Mar 31, 2018

အောင်​​ကျော်​ချမ်း​အေး မန္တ​လေး

အောင်​​ကျော်​ချမ်း​အေး မန္တ​လေး
~~~~~~~~~~~~~~~~~~~ Kသာမိုး (မန်း​မြေ)

အော်​မ​နေနဲ့​တော့...
ငါတို့နဲ့ မဆိုင်​​တော့ဘူး...
ငါတို့မြို့ မဟုတ်​​တော့ဘူး....

သမိုင်းကို ​ပြေးမကြည့်​နဲ့
မြို့ထဲလမ်းမက အင်္ဂါ​တွေချို့ယွင်းလာပြီ....

ကျုံး​ဘေးက ဂလုံ ဂလွမ်​ အသံ​တွေ
စည်းချက်​ညီလို့
ဒီအချိန်​​တွေ လွန်​ရင်
လက်​တင်​​ငေးခဲ့တဲ့ ကျုံးမြို့ရိုးကြီးကို
ငါ ပြန်​မြင်​ချင်​တယ်​....

မီးတိုင်​​တွေ​အောက်
ငုတ်​တုတ်​​လေးထိုင်​​နေတဲ့ ဂီတ​တွေက
မြို့ပျက်​ရဲ့ အဆင်​တန်​ဆာ...

မီးခိုး​ငွေ့​တွေကြားက ရမ္မက်​​တွေ
လောဘ​တွေပုန်​ကန်​လာရင်
ငါတို့မြို့ ​သွေးစွန်းမယ်​....

ဒီအ​ကြောင်း​တွေ ​ပြောပြီးရင်
Save Our Mandalay
Save Our Mandalay
Save Our Mandalay
ငါ သံကုန်​ဟစ်
အော်​​ပြောမယ်​......

Kသာမိုး(မန်း​မြေ)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...