Dec 30, 2018

ငါ နောက်တစ်ခါ ပြန်လာခွင့်မရှိတော့ရင်

ငါ နောက်တစ်ခါပြန်လာခွင့်မရှိတော့ရင်
========================Kသာမိုး(မန်းမြေ)

ငါ နောက်တစ်ခါ ပြန်လာခွင့်မရှိတော့ရင်
ရေပြင်ကျယ်ကြီးအတိုင်း စီးဆင်းစေတော့
ချေးညှော်နံနေတဲ့ ကမ္ဘာမှာ
ပဉ္စလက်အတက်တွေ ချန်ထားရစ်ခဲ့မယ်
ငါ့မီးခိုးတွေ
အသင်လိုရာ သွားပါလေ။

တိမ်တိုက်ရဲ့ လွင့်ပြယ်ခြင်းမှာ
ငါ့ပိုးမွှားတွေ မိတ်ကပ်မလိမ်းကျံလေနဲ့
အဖြူထညိ ဝတ်ရုံပေါ်မှာသာတင့်တယ်ပါစေ
ငါ့မျက်နှာပေါ်မှာ ပြုံးနေတဲ့တက်တူးပုံနဲ့
ဂျွတ်တက်နေတဲ့ အရေပြား
ညကို စားသောက်မိတဲ့သူ

ပြန်လာခွင့် မရှိတော့ရင်
ငါ နောက်တစ်ခါ.......
ငါ နောက်တစ်ခါ......
မရှိတော့ရင်ပေါ့.......။

လွတ်လပ်ပါစေ။

Kသာမိုး(မန်းမြေ)
30/12/2018

Dec 25, 2018

ကျွန်တော့်ရင်ထဲက မန္တလေး

ကျွန်တော့်ရင်ထဲက မန္တလေး
=================Kသာမိုး(မန်းမြေ)

မနက်ခင်းစောစော ဝေလီဝေလင်းအချိန်မှာ
ကြိုင်သင်းလက်ဖက်ရည်ဆိုင်မှာထိုင်
လက်ဖက်ရည်တစ်ခွက်နဲ့ ဆန်စီးတစ်ပွဲမှာပြီး
မန္တလေးရဲ့ နံနက်ခင်းကိုစဖွင့်လိုက်တယ်
မြူနှင်းလေးတွေ လျော့တိလျော့ရွဲကျနေတဲ့ဒီဇင်ဘာက
မင်္ဂလာတံတားပေါ် ခုန်လို့ပေါက်လို့

ပြတင်းတံခါးပေါ် မေးတင်နေတဲ့မန္တလေးတောင်မှာ
ငါမှုတ်ထုတ်လိုက်တဲ့အခိုးအငွေ့တွေရှိခဲ့ဖူးတယ်
တောင်ခြေလမ်းကလေးမှာ
ကုသိုလ်တော်ထဲမှာ
စစ်ကိုင်းတံတားကြီးပေါ်မှာ
ကဗျာတွေရှိတယ်
ငါ့လက်ဖဝါးပေါ်က ကဗျာတွေ
ပြီးတော့ ငါ့ရင်ဘတ်ထဲက

မန္တလေးက အရင်လိုစက်ဘီးမစီးတော့တာ
ရင်နာတယ်
ပီးတော့ မန္တလေးကျုံးဘေးက
တက်တူးပေါ်မှာ အတိုအပြတ်တွေနဲ့

မန္တလေးတဲ့
မင်ရင်ဘတ်ကို ဖောက်ထုတ်သွားမယ့်ကဗျာတွေရှိတယ်
မန္တလေးတဲ့
ငါတို့လက်တွေမှာ အက္ခရာတွေတင်ထားတယ်
မန္တလေးတဲ့
မန္တလေးတဲ့

ဒါကျွန်တော့်ရင်ထဲက မန္တလေးပဲ

Kသာမိုး(မန်းမြေ)
26/12/2018

Dec 19, 2018

မိမာယာ

မိမာယာ......
ငါ့သစ္စာဟာ
နင့်​ရင်​ဘတ်​ကို ​သွေးစိမ်းရှင်​ရှင်
ပြတ်​ရှ​စေနိုင်​ရဲ့......

နင့်​နှုတ်​ခမ်းဖျား ဓားသွား​ပေါ်က
ပန်းတစ်​ခင်းလို
ငါလည်း......
ပက်​ပက်​စက်​စက်​ ​ကြွေပြမယ်.....

Kသာမိုး(မန်း​မြေ)
19/12/2018

Dec 14, 2018

အပေတေတစ်ယောက်ရဲ့ လေလွင့်မှတ်တမ်းများ

အပေတေတစ်ယောက်ရဲ့ လေလွင့်မှတ်တမ်းများ
============================Kသာမိုး(မန်းမြေ)

နေ့အိုတွေ တံခါးတစ်ချပ်ဆီပစ်လွှတ်လိုက်မိတယ်
မင်းလိုရာ သွားပေတော့
မက်မွန်သီးတစ်လုံးထဲနဲ့ မင်းငါ့ကိုမယစ်မူးစေနိုင်ဘူး

သက်သက်လွတ်စားတဲ့ ကျားတွေအကြောင်းပြောမယ်
ကြိတ်မှိတ်ပြီးငိုနေတဲ့ တိုင်ကပ်နာရီတွေပေါ်က
လက်တံအိုတွေအကြောင်းပြောမယ်

