ဆောင်းရာသီ ဈာပနချပွဲ
~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
ရက်ရက်စက်စက်ပါပဲ
ငါတို့မျက်ဝန်းလေးတွေပေါ်က ဆောင်းရာသီဟာ
သေဆုံးခဲ့ပြီ.......
အေးခဲပိတ်လှောင်နေတဲ့ နံနက်ခင်းတွေမှာ
အဖော်မပါဘူး
ဒီအကြောင်းတွေကြားရင်
နှင်းစက်တွေ ချုံးပွဲချငိုယိုနေကြလိမ့်မယ်......
အရည်ပျော်နေတဲ့ ငါ့နေ့ရက်တွေထဲ
ဆောင်းရာသီအကြောင်းမပြောချင်ဘူး
ငါ့ကဗျာတွေမှာ သူ့နာမည်နဲ့
ချစ်တဲ့ ဒီဇင်ဘာရေ
မင်းဟာ ငါ့အတွက်
သေဆုံးသွားတဲ့ ဥတုတစ်ခုပါ.....
ငါ့မှာလည်း ဒဏ်ရာတွေအပြည့်
Kသာမိုး(မန်းမြေ)
7/12/2018
No comments:
Post a Comment