Apr 24, 2019

ကြယ်ကြွေည

ကြယ်ကြွေည
--------------Kသာမိုး(မန်းမြေ)

ငါဟာ ဓားနဲ့ကိုယ်လက်ကိုပြန်လှီးတယ်။
ခြေထောက်တွေကို နုပ်နုပ်စင်းပစ်တယ်။
မျက်လုံးတွေကို ဖောက်ထုတ်ပစ်တယ်။
နှုတ်ခမ်းတွေကို ပိုးကြိုးမျှင်နဲ့သီလိုက်တယ်။

ကောင်းကင်ကို မော့ကြည့်မိတော့
အားလုံးထက် ပိုနာကျင်တယ်။

Kသာမိုး(မန်းမြေ)
25/4/2k19

Apr 22, 2019

အနာဖေးများ (လူစုံ)

အနာဖေးများ
_____________

တွန့်လိပ်လာတဲ့ အရည်ပြားတွေကိုကြည့်ပြီး
ငါ့မှာ သံဝေဂတွေ
မနေ့က ရှင်သန်လာခြင်းရဲ့မှန်တစ်ချပ်ပုံရိပ်ထဲ
ငါဟာပြေးဝင်
အတိတ်မှာ ငါ့ဒဏ်ရာတွေဟာ အဖေးတွေကွာကျ။

အနိစ္စကို ထုဆစ်ပြီး
နိယာမအကြောင်း စိတ်ထဲမှာထပ်တလဲလဲရွတ်
ကြေးစည်သံကြားမှာ
အနာက အရင်ထက်ပိုရင်းလို့
ကုမရတော့ အမာရွတ်ဟာအမှတ်တရပဲ။

စိတ်​ကိုရိုက်​လို့
စိတ်​ကိုထုခွဲလို့
စိတ်​ကိုစိတ်​နဲ့ကုတ်​ခြစ်
တစတစကြမ်းရှလာတဲ့ အသားတစ်​​တွေ
ဒဏ်​ရာ
ဒဏ်​ရာဟာ ​သေရာပါ​တော့မှာလား
ငါမသိဘူး
ငါ မသိချင်​ဘူး
ထပ်​​ပြောမယ်
ငါ မနာဘူး

ငါတို့ရင်​ဘတ်​ချင်းပွတ်​တိုက်​ခဲ့ဖူး
ရင်​ကို ရင်​ခြင်းဆက်
စိတ်​ကိုစိတ်​ခြင်းဖက်​ခဲ့
ရင်​တွင်းဒဏ်​ရာ ​သွေးမတိတ်​ဘူး
မငိုငြီးဘူး
ဒဏ်​ရာအနာတရ ပြန်​ပြန်​စမ်းရင်း
သွေးမတိတ်​​သေးတဲ့ငါ့အနာဟာ
ရင်​တွင်းနာ။

နာ ချင်ယောင်ဆောင်ထားတဲ့
အနာတွေဟာ ဒဏ်ရာ
မနာဘူးလို့ အော်ညည်းပြီး
သညာမဲ့ အဖေးတွေ
ထပ်တလဲလဲ ကွာကျသွားခဲ့
စိတ်လျှောက်သလောက်
နာခဲ့ရသော အနာဖေးတွေ ။

အောက်​ပွဲဆက်​/​Kသာမိုး(မန်း​မြေ)/သီဟဉာဏ်​/မူပိုင်​​မေ/ကိုချစ်​ဒွင်း
23.apr.19(tue)

အမှောင်ပျောက်ညတစ်ကောင်အကြောင်း

အမှောင်ပျောက် ညတစ်ကောင်အကြောင်း
---------------------------------------------
ညကို အမှောင်လို့သတ်ပုံမှားတဲ့ကဗျာ
အနက်ရောင်ထဲမှာ ရှိတယ်
တိတ်ဆိတ်ခြင်းက ခဏတာလား
ပြေးထွက်ခဲ့မိတော့
ညကိုဝင်တိုက်
အနက်ရောင် အမှောင်
ငါလည်း နေဝင်လုလု
ဒီလိုနဲ့
ကိုယ့်အရိပ်ကို ကိုယ် ပြန်ပြန်ဖမ်းနေတဲ့ ည
အကြောက်တရားကိုလှီးဖဲ့
ချစ်ခြင်းစကားဆိုခဲ့တယ်
အမှောင်တစ်ခုအတွက်နဲ့ ညဖြစ်လာမယ် မထင်ဘူး ကမ္ဘာ ။ ။ ။