ကမ္ဘာကြီးက ပြောင်းပြန်လှန်နေတာ
ငါယုံကြည်တယ်
လက်ဝါးကပ်တိုင်ပေါ် တွဲလောင်းချိတ်ခံထားရတဲ့
နှင်းဆီပွင့်တွေ ငါ့ကိုလာဦးညွှတ်လိမ့်မယ်

ဟောင်းလောင်းပေါက်နေတဲ့ မ,သတ္တဝါတွေအကြောင်း
ငါ့နံရံမှာ ချိတ်ဆွဲထားခဲ့တယ်
အဲ့ဒီညက ငါအိပ်မနေခဲ့ဘူး

အို....သခင်
အသင်လိုရာ သွားပါတော့
ကျွန်ုပ်ကမ္ဘာကြီး ပြိုအက်ကွဲထွက်နေတော့မယ်

Kသာမိုး(မန်းမြေ)
15/12/2018

Dec 11, 2018

ငါ့ကမ္ဘာပေါ်က နင့်နာမည်နဲ့ကြွေသွားတဲ့ နှင်း

ငါ့ကမ္ဘာပေါ်က နင့်နာမည်နဲ့ကြွေသွားတဲ့ နှင်း
===========================Kသာမိုး(မန်းမြေ)

ငါသောက်နေကျဂရမ်းပြာတစ်ခွက်ရဲ့ အချစ်ဘာသာဗေဒဟာ
အစိမ်းသေသေနေတဲ့ငါ့ကမ္ဘာပေါ် နင့်နာမည်နဲ့ကြွေတယ်
နှင်းဆီပန်းခြောက်တွေနဲ့ ငါ့ဒိုင်ယာရီက
နင့်မာယာတွေနဲ့ သေပြီးရင်းသေနေတ
စောက်ရူးလို့ ခေါင်းစဉ်အတပ်ခံရတဲ့တပ်မက်ခြင်းတွေနဲ့.
တခြမ်းပဲ့ကျသွားတဲ့ ငါ့ရဲ့လကို
ကြယ်တွေ အရင်လိုမဝန်းရံပေးကြတော့ဘူး
ဒီဇင်ဘာရယ် မင်းမို့လို့လုပ်ရက်လေခြင်း
၂၀၁၉ ခုနှစ်ထုတ် အသစ်စက်စက်ငါ့ကမ္ဘာဟာ
ငြိမ်းချမ်းရေးမရရှိသေးတဲ့ မာယာတွေကတဝီဝီ
ကြွေကျလာတဲ့ နှင်းစက်တွေမှာလဲ
နင့်နာမည်နဲ့......
အရှင်လတ်လတ် သင်္ဂြိလ်ခံထားရတဲ့ငါ့နှလုံးသားဈာပနမှာ
နင့်ကိုလွမ်းလို့ ရေးထားတဲ့ကဗျာတွေငါရွတ်မယ်....
နင် ကြားသိနိုင်ပါစေ
ဖူးနေဆဲ ပွင့်လာမယ့် မာယာ.......

Kသာမိုး(မန်းမြေ)
12/12/2018

Dec 7, 2018

ဆောင်းရာသီ ဈာပနချပွဲ

ဆောင်းရာသီ ဈာပနချပွဲ
~~~~~~~~~~~~~~~Kသာမိုး(မန်း​မြေ)

ရက်​ရက်​စက်​စက်​ပါပဲ
ငါတို့မျက်​၀န်း​လေး​တွေ​ပေါ်က ​ဆောင်းရာသီဟာ
သေဆုံးခဲ့ပြီ.......

အေးခဲပိတ်​​လှောင်​​နေတဲ့ နံနက်​ခင်း​တွေမှာ
အ​ဖော်​မပါဘူး
ဒီအ​ကြောင်း​တွေကြားရင်
နှင်းစက်​​တွေ ချုံးပွဲချငိုယို​နေကြလိမ့်​မယ်​......

အရည်​​ပျော်​​နေတဲ့ ငါ့​နေ့ရက်​​တွေထဲ
ဆောင်းရာသီအ​ကြောင်းမ​ပြောချင်​ဘူး
ငါ့ကဗျာ​တွေမှာ သူ့နာမည်​နဲ့

ချစ်​တဲ့ ဒီဇင်​ဘာ​ရေ
မင်းဟာ ငါ့အတွက်
သေဆုံးသွားတဲ့ ဥတုတစ်​ခုပါ.....

ငါ့မှာလည်း ဒဏ်​ရာ​တွေအပြည့်

Kသာမိုး(မန်း​မြေ)
7/12/2018

Dec 2, 2018

ပန်းနု​ရောင်​ ကျိန်​စာ

ပန်းနု​​ရောင်​ ကျန်​စာ
~~~~~~~~~~~Kသာမိုး(မန်း​မြေ)

အနက်​​ရောင်​ တံတိုင်းနဲ့
ငါတို့နှစ်​​ယောက်​ကမ္ဘာကို
နင့်​နာမည်​နဲ့ အဆုံးစီရင်​လိုက်​တယ်
မချင့်​မရဲကျလာတဲ့ မျက်​ရည်​တစ်​စက်​မှာ
နင့်​မျက်​နှာသာ အရိပ်​လိုထင်​ပါ​စေ.....

Kသာမိုး(မန်း​မြေ)
3/12/2018

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...