Jan 15, 2018
ငါ...​သေဆုံးသွားပြီ
ငါ....​သေ​ဆုံးသွားပြီ
~~~~~~~~~~~~~~~ MC ကာရံ​လေး
၁။
ခုတင်​တစ်​လုံး​ပေါ်က
ဖြူလွှလွှ ဇာပ၀ါပါး​လေးအုပ်​ထားတဲ့ငါ့ခန္တာ
ငါ့​ဘေး တစ်​ဖက်​တစ်​ချက်​စီက
ငါ့မိသားစု ငါ့အသိုင်းအ၀ိုင်း
ငါ့အား ချစ်​သူခင်​သူ
ပြီး​တော့ ငါ့ပတ်​၀န်းကျင်​ကလူ​တွေ
အားလုံး အားလုံးဟာ
စိတ်မ​​ကောင်းခြင်း​တွေနဲ့
တစ်​ချို့က အနည်းငယ်​မျှ​သောပူ​ဆွေးမှု​တွေနဲ့
ငါ့ခန္တာအား ပွေ့ပိုက်​လို့
ငို​ကြွေး​နေကြ​ချေပြီ...........
တစ်​ချို့က ငါ့အ​ကြောင်း
တီးတိုး​ပြောဆို​နေကြတယ်​......
တစ်​ချို့က ငါ့အား
စုတ်​သပ်​​နေကြတယ်​.......
တစ်​ချို့က ငါ့အား
အ​ရောင်​လက်​​နေတဲ့ မျက်​၀န်း​တွေနဲ့ကြည့်​​နေကြတယ်​......
ငါ့​ဘေးနားမှာ​တော့ ဖဲဝိုင်း​တွေကအစီအရီ........
၂။
အချိန်​​စေ့ပြီ......
ငါ့အား အ၀တ်​အသစ်​တစ်​စုံလွှမ်းခြုံ​ပေးလို့
ဖဲပွင့်​​တွေနဲ့ တန်​ဆာဆင်​ခြံရံထားတဲ့အ​ခေါင်း (​ခေါင်းတလား) ထဲ
ငါ့အား ထည့်​သွင်း​နေကြပြီ။
ငိုကြပါ......
ငို​ကြွေး​ပေးကြပါ.......
ငါရဲ့ မိတ်​​ဆွေ
ဆွေမျိုး မိတ်​သင်္ဂဟ​များ
ငါ့အ​လောင်း ငါ့မသာ
ငါ့ခန္တာကြီးအား လာ​ရောက်​ကြည့်​ရှုပါ.........
ငို​ကြွေး​ပေးပါ........
ငါ့ဘ၀ရဲ့ ​နောက်​ဆုံးအချိန်​အတွက်
ငို​ကြွေး​ပေးကြပါ......
ငါ့ထက်​ ငယ်​သူ​တွေ
ငါ့​နောက်​ဆုံးအချိန်​အတွက်
ငါ့အား ကန်​​တော့ကြပါ.......။
အ​ခေါင်း (​ခေါင်းတလား ) ထဲ ထည့်​​ပေးထားတဲ့ထမင်းတစ်​ထုပ်
ဒါဟာ ငါ့အတွက်​​နောက်​ဆုံးဝမ်းစာ
ငါ့အာခံတွင်းထဲ ထည့်​​ပေးထားတဲ့ပိုက်​ဆံအ​ကြွေ
ဒါဟာ ငါ့အတွက်​ကူးတို့ခ
ငါ့အ​လောင်း​ဘေး ငါ့မိသားစု​တွေ
ငို​ကြွေး​နေကြပြီ.......
ပြီး​တော့........
ကြေးစည်​သံ​လေး​ပေး တရား​ခွေ​လေးဖွင့်​လို့
ငါ့အား ​ခေါ်​ဆောင်​သွားကြပြီ.......။
၃။
ရောက်​ပြီ
လူသား​တွေအားလုံးရဲ့
နောက်​ဆုံး ​ခေါင်းချရာ
သုဿန်​တစပြင်​ကြီး..........
ငါ့အား ​နောက်​ဆုံးအကြိမ်
ကန်​​တော့​နေကြပြီ.......
ငါ့ခန္ဓာ ငါ့အ​သွေးအသား
ငါနဲ့ လားလားမျှမအပ်​စပ်​​တော့ပြီ......
ငါ့ရဲ့ သဂြိုလ်​ခွင့်​လက်​မှတ်​​လေး
ထုတ်​​ပေးလိုက်​ပါ.....
ပြီးရင်
ငါးရာ တစ်​​ထောင်​ နှစ်​​ထောင်​ ​လေးငါး​ထောင်
အိပ်​ကပ်​ထဲ အသာထိုးသိပ်​ထည့်​​ပေးလိုက်​ပါ
လက်​ဖက်​ရည်​ဖိုး ကွမ်းဖိုး​ပေါ့
ငါ့အသက်​ ဘယ်​​လောက်​လဲ
သူတို့ မ​မေးဘူး.........
