခွဲလောက်ထင်တယ် ထွက်လာခဲ့ကြတယ်.လမ်းမှာတော့ မြို့ထဲက အထွက် ထန်းရည်ဆိုင်မှာတော့ ညီအကိုနှစ်ရဲဆေးတင်ခဲ့ရသေးတယ် ပြဿနာက အဲ့ထန်းရည်ဆိုင်မှာကို နှစ်နာရီလောက်ကျွတ်သွားတယ် အပြန်တော့ တော်တော်မှောင်နေပြီ.နဲနဲ အရှိန်လေးက တက်လာတော့ မူးကလည်း မူးနေတော့ စမ်းတန်းစမ်းတန်းပဲ သွားရတာ အဲ့မှာလမ်းခွဲလေးရှိတယ်.တစ်လမ်းက ကျွန်တော်တို့ ရန်ကုန်မန္တလေး လမ်းသစ်ပေါ်ရောက်တဲ့လမ်း တစ်လမ်ူကတော့ လမ်းဟောင်းကသွားရတာ ကျွန်တော်တို့ စက်မှုမြို့သစ်ကို တိုက်ရိုက်ရောက်တယ်.ဖြစ်ချင်တော့ မှောင်နေတာက တစ်ကြောင်း မူးနေတာကလည်း တစ်ကြောင်းမို့လို့ လမ်းခွဲကို သတိမထားမိပဲ အမြန်လမ်းဟောင်းကနေ မောင်းလာမိတယ် ဆိုင်ကယ်ကလဲ ရှုနာရှိုက်ကုန်းဆိုတော့ ဖြည်းဖြည်းမှန်မှန်ပဲ လမ်းတစ်ဝက်လောက်ရောက်မှ လမ်းမှားနေမှန်းသိတာ အဲ့တာနဲ့ မထူးဘူးဆိုပြီး ဆက်မောင်းလာကြတယ် ဖြစ်ချင်တော့ ဆိုင်ကယ်က ဘီးပေါက်သွားတယ် လမ်းမှာက ဟိုင်းဝေးလမ်းဆိုတော့ လူနဲ့တူတာဆိုလို့ ဘာမှမတွေ့ဘူး အဲ့တာနဲ့ လေမရှိပေမယ့် ဂွေရှိတယ်ဆိုပြီး လက်ကိုင်ထိန်းပြီး ဖြည်းဖြည်းပဲ ဆက်မောင်းခဲ့ကြတယ်.ကျောက်ဆည်အဝင်လား ဘာလားတော့ မမှတ်မိတော့ဘူး မြို့အဝင်ဝတော့ အဝင်ဝပဲ ဘာမြို့လဲတော့ သိတော့ဘူး ကြာလည်း ကြာနေပြီဆိုတော့.အဲ့အဝင်ဝမှာ ဘာအပင်လဲတော့သိဘူး သစ်ပင်အကြီးကြီးရှိတယ်.အဲ့သစ်ပင်အောက်မှာ ရေအိုးစင်လေးရှိတယ်.ဝင်းထရံအစုတ်တွေလည်း ရှိတယ် (အဲ့တာတော့ မသေချဘူးနော် မှတ်မိသလောက်ရမ်းပြောတယ် အမှောင်ထဲ တောင်ကြည့်ေ့မြာက်ကြည့်ကြည့်ရင်းနဲ့ တွေ့တာပြောပြတာ) အဲ့နားလဲရောက်ရော လေချဉ်တက်သလို အသံလား ရယ်သံလား ဘာသံလား စကားပြောလိုက်တဲ့အသံလား မသဲကွဲဘူး အသံတစ်သံ ညီအကိုနှစ်ယောက်လုံး ကြားရတယ်.အသံက ခြောက်ခြောက်ကပ်ကပ် အက်အက်ကွဲကွဲကြီးဗျ.အဲ့တာနဲ့ အကိုက မင်းမူးနေလို့ အန်ချင်နေတာလားလို့မေးတယ်.သူက အဲ့အသံကျွန်တော့်ဆီကထွက်တယ်ထင်နေတာ အဲ့တာနဲ့ကျွန်တော်လည်း ''ဟင့်အင်း ညီမအန်ချင်ပါဘူး ဘာသံမှလဲ မထွက်ပါဘူး'' လို့ ပြန်ပြောလိုက်တယ်.