Apr 2, 2018

ဒီညမှာ ငါဟာ ​ဂရမ်းပြာ​သောက်​ပြီး မူးမယ်

ဒီညမှာ ငါဟာ ​ဂရမ်းပြာ​သောက်​ပြီး မူးမယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~ Kသာမိုး(မန်း​မြေ)

စိတ္တဇနာမ်​​ကို လွှမ်းခြုံထားတဲ့နံရံ
ပင့်​သက်​​တွေကို လာလာ​ဆောင့်​​တော့
ဟော့ဒီ ရင်​ဘတ်​ကြီးက
တဆစ်​ဆစ်​ နာလာတယ်​....

ငါပျင်းတိုင်း နား​ထောင်​​နေကျ
Valentine သီချင်း​တွေ
အရင်​​က​လောက်​ နားဝင်​မချို​တော့ဘူး...

KTV မှာ လွမ်းချင်းဟစ်​​နေလို့
ငါ့ Tone Color ​​တွေလဲ
ခြုံးပွဲချ ငိုယို​နေကြပြီ....

ငါ အရက်​​သောက်​ပြီးမူးတိုင်း
ဝရံတာမှာ နင်​မျက်​နှာ​ပေါ်​ပေါ်လာတယ်
အိပ်​ခန်းပြင်​မှာ ဖွာလန်​ကြဲ​နေတဲ့
သွေးစက်​တိုင်းမှာ နင်​နှုတ်​ခမ်းနီရာ​တွေ
ထည့်​ထားတယ်​....

ဒီည
ငါ
ဂရမ်းပြာ​သောက်​ပြီး မူးမယ်​...

သမိုင်းစာမျက်​နှာ​ပေါ်က ဒဏ်​ရာ​တွေ
အနာရင်းလာ​တော့
လမ်းထိပ်​က ဘုံဆိုင်​အသွား
နေရာတိုင်းမှာ ​ခြေသံ​တွေဝိုးတ၀ါးနဲ့

အမ​ရေ
ကျွန်​​တော်​ မျက်​ရည်​တစ်​လုံး​လောက်
ပါဆယ်​ဆွဲချင်​လို့ပါ​ဗျာ....

Kသာမိုး(မန်း​မြေ)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...