ငါ မိုးကိုမုန်းတယ်....
~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
ထစ်ချုန်းမိုးချိန်းသံတွေ ငါကြားတယ်...
အဲ့ဒီကောင်ကြီး ငိုရင်
ငါငေးနေတဲ့ လမ်းမက
ခေါ်သံလား....
အော်သံလား....
မကွဲပြားတဲ့ ခြေရာတွေ
ပြည့်.....လို့........
တိမ်ငိုတဲ့ ကောင်းကင်အောက်
ငါ ထိုင်တယ်...
ပြီးရင် ငါလွမ်းမယ်...
မိုးစက်တွေက ငါ့နံရိုးထဲအထိ
ကျိုကြေမတက်....
ငါရှိုက်သွင်းလို့ လောင်ကျွမ်းသွားတဲ့
ဆေးလိပ်ဖင်စီခံဟာ
အဲ့ဒီ သွားကိုက်ရာတွေနဲ့ပဲ
သူ....ရိုးနေပါပြီတဲ့......
စိုစွတ်နေတဲ့ လမ်းမက
နာကျင်မှုတွေ
အခုထိပဲ.....
ရသရဲ့စီးကြောင်းတွေပေါ် ဖမ်းဆုပ်လို့ကောင်းတုန်း......
မိုးချိန်းသံတွေ ငါကြားရတယ်...
သူအရမ်းကြိုက်ပါတယ်ဆိုတဲ့ ကော်ဖီခါးခါးတစ်ခွက်
သူတို့နှုတ်ခမ်း ချိုမြနိုင်ဖို့ရာ
ငါ့ရဲ့ ရင်ခွင်အကျယ်ကြီးက
အပူဒဏ် ခံပေးရတယ်....
အဲ့ဒီအတွက် မုန်းတယ်...
ငါ မိုးကို မုန်းတယ်...
မိုးကို ငါ စောက်ရမ်း မုန်းတယ်.....
Kသာမိုး(မန်းမြေ)