အနာဖေးများ
_____________
တွန့်လိပ်လာတဲ့ အရည်ပြားတွေကိုကြည့်ပြီး
ငါ့မှာ သံဝေဂတွေ
မနေ့က ရှင်သန်လာခြင်းရဲ့မှန်တစ်ချပ်ပုံရိပ်ထဲ
ငါဟာပြေးဝင်
အတိတ်မှာ ငါ့ဒဏ်ရာတွေဟာ အဖေးတွေကွာကျ။
အနိစ္စကို ထုဆစ်ပြီး
နိယာမအကြောင်း စိတ်ထဲမှာထပ်တလဲလဲရွတ်
ကြေးစည်သံကြားမှာ
အနာက အရင်ထက်ပိုရင်းလို့
ကုမရတော့ အမာရွတ်ဟာအမှတ်တရပဲ။
စိတ်ကိုရိုက်လို့
စိတ်ကိုထုခွဲလို့
စိတ်ကိုစိတ်နဲ့ကုတ်ခြစ်
တစတစကြမ်းရှလာတဲ့ အသားတစ်တွေ
ဒဏ်ရာ
ဒဏ်ရာဟာ သေရာပါတော့မှာလား
ငါမသိဘူး
ငါ မသိချင်ဘူး
ထပ်ပြောမယ်
ငါ မနာဘူး
ငါတို့ရင်ဘတ်ချင်းပွတ်တိုက်ခဲ့ဖူး
ရင်ကို ရင်ခြင်းဆက်
စိတ်ကိုစိတ်ခြင်းဖက်ခဲ့
ရင်တွင်းဒဏ်ရာ သွေးမတိတ်ဘူး
မငိုငြီးဘူး
ဒဏ်ရာအနာတရ ပြန်ပြန်စမ်းရင်း
သွေးမတိတ်သေးတဲ့ငါ့အနာဟာ
ရင်တွင်းနာ။
နာ ချင်ယောင်ဆောင်ထားတဲ့
အနာတွေဟာ ဒဏ်ရာ
မနာဘူးလို့ အော်ညည်းပြီး
သညာမဲ့ အဖေးတွေ
ထပ်တလဲလဲ ကွာကျသွားခဲ့
စိတ်လျှောက်သလောက်
နာခဲ့ရသော အနာဖေးတွေ ။
အောက်ပွဲဆက်/Kသာမိုး(မန်းမြေ)/သီဟဉာဏ်/မူပိုင်မေ/ကိုချစ်ဒွင်း
23.apr.19(tue)
No comments:
Post a Comment