''အမျိုးသားရေး တေးသံ''
~~~~~~~~~~~~~~~~~ Kသာမိုး(မန်းမြေ)
ကျပ်ထုပ်နေတဲ့ ရေလုံအိုးကွဲအား
အလင်းပြပေးခြင်းဖြင့်
ပြည်ကြီးကျတ်သရေ မှေးမှိန်ပါစေ....
သိက္ခာကို ဆန္ဒနဲ့ရောင်းစား
လ,သာတုန်းလေး ဗိုင်းငင်ရတာ
ပျော်စရာပါတဲ့....
ငပိစော်နံနေတဲ့ အဆိပ်သုတ်ကျည်တောက်တွေက
မပီကလာပီကလာ we are myanmar ဆိုမှတော့
ငါ့မျက်နှာ တံတွေးတွေလာစင်တာပေါ့....
အမှောင်ကို ဖြဲတယ်
ချောင်ကို တိုးတယ်
ငါမျက်ရည်ဝဲနေတဲ့ အရှေ့ကလမ်းကြမ်းဟာ
တစ်ကိုယ်လုံး အစုတ်အပြဲတွေ....
ဟေးလားဝါးလားလုပ်နေတဲ့ ကာလကာနောက်ကွယ်က
ဝင်ကစွပ်တွေ သရမ်းနေကြပုံများ
ဒါ ငါတိုင်းပြည်ကွ
အားရှိပါးရှိ အော်ပြောချင်မိရဲ့...
ခက်တာက လမ်းမတွေတောင်
ထမီ(ထမိန်)လုံအောင် မ၀တ်နိုင်ရှာတော့ဘူး...
ပြောမယ်...
ဒါဟာ ဒီမိုကရေစီ...
သဘာဝမြင်ကွင်း လှမလားလို့
တန်ဆာဆင်မိခါမှ
ခက်ဆစ်တွေရဲ့ အလှည့်အပြောင်းမှာ
မင်းတို့ ဖာ,ဖြစ်တာ
လူသိလေခြင်း...
ဟုတ်ပါတယ်...
တကယ်တော့... ဒါဟာ....
Made in Myanmar စစ်စစ်တွေပါ.....
တစ်ရာတန်တဲ့ ဘော်ပင်တစ်ချောင်းနဲ့
မစင်သုတ်တဲ့ စက္ကူတစ်ရွက်
ဖျာကြမ်းလေးပေါ် အသာတင်
ရင်ထဲမှာ အာသာပြင်းနေတဲ့သိက္ခာတွေ
အန်ချမိတယ်....
ငါ့ကဗျာပါ...
အခု...
အပျိုမစစ်တော့ဘူး....
Kသာမိုး(မန်းမြေ)
http://mckaryanlayy.blogspot.com
No comments:
Post a Comment