Apr 27, 2018

ငါမိုးကို မုန်းတယ်

ငါ မိုးကိုမုန်းတယ်​....
~~~~~~~~~~~~~~Kသာမိုး(မန်း​မြေ)

ထစ်​ချုန်းမိုးချိန်းသံ​တွေ ငါကြားတယ်​...
အဲ့ဒီ​ကောင်​ကြီး ငိုရင်
ငါ​​ငေး​နေတဲ့ လမ်းမက
ခေါ်သံလား....
အော်​သံလား....
မကွဲပြားတဲ့ ​ခြေရာ​တွေ
ပြည့်​.....လို့........

တိမ်​ငိုတဲ့ ​ကောင်းကင်​​အောက်
ငါ ထိုင်​တယ်​...
ပြီးရင်​ ငါလွမ်းမယ်​...
မိုးစက်​​တွေက ငါ့နံရိုးထဲအထိ
ကျို​ကြေမတက်​....

ငါရှိုက်​သွင်းလို့ ​လောင်​ကျွမ်းသွားတဲ့
ဆေးလိပ်​ဖင်​စီခံဟာ
အဲ့ဒီ သွားကိုက်​ရာ​တွေနဲ့ပဲ
သူ....ရိုး​နေပါပြီတဲ့......

စိုစွတ်​​နေတဲ့ လမ်းမက
နာကျင်​မှု​တွေ
အခုထိပဲ.....
ရသရဲ့စီး​ကြောင်း​တွေ​ပေါ် ဖမ်းဆုပ်​လို့​ကောင်းတုန်း......

မိုးချိန်းသံ​တွေ ငါကြားရတယ်​...

သူအရမ်းကြိုက်​ပါတယ်​ဆိုတဲ့ ​ကော်​ဖီခါးခါးတစ်​ခွက်
သူတို့နှုတ်​ခမ်း ချိုမြ​နိုင်​ဖို့ရာ
ငါ့ရဲ့ ရင်​ခွင်​အကျယ်​ကြီးက
အပူဒဏ်​ ခံ​ပေးရတယ်​....

အဲ့ဒီအတွက်​ မုန်းတယ်​...
ငါ မိုးကို မုန်းတယ်​...
မိုးကို ငါ ​စောက်​ရမ်း မုန်းတယ်​.....

Kသာမိုး(မန်း​မြေ)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...