            Kသာမိုး (မန်းမြေ) + နိုင်မင်းညို မြစ်ခြေ
                     20•4•19 စနေ  10:51 PM

Apr 21, 2019

မီးခိုးရောင် နှင်းဆီပွင့်များ

မီးခိုးရောင် နှင်းဆီပွင့်များ
-----------------------Kသာမိုး(မန်းမြေ)

အခန်းထဲက စာရွက်တွေ
ကဗျာတစ်ပုဒ်လို မချိမဆန့်အော်နေတာတောင်
ငါ့မှာဖြင့် မယုံနိုင်သေးဘူး။
နှင်းဆီရေ ဝေးနေဆဲပဲလား။

အခမ်းအနားနဲ့ ဝေးကွာခြင်းက
မီးခိုးရောင် မှိုင်းမိစေခဲ့။
မှားနိုပ်မိတဲ့ နံပါတ်လေးမှာတောင်
သူ့မျက်နှာ လာလာပေါ်တယ်။
အို.... ဘုရားရေ
တပည့်တော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပါ။

အိပ်စက်ပါစေ
အပြစ်ကင်းပါရဲ့ အို...နှင်းဆီ။

ငါတို့တွေ
မိုးနဲ့မြေလို ချစ်ခဲ့ကြတယ်ဆိုရင်တောင်
ငါပဲ ကြွေလိုက်ချင်တယ်။

လွင့်ပြယ်သွားတဲ့ နံနက်ခင်းတွေ
ဝရံတာရဲ့ ငိုသံဟာ
ကန္တာရထဲ မှိုင်းမိနေဆဲ။

နှစ်ကာလတွေ ခုန်ကူးလာလိုက်တာများ
မနေ့ကအတိုင်းပဲ။
မီးခိုးရောင်နှင်းဆီပွင့်တွေ
ငါ့မျက်နှာပေါ်မှာ တလူလူ။

Kသာမိုး(မန်းမြေ)
22/4/2k19

Apr 19, 2019

သတိရနေတဲ့စိတ်တွေ

သတိရနေတဲ့ စိတ်တွေ
♥♥♥♥♥♥♥♥♥♥♥Kသာမိုး(မန်းမြေ)

အခါလွန်နေတဲ့မိုးက သူမနဲ့ညနေကိုတင်ပြီး
ဒုန်းဆိုင်း ထွက်ပြေးတယ်ဆိုတဲ့အကြောင်း
ကိုက်ထားတဲ့ နှုတ်ခမ်းက
ကဗျာတွေ ယိုဖိတ်လို့။

ကံအကြောင်းမလှတဲ့ လမ်းမအတွက်
(ငါ) အော်ဟစ်ပြီးမငိုတော့
မီးခိုးတလူလူ ဝေးကွာခြင်းမှာ
ငါနဲ့ ငါ့ကဗျာအပေါ်
မိုးတွေရွာချ။

လမ်းမပေါ် ပန်းအကြွေတွေကြဲတဲ့နေ့ကစလို့
မိုးညတစ်ညတာ စိုက်ဝင်ခဲ့တဲ့ဓား
ချန်ထားခဲ့တဲ့ သွေးစက်တွေရဲ့သမိုင်း
ငါ့တရားမှာ နင်အမြဲတမ်းရှိပါတယ်။

Kသာမိုး(မန်းမြေ)
20/4/2k19

Apr 9, 2019

စိတ်ရဲ့ အိုမင်းရင့်ရော်ခြင်းများ

စိတ်ရဲ့ အိုမင်းရင့်ရော်ခြင်းများ
---------------------------Kသာမိုး(မန်းမြေ)

