Dec 25, 2018

ကျွန်တော့်ရင်ထဲက မန္တလေး

ကျွန်တော့်ရင်ထဲက မန္တလေး
=================Kသာမိုး(မန်းမြေ)

မနက်ခင်းစောစော ဝေလီဝေလင်းအချိန်မှာ
ကြိုင်သင်းလက်ဖက်ရည်ဆိုင်မှာထိုင်
လက်ဖက်ရည်တစ်ခွက်နဲ့ ဆန်စီးတစ်ပွဲမှာပြီး
မန္တလေးရဲ့ နံနက်ခင်းကိုစဖွင့်လိုက်တယ်
မြူနှင်းလေးတွေ လျော့တိလျော့ရွဲကျနေတဲ့ဒီဇင်ဘာက
မင်္ဂလာတံတားပေါ် ခုန်လို့ပေါက်လို့

ပြတင်းတံခါးပေါ် မေးတင်နေတဲ့မန္တလေးတောင်မှာ
ငါမှုတ်ထုတ်လိုက်တဲ့အခိုးအငွေ့တွေရှိခဲ့ဖူးတယ်
တောင်ခြေလမ်းကလေးမှာ
ကုသိုလ်တော်ထဲမှာ
စစ်ကိုင်းတံတားကြီးပေါ်မှာ
ကဗျာတွေရှိတယ်
ငါ့လက်ဖဝါးပေါ်က ကဗျာတွေ
ပြီးတော့ ငါ့ရင်ဘတ်ထဲက

မန္တလေးက အရင်လိုစက်ဘီးမစီးတော့တာ
ရင်နာတယ်
ပီးတော့ မန္တလေးကျုံးဘေးက
တက်တူးပေါ်မှာ အတိုအပြတ်တွေနဲ့

မန္တလေးတဲ့
မင်ရင်ဘတ်ကို ဖောက်ထုတ်သွားမယ့်ကဗျာတွေရှိတယ်
မန္တလေးတဲ့
ငါတို့လက်တွေမှာ အက္ခရာတွေတင်ထားတယ်
မန္တလေးတဲ့
မန္တလေးတဲ့

ဒါကျွန်တော့်ရင်ထဲက မန္တလေးပဲ

Kသာမိုး(မန်းမြေ)
26/12/2018

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...