May 10, 2018

ရုပ်​​သေ​နေ​သော နာဗ်​​ကြောများ

ရုပ်​​သေ​နေ​သော နာဗ်​​ကြောများ
~~~~~~~~~~~~~~~~~~~Kသာမိုး(မန်း​မြေ)

စကြာဝဠာရဲ့ ​ကျောရိုးမ​တွေမှာ
ငါ ရာစုသစ်​တစ်​ခုဆုပ်ကိုင်​ထားခဲ့
အဲ့ဒီ ၀ှီးကနဲဖြတ်​သွားတဲ့
လေတိုးသံ​တွေ​နောက်
ပုလင်းတစ်​လုံး ကျကွဲသွားတာ
ဘယ်​သူမှ မသိဘူး
အဲ့ဒီ ​သောက်​ရူးကြယ်​ကသာ
ငါ့အတွက်​ မှိန်​​နေတာ
ညတွေ မှောင်လာရင်
လကမ္ဘာကို ငါးမျှားချိတ်မှာတပ်ပြီး
ငါ့နေစွဲတွေကို မျှားမယ်
ဒီ ၂၀၁၈ မှာ
ငါ ဖာ​ထေးခဲ့တဲ့ အပ်​ချည်​မျှင်​က
ငါ့​သွေးနဲ့ ယက်​ထားတာ
လည်​ပတ်​​နေတဲ့ နာဗ်​​ကြော​တွေ
အဲ့ဒီ​နေ့ကစပြီး အသက်​မရှု​တော့တာ
ဒါဘယ်​သူ့အပြစ်​မှမဟုတ်​ဖူး
ရာစု​ဟောင်းက ပန်း​ခြောက်​​တွေ
ဖုန်​မှုန့်​​တွေခါပြီး ပုဝါပါးအုပ်
ဒီအတိုင်း​လေးပဲ ငါ
ဆက်​ငိုမယ်.....

Kသာမိုး(မန်း​မြေ)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...