တစ်စုံတစ်ခု။
အဲဒီတစ်စုံတစ်ခုအတွက်
အိပ်မက်တွေနဲ့ ပစ်ပေါက်ခဲ့ကြ။
လားရာဟာ ဝေးရာဆီ။

ကိုယ်နမ်းတဲ့နေရာ
မင်းမျက်နှာ အရိပ်လိုထင်ချင်တာပဲသိတယ်။
တိမ်စိုင်တွေငေးတုန်း ကြိုးပြတ်ကျန်ခဲ့။
ဒါပေမယ့် ကိုယ်ဟာလေတံခွန်မဟုတ်ဖူး။

တွဲလောင်းကျနေတဲ့ လက်တွေ
မျက်ရည်ပုံသဏ္ဍာန် ထုဆစ်ဖို့
ကီးမမှန်တဲ့ဂီတကို အဖန်ဖန်ပြာချခဲ့။

အိုမင်းနေတဲ့ "စိတ်"တွေ
ဆံဖြူသွားကျိုးနေပုံများ
မနေ့တနေ့က အတိုင်းပဲ။

Kသာမိုး(မန်းမြေ)
9/4/2019

Apr 8, 2019

အနိစ္စ

အနိစ္စ
------Kသာမိုး(မန်းမြေ)

ရွှေရောင်အိပ်စက်ခြင်းလို့ ခေါင်းစဉ်တပ်ရအောင်ကလည်း
ပုပ်စော်က နံဦးမှာ။
ငါဝယ်လာတဲ့ ပေါင်မုန့်တွေ
မစားဖြစ်ပဲ မှိုတက်ကုန်တော့
ဘုရားခန်းထဲပြေးဝင်ပြီး ပုတီးစိပ်နေလိုက်တယ်။
ငါ့ကမ္ဘာလေးကျကွဲခြင်း ၇ နှစ်ပြည့်အမှတ်တရ။
ပုတီးတစ်လုံးချ။
ဗုဒ္ဓေါ........!
သူမခန္ဓာအား ပျက်စီးခဲ့ပြီ။

Kသာမိုး(မန်းမြေ)
9/4/2019

Apr 5, 2019

ချိုဆိမ့်တစ်ခွက်ရဲ့ ညနေခင်း

ချိုဆိမ့်တစ်ခွက်ရဲ့ ညနေခင်း
_________________Kသာမိုး(မန်းမြေ)

ချိုဆိမ့်တစ်ခွက်မှာပြီး
ပူလောင်မှုကို အရသာခံကြည့်တယ်။
ညိုးရော်ခြောက်သွေ့ခြင်းများ
တစ်ရွက်နှစ်ရွက် သုံးလေးရွတ်
လှမ်းကြည့်လိုက်ပါ.....
ချိုပြီးဆိမ့်မနေတဲ့ နေရာမှာ
ငါရှိတယ်။

Kသာမိုး(မန်းမြေ)
5/4/2k19

စီးနေတဲ့ မြစ်

စီးနေတဲ့ မြစ်
------------Kသာမိုး(မန်းမြေ)

ကမ္ဘာကြီးအကြောင်းကို နားလည်ဖို့
"စိတ်" တချို့တလေဟာ
မီးခိုးငွေ့များ ဖြစ်တယ်ဆိုတဲ့အကြောင်း
ပုံပြင်တစ်ပုဒ်ကို လှန်ဖတ်နေခဲ့။

အတ္တနဲ့ အကြိမ်ကြိမ်သေနေတဲ့ကဗျာတွေ
သွားပါ....
မျက်မှန်တစ်လက်လောက် လွယ်အိတ်ထဲအမြဲမရှိဘူး။

မနေ့ညက
အိပ်မက်တွေ မကောင်းဘူး။
ငါ့စာအုပ်ဟာ သူ့ကိုယ်သူမီးရှို့နေသတဲ့။
ဒါကြောင့်ပဲ နေမှာ
မနက်ခင်းက
ငါ့အတွက် အရမ်းပူတာပဲ။

ကျောက်ဆောင်တွေ
ငါ့ကို အမိန့်ပေးနိုင်ရိုးလား။
ငါ ရှေ့ဆက်ပြေးဖို့
ပင်လယ်ကို ရိုကျိုးနေပါတယ်။

Kသာမိုး(မန်းမြေ)
3/4/2k19

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...