ငါဟာ ​ယောကျာ်းလား မိန်းမလား
သူတို့ စိတ်​မ၀င်​စားဘူး.......
ငါဟာ ရုပ်​ဆိုးလား ရုပ်​​ချောလား
သူ့တို့ မကြည့်​ဘူး.......
ငါဟာ ဘာ​ကောင်​ကြီးလဲ
ဘာအဆင့်​အတန်းလဲ
သူတို့ မသိဘူး......
ငါ့ပိုက်​ဆံ ငါ့စည်းစိမ်
ငါပိုင်​ဆိုင်​မှု ငါ့ဥစ္စာ
ငါ့ကို
ချစ်​သူ ခင်​သူ
မုန်းသူ မနာလိုသူ
ငါ့ဆုတံဆိပ်​ ငါ့ရာထူး
ငါ့မိသားစု
ငါအိပ်​စက်​ရာ ကတ္တီပါပိုသားဖဲ​မွှေ့ယာ
သိန်း​ကျော်​တန်​ ဆိုင်​ကယ်​​တွေ ကား​တွေ
ငါ့အ၀တ်​အစား​တွေ
ငါပိုင်​ဆိုင်​သမျှ အရာအားလုံးနဲ့
ငါဆို​သော ငါ.....
အကုန်​ တစ်​ခုမကျန်​ထားရစ်​ခဲ့ပြီ........။
ဒါ​တွေဟာ
ငါနဲ့ မသက်​ဆိုင်​​တော့ပြီ........
ဒါ​တွေဟာ
ငါနဲ့ မအပ်​စပ်​​တော့ပြီ.........
၎။
ငါ့ခန္ဓာအား တင်​ထားတဲ့တွန်းလှည်း
အထဲကို တွန်းသွားကြပြီ......
မီးသဂြိုလ်​စက်​အတွင်းသို့ ၀င်​ခွင့်​ရှိသူက
ငါ တစ်​​ယောက်​ထဲသာ........
တံခါး ပြန်​ပိတ်​လိုက်​ကြပြီ.......
နေဦး
မထည့်​နဲ့ဦး
လူမဆန့်​​သေးဘူး
ငါနံ​ဘေး ငါ့လိုလူ​တွေ​တောင်​ပုံရာပုံ
အခု ငါ့အလှည့်​မ​ရောက်​​သေးဘူး........
တစ်​​ယောက်​ နှစ်​​ယောက်
သုံး​လေး​ယောက်
အချိန်​ကျပြီ
ငါ့အလှည့်​​ရောက်​ပြီ.....
ငါ့ကိုလိုက်​ပို့သူ​တွေက​တော့ မရှိကြ​တော့ဘူး....
သူတို့.....
ပြန်​ကုန်​ပြီ.......
၅။
သဂြိုလ်​စက်​ကြီးက​တော့
ငါ့ကို လက်​ကမ်းကြို​နေ​လေရဲ့.......
မီး​တောက်​မီးလျှံ​တွေက
ငါ့ခန္ဓာအား ​လောင်​မြိုက်​ရန်​အသင့်
သူတို့
သဂြိုလ်​စက်​ထဲ ငါ့ခန္ဓာကို
ကြုံသလို ပစ်​ထည့်​လိုက်​ကြပြီ.......
ခေါင်းတိုင်​က ထွက်​လာတဲ့မီခိုး​ငွေ့​တွေဟာ
ငါဆိုတဲ့ ငါရဲ........
နောက်​ဆုံး အဆုံးသတ်​။
မီးခိုး​တွေ ထွက်​လာပြီ
မီး​တောက်​မီးလျှံ​တွေက
ငါ့အ​သွေးအသား​တွေ ​လှောင်​မြိုက်​​နေကြပြီ။
ပြီးပြီ....
ငါ့ဘ၀ ပြီးဆုံးသွားပြီ.....။
နှစ်​​တွေ ကြာလာ​တော့
သူတို့ ငါ့ကိုမသိကြ​တော့ဘူး.
ငါ့ကို သတိမရကြ​တော့ဘူး.......။
                                                                  MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး
SUN,JANUARY 14
14.1.2018 [ 5:22 PM ]
သက်​ဆိုင်​သူအား အသိ​ပေးခြင်းမရှိပဲ
Copy ယူခြင်း ခွင့်​ပြုချက်​ မရှိပဲ မိမိတို့၏ Timeline တွင်​တင်​ခြင်း
သည်းခံပါရန်​ အထူး ​မေတ္တာရပ်​ခံအပ်​ပါသည်​.
လေးစားစွာဖြင့်​ - MC ကာရံ​လေး
09259222024
09787420275
No comments:
Post a Comment
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...