ငါ့ကမ္ဘာပေါ်က နင့်နာမည်နဲ့ကြွေသွားတဲ့ နှင်း
===========================Kသာမိုး(မန်းမြေ)
ငါသောက်နေကျဂရမ်းပြာတစ်ခွက်ရဲ့ အချစ်ဘာသာဗေဒဟာ
အစိမ်းသေသေနေတဲ့ငါ့ကမ္ဘာပေါ် နင့်နာမည်နဲ့ကြွေတယ်
နှင်းဆီပန်းခြောက်တွေနဲ့ ငါ့ဒိုင်ယာရီက
နင့်မာယာတွေနဲ့ သေပြီးရင်းသေနေတ
စောက်ရူးလို့ ခေါင်းစဉ်အတပ်ခံရတဲ့တပ်မက်ခြင်းတွေနဲ့.
တခြမ်းပဲ့ကျသွားတဲ့ ငါ့ရဲ့လကို
ကြယ်တွေ အရင်လိုမဝန်းရံပေးကြတော့ဘူး
ဒီဇင်ဘာရယ် မင်းမို့လို့လုပ်ရက်လေခြင်း
၂၀၁၉ ခုနှစ်ထုတ် အသစ်စက်စက်ငါ့ကမ္ဘာဟာ
ငြိမ်းချမ်းရေးမရရှိသေးတဲ့ မာယာတွေကတဝီဝီ
ကြွေကျလာတဲ့ နှင်းစက်တွေမှာလဲ
နင့်နာမည်နဲ့......
အရှင်လတ်လတ် သင်္ဂြိလ်ခံထားရတဲ့ငါ့နှလုံးသားဈာပနမှာ
နင့်ကိုလွမ်းလို့ ရေးထားတဲ့ကဗျာတွေငါရွတ်မယ်....
နင် ကြားသိနိုင်ပါစေ
ဖူးနေဆဲ ပွင့်လာမယ့် မာယာ.......
Kသာမိုး(မန်းမြေ)
12/12/2018
No comments:
Post a Comment