သူသာ သတိရခဲ့မယ်ဆိုရင်
~~~~~~~~~~~~~~~~~ Kသာမိုး(မန်းမြေ)
အတိတ်ပုံ ရေးရေးလေးခြယ်မှုန်းထားတဲ့ဖန်းသားပြင်ပေါ်
သူ့ရုပ်လွှာလေး မြုပ်ထားတယ်...
အနားကနေ အမှတ်တမဲ့ဖြတ်သွားတဲ့ခြေရာအချို့မှာ
ငါ့နာကျင်သံ တိုးတိုးလေးထည့်ထားတယ်....
တစ်ဖက်စောင်းနင်းတက်တဲ့ ငါ့ရဲ့သ၀န်တိုစိတ်တွေမှာ
သူ့မျက်ရည်တွေ မပါဘူး....
အတု....
အတု....
အသက်ရှုသံတွေလဲ အတု...
နွေကြိုဥသြရဲ့ တွန်သံတွေလဲအတု
ပါးပြင်ပေါ်က ရေစီကြောင်းတွေလဲအတု..
အတု...အတု...အတု...
နှင်းဆီဖူးက ပွင့်အန်ကျလာတဲ့
ရနံ့အတုတွေကြား
ငါ့ရင်ခွင်ကလဲ ဟောင်းလောင်းပေါက်...
လေပေါ်ရေးတဲ့ အရုပ်တွေ
အသက်မ၀င်မှန်းသိပေမယ့်
အဲ့ဒီ ကာမဆန်တဲ့နှုတ်ခမ်းလွှာတွေကြား
ရင်ခုန်သံကို လက်ကာပြခဲ့တာ
ခက်တာက သူ...
ခုထိ အငိုမတိတ်သေးဘူး.....
ငါမက်မောခဲ့တဲ့ လမ်းကျဉ်းလေးက
ခြေရာတွေ အသက်ဝင်ခဲ့မယ်ဆိုရင်
ရှိုက်သံ တိုးတိုးလေးအောက်
တစ်ချိန်က လေညင်းလေးတွေ
ငါ ပြန်တိုးဝေ့ချင်သေးရဲ့....
ရနံ့တွေသာ ဖြာပေးလိုက်ပါ
ဝတ်လွှာတွေကြား
ငါ့အနမ်းတွေ ဖြန့်ထားပါတယ်..
တကယ်လို့သာ
သူသာ သတိရခဲ့မယ်ဆိုရင်ပေါ့....
Kသာမိုး(မန်းမြေ)
No comments:
Post a Comment