Apr 27, 2018

နင့်​ရဲ့ရယ်​​မော​ပျော်​ရွှင်​သံ​တွေရဲ့ နံရံတစ်​ဖက်​ခြမ်းမှာ....

နင့်​ရဲ့ရယ်​​မော​ပျော်​ရွှင်​သံ​တွေရဲ့ နံရံတစ်​ဖက်​ခြမ်းမှာ....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်း​မြေ)

အ​တောင်​ပံတစ်​​ဖက်​ထဲနဲ့​တော့ ပျံသန်းလို့မရဘူး
ကမ္ဘာကြီး ၀န်ရိုး​တစ်​ခြမ်း​စောင်းသွားတာ
တစ်​ဖက်​က ဖိအား​​တွေများ​နေလို့လား....

နင်​ရဲ့ လွတ်​လပ်​စွာပျံသန်းခြင်းဆိုတဲ့​ခေါင်းစဉ်​​အောက်​က
လူသားဂီတတစ်​ပိုင်းတစ်​စမှတင်
ငါ ​သေလို့ရတယ်​....

ဘောင်​ကျဉ်းကျဉ်း​လေးထဲ
ထိုင်​​နေတဲ့ အရူးတစ်​​ယောက်​အတွက်​​တော့
ကာလာစုံမီး​တွေ​အောက်​ ရယ်​​မောသံ​တွေဟာ
ငါ့ရဲ့ စား​သောက်​ဖွယ်​ရာမှမဟုတ်​တာ....

နင့်​အတွက်​ ​ဖျော်​ထားတဲ့​ကော်​ဖီခွက်​ထဲမှာ
အေးစက်​​တောင်​ခဲ​နေတဲ့  ငါ့အ​ရေပြား​တွေပါတယ်
နင်​​ရေးလက်​စ ဒိုင်​ယာရီစာအုပ်​ထဲမှာ
တစ်​ချို့စာမျက်​နှာ​တွေက ငါ့မျက်​ရည်​​တွေစွန်း​နေတယ်​...
အမှန်​ကိုမှန်​တယ်​လို့ မထင်​တဲ့
အတ္တသမားတစ်​​ယောက်​အတွက်​​တော့
ငါဆိုတာ...
အရိုက်​နှက်​ခံ နွားတစ်​​ကောင်​သာသာ....

ငါ ညတိုင်း
အိပ်​ရာဝင်​ပုံပြင်​လို ​ပြောပြခဲ့တဲ့​​လောကနီတိက
နင့်​အတွက်​​တော့
ရယ်​စရာမ​ကောင်းတဲ့ ပြက်​လုံးတစ်​ခုလို....

ငါ နင့်​ဘ၀ကို
တစ်​ရွက်​ချင်း လှန်​ဖတ်​မယ်​....
ငါ နင့်​အ​ပေါစားကာမကို
တိုးတိုး​လေး ခံစားမယ်​.....
ရယ်​သံ​တွေပြီးရင်​ နင့်​ဆီကကျလာတဲ့မျက်​ရည်​စက်​​တွေ
ငါ ခပ်​ထုတ်​​သောက်​သုံးမယ်​......
အဲ့တာ​တွေ ပြီးသွားရင်
ငါ ဘယ်​​တော့မှမူးယစ်​​ဆေးဝါးမသုံးစွဲ​တော့ဘူး.....

Kသာမိုး(မန်း​မြေ)
http://mckaryanlayy.blogspot.com

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...