Apr 21, 2019

မီးခိုးရောင် နှင်းဆီပွင့်များ

မီးခိုးရောင် နှင်းဆီပွင့်များ
-----------------------Kသာမိုး(မန်းမြေ)

အခန်းထဲက စာရွက်တွေ
ကဗျာတစ်ပုဒ်လို မချိမဆန့်အော်နေတာတောင်
ငါ့မှာဖြင့် မယုံနိုင်သေးဘူး။
နှင်းဆီရေ ဝေးနေဆဲပဲလား။

အခမ်းအနားနဲ့ ဝေးကွာခြင်းက
မီးခိုးရောင် မှိုင်းမိစေခဲ့။
မှားနိုပ်မိတဲ့ နံပါတ်လေးမှာတောင်
သူ့မျက်နှာ လာလာပေါ်တယ်။
အို.... ဘုရားရေ
တပည့်တော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပါ။

အိပ်စက်ပါစေ
အပြစ်ကင်းပါရဲ့ အို...နှင်းဆီ။

ငါတို့တွေ
မိုးနဲ့မြေလို ချစ်ခဲ့ကြတယ်ဆိုရင်တောင်
ငါပဲ ကြွေလိုက်ချင်တယ်။

လွင့်ပြယ်သွားတဲ့ နံနက်ခင်းတွေ
ဝရံတာရဲ့ ငိုသံဟာ
ကန္တာရထဲ မှိုင်းမိနေဆဲ။

နှစ်ကာလတွေ ခုန်ကူးလာလိုက်တာများ
မနေ့ကအတိုင်းပဲ။
မီးခိုးရောင်နှင်းဆီပွင့်တွေ
ငါ့မျက်နှာပေါ်မှာ တလူလူ။

Kသာမိုး(မန်းမြေ)
22/4/2k19

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...