အကို့ဆီက ဘာသံမှတော့ ထွက်မလာတော့ဘူး.ပြီးလည်း ပြီးရော ဆိုင်ကယ်အရှေ့ကနေ ဖြူဖြူအရိပ် ဖြတ်ပြေးသွားတာ ရိပ်ကနဲ မြင်လိုက်တယ်.နှစ်ယောက်လုံး မြင်လိုက်ရတာ အစကတော့ ခွေး ဒါမှမဟုတ် မျက်စိမှားတာပဲဖြစ်မှာပါလို့တွေးမိတယ်. နှစ်ခါသုံးခါ ဆက်တိုက်ဖြစ်လာတော့ စိတ်ထဲက သိလိုက့်ပီ ငါတို့ သရဲအခြောက်ခံနေရပြီဆိုတာ.အကိုလည်း ညီမင်းသဘောပေါက်တယ်မလား ရသမျှဘုရားစာအကုန်ရွက်ကွာဆိုပြီး ညီအကိုနှစ်ယောက် ရသမျှဘုရားစားတွေ အသံကုန်အော်ရွက်ပြီး ဆိုင်ကယ်ဘီးပေါက်ရက်တန်းလန်းပဲ မရမက မောင်းပြေးလာခဲ့ရတယ်.အနောက်ကနေ ရယ်သံလိုလို အသံမျိုးတော့ ကြားလိုက်မိတယ်.ကိုယ့်မြို့ကိုပြန်ရောက်မှပဲ သက်ပြင်းချနိုင်တော့တယ်.ညပိုင်း ဟိုင်းဝေးလမ်းတွေက သရဲခြောက်တယ်ဆိုတာ မဆန်းတော့ပါဘူး.ဒါပေမယ့် ကိုယ်တွေ့ကြုံခဲ့ရတော့လဲ လန့်သွားတယ်.အဲ့လမ်းက ညပိုင်းခုသွားဆို စိန်တွေရွှေတွေ ပုံပေးတောင် မသွားရဲတော့ဘူး. အဲ့တုန်းက အမှတ်တရ ဖြစ်ခဲ့တဲ့ တစ်ညတာ ကိုယ်တွေ့လေးပဲ.နောက်တစ်နေ့လည်း ရောက်ရော လူလည်း ဝပ်ရှော့ရောက်ပြီး ဆိုင်ကယ်လည်း ဆေးခန်းပို့ရတော့တာပဲ ( အဲ...မှားလို့ ) ဆိုင်ကယ်လည်း ဝပ်ရှော့ရောက်ပြီး လူလည်း ဆေးခန်းပို့ရတော့တာပဲ.နောက်မှ စဉ်းစားမိတာ ဆရာ့စကားကို နားမထောင်ပဲ လွန်ဆန်မိခဲ့လို့ ငါတို့ ခုလိုကြုံခဲ့ရတာပဲဆိုတာ.နောက်ကြုံရင်လဲ အလုပ်ကိစ္စနဲ့ သပိတ်ကျင်းသွားတုန်းက အလုပ်ထဲက အသိတွေနဲ့ ညပိုင်းစိတ်ပြေလက်ပျောက် တောထဲ ငှက်ပစ်တို့ ဘာတို့ သွားခဲ့တုန်းက ကြုံခဲ့ရတာတွေ ပြန်ဖောက်သည်ချပေးမယ်.ခုတော့ ဒီလောက်ပဲ အဆုံးသတ်ပြီး The End ပေါ့ဗျာ.အဆုံးထိ ဖတ်ပေးခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်.
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
19.11.2017 ( 3:40 AM )
The End.....
09259222024
09787420275
No comments:
Post a Comment